ပြည်မြို့တွင် ငြိမ်းချမ်းစွာ ဆန္ဒပြသူများ အရိုက်ခံရ

Thursday, May 24, 20120 မှတ်ချက်များ


ပြည်မြို့ နယ်တွင် လျှပ်စစ်မီးရရှိရေး ဆန္ဒထုတ်ဖော်ပွဲကိုတွေ့ ရစဉ်(ဓါတ်ပုံ-Myanmar News Now)
ရန်ကုန် မေ ၂၄

ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း ပြည်မြို့တွင် လျှပ်စစ်မီးရရှိရေးအတွက် မေလ ၂၂ရက်နေ့မှစ၍ ငြိမ်းချမ်းစွာ ဆန္ဒပြလျှက်ရှိရာ မေလ၂၄ရက်နေ့နံနက် ၁၀နာရီ ၁၅မိနစ်ခန့်ကဦးဆောင်ဆန္ဒပြသူများကို ရဲတပ်ဖွဲ့ဝင် ၅၀ခန့်က ၀ိုင်းဝန်းရိုက်နှက်ခဲ့ကြောင်း ယင်းအဖြစ်အပျက်ကို မျက်မြင်တွေ့ရှိခဲ့သူဖြစ်သည့်အဆိုပါ ဆန္ဒပြမှု ဦးဆောင်သူတစ်ဦးဖြစ် သူဦးပြည့်လွင်ကပြောကြားသည်။

အဆိုပါရိုက်နှိက်မှုမှာ ပြည်မြို့ဗိုလ်ချုပ်ကျောက်ရုပ်အနီး ဗဟိုမီးသတ်ရှေ့တွင် ဗီနိုင်းပိုစတာများကိုင်ဆောင်ထားသူများ အပါအ၀င် လူဦးရေ၁၅၀ခန့်ဝန်းကျင်က “မီးရရှိရေး ဒို့အရေးဟု”ပြောဆိုဆန္ဒပြနေချိန်တွင် ရှေ့တွင် ဗီနိုင်းကိုင် ဆောင်သည့် ဦးဆောင်သူများအဖွဲ့ကို ဆွဲထုတ်ပြီးရိုက်နှက်ကာ လူ၈ဦးခန့်ကို ဖမ်းဆီးသွားကြောင်း၎င်းကပြောကြားသည်။
“ရိုက်တာလူအုပ်ကို နှစ်ဖွဲခွဲပြီး၊စက်ဘီးဆိုင်ကယ်တွေကိုတားပြီးတော့ နောက်မှာကပ်လိုက်တာ၊လမ်းလျှောက်တဲ့ သူတွေပါ ဆွဲထုတ်တဲ့ပုံစံမျိုးနဲ့ရိုက်တာ”ဟုမျက်မြင်တွေ့ရှိသူအခြားသူတစ်ဦးကလည်း ပြောကြားသည်။

ဖမ်းဆီးခံရသူများထဲတွင်လူ့အခွင့်အရေးလှုပ်ရှားသူ၊ယင်းမီးရရှိရေးဦးဆောင်သူဦးကျော်ဆွေ၊ဦးမြင့်အေး(ရှေ့နေ)နှင့် NLDပါတီဝင် ဦးဝင်းလှိုင်တို့ပါဝင်ကြောင်း၎င်းကထပ်လောင်းပြောကြားသည်။
“ဘယ်ခေါ်သွားလဲမသိသေးဘူး၊လူစုခွဲတဲ့ပုံစံမျိုးနဲ့ဝိုင်းရိုက်တာ”ဟု၎င်းကဆိုသည်။

ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်းပြည်မြို့တွင် လျှပ်စစ်မီးရရှိရေးအတွက် မေလ၂၂ရက်နေ့ည၉နာရီတွင် မြို့နယ် လျှပ်စစ်ရုံးရှေ့တွင် ဖယောင်းတိုင်ထွန်း၍ဆန္ဒပြခြင်း၊ဗိုလ်ချုပ်ကျောက်ရုပ်ရှေ့တွင် ဆီမီးထွန်းခြင်းများပြုလုပ်ခဲ့ပြီး ၂၃ရက်နေ့တွင် EPC ရုံးမှ ဗိုလ်ချုပ်ကျောက်ရုပ်သို့လည်းကောင်း ယင်းမှတစ်ဆင့် ဓါတ်အားခွဲစက်ရုံအထိ လူအင်အား ၁၀၀၀နီးပါးခန့်လမ်းလျှောက်ဆန္ဒပြခဲ့ကြောင်း ဆန္ဒပြသူများထဲတွင် ပါဝင်သူတစ်ဦးကပြောကြား သည်။

ပဲခူတိုင်းဒေသကြီးအနောက်ပိုင်း ပေါင်းတည်မြို့တွင်လည်းမေလ၂၂ရက်နေ့ည၇ နာရီခန့်တွင် လူဦးရေ၃၀၀ခန့်ကဖယောင်းတိုင်မီးများထွန်း၍ ဆန္ဒပြခဲ့ကြောင်းဒေသခံများ၏ပြောကြားချက်အရ သိရသည်။
The Voice Weekly
---------------------------------------------------------
Myanmar News Now မှ ထပ်မံရရှိတဲ့ သတင်းတွေ အရ ပြည်မြို. လမ်းမတော်လမ်း
ဗဟိုမီးသတ်ေ၇ှ.တွင် ပြည်မြို. ၂၄နာရီ မီးရရှိရေးဆန္ဒပြနေသော လူစုအား
လုံထိမ်းရဲများမှယနေ့ နံက် 93း0 ခန်.တွင်ပြင်းထန်စွာရိုက်နှက်ကြရာတွင် ခေါင်းကွဲသူကွဲ ပြဲသူပြဲ ၊
အဆင်သင့်စောင့်နေသောကားပေါ်သို.ဖမ်းဆီးခေါ်ဆောင်သွားကြပါတယ်။

ယခုကဲ့သို. ဖမ်းဆီးရိုက်နှက်ရာတွင် မြို.နယ်မှုးနှင့်တကွ စခန်းမှူးများကပါ
ဝင်ရောက် လုပ်ဆောင်ခြင်းဖြစ်ပါတယ်။
အမျိုးသမီးများလည်း အဖမ်းခံရပါသေးတယ်။
ပြည်မြိုမှ လူ.အခွင့်ရေးဆောင်ရွက်နေသူ ကိုဇော်ထွန်းလည်းအဖမ်းခံလိုက်ရပါတယ်။
Myanmar News Now
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger