ရွှေလီ-မန်စံ မဟာဓာတ်အားလိုင်း ရှိ တာဝါတိုင်များအား ပြန်လည်ပြုပြင် ဆောင်ရွက်နေမှု

Thursday, May 24, 20120 မှတ်ချက်များ

ရွှေလီ-မန်စံ မဟာဓာတ်အားလိုင်း
ရှိ တာဝါတိုင်များအား ပြန်လည်ပြုပြင် ဆောင်ရွက်နေမှုကိုတွေ့ ရစဉ်
၂၀၁၂ ခုနှစ် ၊ မေလ(၁၈) ရက်နှင့် (၁၉) ရက်နေ့များတွင် KIA အကြမ်းဖက် သောင်းကျန်းသူ
များ၏ မိုင်းခွဲဖျက်ဆီးမှုကြောင့် ပျက်စီးခဲ့သည့် ၂၃၀ ကေဗွီ ရွှေလီ-မန်စံ မဟာဓာတ်အားလိုင်း
ရှိ တာဝါတိုင်များအား ပြန်လည်ပြုပြင် ဆောင်ရွက်နေမှု ပြီးစီးလုနီးနေပြီ ဖြစ်ကြောင်းသိရပါ
သည်။

အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၊ မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်းမှ ရွှေလီ-မန်စ
ံ ၂၃၀ကေဗွီ မဟာဓာတ်အားလိုင်း တာဝါတိုင်အမှတ် (၇၃) ၊ (၂၀၆ )၊ (၂၀၇) နှင့် (၂၀၈)တို့
အား ကချင်လက်နက်ကိုင် သောင်းကျန်းသူများမှ ယခုလ (၁၈) ရက် နှင့် (၁၉) ရက်နေ့များ
တွင် ဖောက်ခွဲ ဖျက်ဆီးခဲ့မှုကြောင့် ဓာတ်အားစနစ်အတွင်း လျှပ်စစ်ဓာတ်အား (၂၀၀)မဂ္ဂါဝပ်
ဓာတ်အားလျော့နည်း ပြတ်တောက်ခဲ့ပါသည်။

အဆိုပါ လျှပ်စစ်ဓာတ်အားကို အမြန်ဆုံး ပြန်လည်ပို့လွှတ်နိုင်ရေး အမှတ်(၂)လျှပ်စစ် စွမ်းအား
ဝန်ကြီးဌာနမှ ဝန်ထမ်းများအနေဖြင့် ပြုပြင်ခြင်းလုပ်ငန်းများကို ကြိုးပမ်း ဆောင်ရွက်လျှက်
ရှိရာ (၂၂-၅-၂၀၁၂) ရက်နေ့တွင် အရာထမ်းဝန်ထမ်း (၁၀)ဦး ၊ အမှုထမ်း ဝန်ထမ်း(၁၀၈)ဦး
တို့ဖြင့် တာဝါတိုင်အမှတ် (၂၀၆) နှင့် (၂၀၇)တို့အား ဖြန့်ခွဲ ပြုပြင်ခဲ့ရာ တာဝါတိုင်သို့ ချဉ်းကပ်
လမ်း ဖောက်ခြင်း ၊ ကြိုးထိန်းရန် Stay ကျင်းတူးခြင်း ၊ Earth Wire ကြိုး (၂)ချောင်း မြေပြင်တွင်
ဖမ်းထိန်းခြင်း ၊ တိုင်ဟောင်းမှ ACSR ကြိုးနှင့် Earth Wire ကြိုးပြုတ်ခြင်းလုပ်ငန်းများ (၁၀၀%)
ပြီးစီးအောင် ဆောင်ရွက်ပြီးစီးခဲ့သည့်အပြင် တာဝါတိုင်အမှတ်(၂၀၆)အား တာဝါတိုင်ဖျက်ခြင်း
လုပ်ငန်း (၁၀%) ၊ တာဝါတိုင် ဖောင်ဒေးရှင်း မြေတူးခြင်းလုပ်ငန်း (၁၀၀%) ၊ တာဝါတိုင်အမှတ
်(၂၀၇)အား တာဝါတိုင် ဖျက်ခြင်းလုပ်ငန်း (၁၀%) ၊ တာဝါတိုင် ဖောင်ဒေးရှင်းဟောင်း
ဖျက်သိမ်းခြင်းနှင့် မြေတူးခြင်းလုပ်ငန်း (၇၅%) စုစုပေါင်း လုပ်ငန်းပြီးစီးမှု (၁၀%)အား
မိုးသည်းထန်စွာ ရွာသွန်းနေသည့်ကြားမှ ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ပါသည်။

တာဝါတိုင်အမှတ် (၇၃)အားလည်း အမြန်ဆုံးပြုပြင်နိုင်ရေး နယ်မြေခံ လုံခြုံရေးအဖွဲ့များနှင့်
ပူးပေါင်းညှိနှိုင်း ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger