အကောင်းဆုံးအနေအထားနဲ့ ၆၂ လမ်း အိမ်ခြံမြေဈေးကွက် (၂)

Tuesday, May 15, 20120 မှတ်ချက်များ


ဖြိုးဝေကျော်


၆၂ လမ်းရှိ အိမ်ခြံမြေတချို့ကို တွေ့ရစဉ်။
ဓာတ်ပုံ - ဖြိုးဝေကျော်
မန္တလေးမြို့တွင်းက အိမ်ခြံမြေဈေးနှုန်းတွေနဲ့ ပခုံးချင်းယှဉ်နိုင်လာတဲ့
၆၂ လမ်းပေါ်က အိမ်ခြံမြေဈေးနှုန်းတွေဟာ ယခုအခါ တကယ့် နေရာကောင်းတွေဆို မြို့တွင်းဈေးကွက်ကတောင် လိုက်မမီ နိုင်တဲ့ အနေအထားမျိုး ရှိနေပါတယ်။
ဒါဟာအခုမှသာ တစ်ဟုန်ထိုးကောင်း လာတဲ့ ဈေးကွက်မဟုတ်ဘဲ ၆၂ လမ်း အိမ်ခြံမြေဈေးကွက်ဟာ သူစတင်ဖြစ် တည်လာခဲ့တဲ့ ၁၉၈၀ ပြည့်နှစ်ဝန်းကျင် ကနေ အခုအချိန်အထိ နှစ်ပေါင်း ၃၀ ကျော်ကာလ တစ် လျှောက် အကျိုးအမြတ် ကောင်းကောင်းပေး နိုင်တဲ့ ဈေးကွက် အဖြစ် ရပ်တည်လာခဲ့ တာပဲဖြစ်ပါတယ်။
မြောက်ဘက်မှာ နန်းရှေ့ဈေးကို ကျော်လွန်ပြီး တောင်ဘက်မှာ စက်မှုဇုန် အတွင်းအထိ ရောက်အောင် ရှည်လျား တဲ့ ၆၂ လမ်းမှာ အကောင်းဆုံး အကွက် အကွင်းအဖြစ် သိပ္ပံလမ်းကနေ စက်မှုဇုန် အ၀င်လမ်းဖြစ်တဲ့ အင်းခရုလမ်းဆုံ အတွင်းက အိမ်မြေဈေးကွက်ကို ညွှန်းရ ပါလိမ့်မယ်။
အဲဒီအပိုင်းအတွင်းမှာပဲ နှစ်ပိုင်းခွဲခြားပြောရမယ့် အနေအထား မျိုးရှိနေပါတယ်။
"၆၂ လမ်းမှာ သိပ္ပံလမ်းနဲ့ မနော်ဟရီ လမ်းကြားက အကွက်အကွင်းဟာ ဈေး နှုန်း အကောင်းဆုံး၊ အလားအလာ အရှိဆုံးပါပဲ။ မနော်ဟရီလမ်းရဲ့ တောင်ဘက်တစ်လျှောက်ကတော့ အကွက်အကွင်း ဒုတိယအကောင်းဆုံးပေါ့"လို့ မြို့သစ်က အိမ်မြေ အကျိုးဆောင် တွေက ပြောပါတယ်။
၆၂ လမ်းရဲ့ အိမ်ခြံမြေဈေးနှုန်းဟာ ပြီးခဲ့တဲ့ ငါးနှစ်တာကာလအတွင်းမှာ အကောင်းဆုံးနှုန်းနဲ့ မြင့်တက်ခဲ့တယ် လို့ ဆိုနိုင်ပါတယ်။
လမ်းအနေအထား ကောင်းလာတာရော၊ ၆၂ လမ်းကို ကန့် လန့်ဖြတ်တည်ရှိနေတဲ့ မနော်ဟရီလမ်း ရဲ့၊ဈေးကွက်အနေအထား မြင့်တက် လာတာကြောင့်လည်း ပါပါတယ်။
ဒါ ကြောင့် သိပ္ပံလမ်းနဲ့ မနော်ဟရီလမ်း ကြား၊ ၆၂ လမ်းပေါ်မှာ ပေ ၄၀x ပေ ၆၀ ပုံမှန် အကျယ်မြေကွက်တွေနဲ့ ပေကျယ် တွေကို အဆောက်အအုံ တန်ဖိုးမပါဘဲ ကျပ်သိန်း ၅,၀၀၀ နဲ့ ၁၀,၀၀၀ ကြားမှာ ဈေးခေါ်ကြပါလိမ့်မယ်။
"မြေဈေးကွက်က အခု ကြိုက်ရောင်း ကြိုက်ဝယ် အနေအထားမျိုးရှိပြီး အေး ပါတယ်။ ဒါပေမယ့် ၆၂ လမ်း မြေဈေး ကွက်ကိုတော့ လက်ကြီးသမားတွေက စိတ်ဝင်စားကြပါတယ်။ မြေဈေးကွက်က ငြိမ်နေပေမယ့် ၆၂ လမ်းအိမ်မြေ အကွက် အကွင်းက ရုပ်ပြလှတော့ စိတ်ဝင်စား မှုက မပြတ်ပါဘူး"လို့ အကျိုးဆောင် တွေက ဆိုပါတယ်။ သိပ္ပံလမ်းနဲ့ မနော်ဟရီ လမ်းကြား အကွက်အကွင်းဟာ အကောင်းဆုံး အ နေအထားနဲ့ ဖွံ့ဖြိုးနေသလို မနော်ဟရီ လမ်းရဲ့တောင်ဘက်တစ်လျှောက် ၆၂ လမ်း အိမ်မြေအကွက်အကွင်း ကလည်း တရိပ်ရိပ်ဖွံ့ဖြိုးလာနေပါတယ်။ "မနော်ဟရီလမ်း တောင်ဘက်မှာ လည်း ဈေးနှုန်းတွေက သိန်း ၄, ၀၀၀၊ ၅,၀၀၀ အောက် လျော့ပြီး သိပ်မခေါ်ချင် ကြတော့ဘူး။ အလားအလာက ကောင်း တော့ တော်ရုံဈေးနဲ့မထုတ်ချင်ဘဲ အမြင့် ဈေးပဲ မှန်းကြ တာပေါ့"လို့ အကျိုးဆောင် တွေက ပြောပါတယ်။
၆၂ လမ်းပေါ်က အိမ်မြေအကွက် အကွင်းကောင်းလာတာဟာ သူနဲ့နီးကပ် တဲ့ ရပ်ကွက်တွေက အိမ်မြေဈေးနှုန်းတွေ ကိုရော၊ သူနဲ့ထောင့်ဖြတ်တွေ့ဆုံ ဖြတ် သန်းနေတဲ့ အဓိကလမ်းတွေရဲ့ စည်ကား မှုကိုပါ အထောက်အပံ့ကောင်းကောင်း ပေးနိုင်ပါတယ်။ ထောင့်ဖြတ်လမ်းလို့ ဆိုရာမှာ သိပ္ပံလမ်း၊ မနော်ဟရီလမ်းနဲ့ အခုနောက်ပိုင်းမှာ အကွက်သစ်ဖြစ်တဲ့ မင်းကြီးရန်နောင်လမ်းတို့လို ရှေ့အလား အလာကောင်း နေတဲ့လမ်းတွေပါ။ "မြို့အရှေ့ဖျား ကွက်သစ်တွေကို အလုပ်လုပ်ရာမှာလည်း ၆၂ လမ်းနဲ့ ဝေးပေမယ့် သူ့ရဲ့အရှိန်က ရိုက်ခတ်မှုရှိပါ တယ်။ မနော်ဟရီလမ်းတို့၊ သိပ္ပံလမ်းတို့နဲ့ အနီးအဝေးကို လိုက်ပြီးတော့ရောပေါ့။ မြို့သစ်ရဲ့ အိမ်ခြံမြေ ဈေးကွက်မှာ ဒီလမ်း တွေက ကွန်ရက်တွေလိုဖြစ်နေပါတယ်။ ၆၂ လမ်းဟာ ၃၅ လမ်း မြောက်ဘက် တစ်လျောက်မှာလည်း ဈေးကွက် ရှိပေမယ့် သိပ္ပံလမ်းတောင်ဘက် တစ်လျှောက်မှာ ပိုကောင်းတဲ့ဈေးကွက် အဖြစ် ဆက်ရပ် တည် သွားပါလိမ့်မယ်"လို့ အကျိုးဆောင် တွေက ခြုံငုံသုံးသပ်ပါတယ်။
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger