မအေတူ ဖအေကွဲညီကို အချင်းချင်း ရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွား

Wednesday, May 30, 20120 မှတ်ချက်များ


ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံဆိပ်ကမ်း မြို့နယ် အတွင်း၌ မိခင် ဆီမှ အရက်ဖိုးတောင်းရာ မိခင်က မပေးသဖြင့် ဓားဖြင့်ခုတ်ရာမှ မအေတူ ဖအေကွဲ ညီအစ်ကို အချင်းချင်း လူသတ်မှု တစ်ခုဖြစ်ပွားခဲ့ ကြောင်း သိရသည်။
ဖြစ်စဉ်မှာ တင်နိုင်ဦးမှ မိခင်ဆီမှအရက်ဖိုးတောင်းရာ မိခင်က မပေးသဖြင့် မိခင်အား ဓားမဖြင့်ခုတ်ရာ ဦးခေါင်းဝဲဘက် ပြတ်ရှ ဒဏ်ရာရရှိခဲ့ပြီး တင်နိုင်ဦးနှင့် မအေတူ ဖအေကွဲများဖြစ်သော ချစ်ကိုကိုနှင့် လင်းဇော်ထက်တို့က မကျေနပ်၍ တင်နိုင်ဦးအား သုံးမြှောင့်စကေတာ သံတုတ်ဖြင့် ဝိုင်းထိုးခုတ်ရာ ပြတ်ရှဒဏ်ရာ များရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး ပြစ်မှုကျူးလွန် သူ နှစ်ဦးအား အရေးယူပေးပါရန် မိခင်ဖြစ်သူဒေါ်ညိုကလှိုင်သာ ယာရဲစခန်းသို့ တိုင်တန်းထားကြောင်း သိရသည်။
အမှုနှင့် ပတ်သက်၍ ဒဂုံဆိပ်ကမ်းရဲစခန်း (ပ) ၁၈၁/၁၂ ပုဒ်မ-၃၀၂/၁၁၄ ဖြင့် အမှုဖွင့်ပြီး ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေး စုံစမ်းလျက်ရှိကြောင်းသိရသည်။

ဘုန်းမြတ်
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger