ဘင်္ဂလားဒေ့ရှ်နှင့် ကာတာတို့ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးခဲ့

Wednesday, May 30, 20120 မှတ်ချက်များ

ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ကာတာနိုင်ငံတို့က ခေါင်းဆောင်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်တွေနဲ့ပတ်သတ်ပြီး

ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ အဲဒီလို ဆွေးနွေးမှုတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၀န်ကြီးချုပ် Sheikh Hasina နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို အလည်အပတ် ရောက်ရှိနေတဲ့ ကာတာနိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဒုတိယ၀န်ကြီး Sheikh Ahmed Bin Mohammad Jaber Al Thani တို့က ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ ၀န်ကြီးချုပ်ရုံးခန်းမှာ တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

အဆိုပါတွေ့ဆုံဆွေးနွေးမှု အတွင်းမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်း စွမ်းအင်းကဏ္ဍ၊ ဆက်သွယ်ရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနဲ့ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍတွေမှာ ကာတာနိုင်ငံက ထောက်ပံ့မှုတွေရရှိဖို့ မျှော်လင့်ကြောင်း၊ ကမ္ဘာလှည့်ခရီးသည်တွေ လာရောက်ရာ Cox's Bazar မြို့ လေဆိပ်တစ်ခု တည်ဆောက်ရေး အပါအ၀င် အခြားအခြေခံ အဆောက်အအုံဖွံ့ဖြိုးရေးကို ကာတာ အစိုးရက ထောက်ပံ့ပေးစေလိုကြောင်း ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။ ကာတာ ၀န်ကြီးကလည်း ဘင်္ဂလားဒေ့ရှ်-ကာတာ နှစ်နိုင်ငံဆက်ဆံရေးကို ကုန်သွယ်ရေးနဲ့ အခြေခံအဆောက်အအုံဆိုင်ရာ ရင်းနှီးမြုပ်နှံမှုတွေကနေ တဆင့် ခိုင်မြဲစေဖို့ စိတ်အားထက်သန်လျက် ရှိကြောင်း ပြန်လည် ပြောကြားခဲ့တယ်လို့ သိရပါတယ်။

Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger