ဆိပ်ခွန်ကျေးရွာ အဖွဲ့ချုပ် ဆိုင်းဘုတ်တင်ရုံးဖွင့်ပွဲ

Thursday, May 24, 20120 မှတ်ချက်များ

သမိုင်းဝင်လွတ်လပ်ရေးတိုက်ပွဲအတွင်းက
ဗိုလ်ချုပ်အောင်ဆန်းနှင့်ဒီးဒုတ်ဦးဘချိုတို့ ရောက်ရှိခဲ့သော
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ် ဆိပ်ခွန်ရွာတွင်
အဖွဲ့ချုပ်ဆိုင်းဘုတ်တင်ရုံးဖွင့်ပွဲအခမ်းအနားကို မေလ(၂၀)ရက်နေ့
နံနက်(8း00)နာရီ အချိန်တွင် ဒေါ်မာမာဝေ၏နေအိမ်တွင်ကျင်းပခဲ့ပါသည်။

အခမ်းအနားမှူးအဖြစ် လူငယ်ကိုအောင်ခိုင်မှ ဆောင်ရွက်ပြီး
သဘာပတိဦးအောင်ရှိမှ အဖွင့်ကျေးဇူးတင်အမှာစကားပြောကြားပါသည်။ ထို့နောက်
ရွှေဘိုမြိ့နယ် အဖွဲ့ချူပ်ဥက္ကဌ ဦးတင်ဝင်း၊ လူငယ်ကွန်ယက်တာဝန်ခံ
ဦးအောင်မျိုး၊ တိုင်းစည်းရုံးရေးတွဲဖက်အတွင်းရေးမှူး ဦးမြင့်ကြည်မှ
တက်ရောက်အမှာစကားပြောကြားပြီး ဆိပ်ခွန်မှ ၈၈-မျိုးဆက်ကျောင်းသား
ဆရာဦးကျော်စိုးလေးမှ ဒီမိုကရေစီသဘောတရားများ ရှင်းလင်းပြောကြားပြီး
လူငယ်အဖွဲ့မှ ကိုဝင်းဦး(ဇင်းဇင်း)နှင့် မအိအိထွေးတို့မှလည်း
လူငယ်များပါတီတွင်းသို့ဝင်ရောက်ပြီး ဒီမိုကရေစီလှုပ်ရှားမှုတွင်
ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်ပြောကြားပါသည်။

ရေဦးမြို့နယ်မှစာရေးဆရာ ဆရာအောင်ဟိန်းမှလည်း ဒီမိုကရေစီနှင့်ပတ်သက်သော
သဘောတရားများကိုထိထိရောက်ရောက်ဟောပြောခဲ့ပါသည်။ အထူးသဖြင့်
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်များဖြစ်သော
ဦးအောင်မြင့်နှင့်ဦးပေါသောင်တို့တက်ရောက်ခဲ့ပြီး ကျောက်မြောင်း၊
ညောင်ပင်သာ၊ ပန်းရန်၊ လိပ်ချင်း၊ ဇီးကုန်းလေး၊ ခွန်တောင်းကြီး၊ ဆင့်အင်း၊
မအူပင်၊ ဇီးဖြူကုန်း၊ လက်လုပ်၊ ထူးကြီး၊ တည်ပင်၊ ရေကြည်ဝ၊ စောင်တန်း၊
သန်းတော၊ ၀ါးရုံကန် အစရှိသောရွာများအပါအ၀င် ဆိပ်ခွန်ရဲစခန်းမှ
ရဲတပ်ဖွဲ့ဝင်များ၊ စိတ်ပါဝင်စားသော ရဟန်းရှင်လူ (၁၀၀၀)ခန့်
တက်ရောက်လာကြပြီး ဒံပေါက်ထမင်းဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ပါသည်။

ထို့နောက် ဆိပ်ခွန်အမျိုးသာဒီမိုကရေစီအဖွဲ့ချုပ်လူငယ်များမှ
ရပ်ကျေးဆိုင်းဘုတ်တင်မည့်ရွာများနှင့်လည်း ဆွေးနွေးညှိုနိုင်းပြီး
လိုအပ်သည်များကို ကူညီရန်နှင့်အကြံပေးစကားများလည်း ပြောကြားခဲ့ပါသည်။
အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြီး နံနက်(၁၀း၃၀)
နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။
Myanmar News Now
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger