ပြည်မြို့ခံ ၆ ဦးကို ရိုက်နှက် ဖမ်းဆီးသူ များအား တရားစွဲဆိုရန်စီစဉ်လျှက်ရှိ

Wednesday, May 30, 20120 မှတ်ချက်များ

လျှပ်စစ်မီး ၂၄ နာရီ ရရှိရေး ဖယောင်းတိုင်မီးထွန်း ဆန္ဒဖော်ထုတ်ကြသည့် ပြည်မြို့ခံများအနက် ရဲအရာရှိများ၏ ရိုက်နှက်ဖမ်းဆီးခြင်းခံခဲ့ရသူ ၆ ဦးမှ မိမိတို့အား ရိုက်နှက်ရန် အမိန့်ပေးသူများအပါအ၀င် တာ ၀န်ရှိသူများအား ဥပဒေကြောင်း အရ ထိထိရောက်ရော် တရားစွဲဆိုသွားရန် စီစဉ်လျှက်ရှိကြောင်းသိရသည်။

““ ကျွန်တော်တို့ကိုရိုက်ဖို့အမိန့်ပေးတဲ့ ခရိုင်ရဲမှူး ဦးသောင်းဝင်း၊မြို့နယ်မှူးအောင်ဇော်ထက် အပါအ၀င် တာဝန်ရှိသူတွေကို ကျွန်တော်တို့ တရားစွဲဆိုသွားမှာပါ”” ဟု ရိုက်နှက်ဖမ်းဆီးခြင်းခံခဲ့ရသူတစ်ဦးဖြစ်သည့် ဦး ကျော်ဆွေကပြောပေါ်ပြူလာနယူးစ်မှဖုန်းဖြင့် ဆက်သွယ်မေးမြန်းစဉ်ပြောကြားသည်။
တရားစွဲဆိုရန်ကိစ္စရပ်အား ဥပဒေကြောင်းအရ ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရန်စီစဉ်သွားမည်ဖြစ် ပြီး အကူအညီပေးနိုင်မည့် အဖွဲ့အစည်းအားလုံးကိုလည်း အကူအညီတောင်းခံသွားမည်ဖြစ်ကြောင်း ၄င်းက ပြောသည်။

““ ကျွန်တော်တို့ကို ရိုက်နှက်ဖမ်းဆီးဖို့ ဘယ်သူကအမိန့်ပေးတာလဲ။ နိုင်ငံတော် သမ္မတ ကပေး တာလား၊ အဲဒါဆိုကျွန်တော်လက်ခံတယ်။ အဲလိုမဟုတ်ဘဲ ဘယ်သူမှ အမိန့်မပေးဘဲ ကိုယ့်သဘောနဲ့ကိုယ် လုပ်တယ်ဆိုရင် ကျွန်တော်မကျေနပ်နိုင်ဘူး။ ဥပဒေရဲ့အထက်မှာ တစ်ယောက်ယောက်ရှိနေတာမျိုးဖြစ်နေ တာကို လက်မခံနိုင်လို့ တရားစွဲဆိုမှုကို မဖြစ်ဖြစ်အောင်လုပ်ဖို့ဆုံးဖြတ်ထားတာပါ”” ဟု ရိုက်နှက်ဖမ်းဆီးခံရ သူများတွင် အဆိုးရွားဆုံး ကြုံတွေ့ခဲ့ရသူ ကိုဖိုးဖြူကပြောသည်။

အဆိုပါကိစ္စရပ်သည် လုံးဝမဖြစ်သင့်သည့် ကိစ္စရပ်ဖြစ်ပြီး ဒီမိုကရေစီသို့သွားနေသည့် လမ်းကြောင်း တွင် ယခင်စနစ်ဟောင်း စနစ်ဆိုး၏ အမွေအနှစ်များကျန်ရှိနေခြင်းမှာ လက်ခံနိုင်ဖွယ်ကိစ္စရပ်မဟုတ်ကြောင်း တရားဥပဒေစိုးမိုးရေးသည့် အစိုးရအဖွဲ့အစည်းတစ်ရပ်အဖြစ် ပြည်သူ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင် လိုအပ်ကြောင်း နိုင်ငံရေးရာ ကျွမ်းကျင်သူအချို့ကအဆိုပါကိစ္စနှင့်ပတ်သက်၍ သုံးသပ်သည်။

ပြည်မြို့တွင် လျှပ်စစ်မီး ၂၄ နာရီ ရရှိရေး ဖယောင်းတိုင်မီးထွန်း ဆန္ဒဖော်ထုတ်မှုအား မေလ ၂၃ ရက် ကစတင်ခဲ့ပြီး ယင်းကဲ့သို့ ဆန္ဒဖော်ထုတ်မည့်အကြောင်း သက်ဆိုင်ရာဌာနများသို့ ဧပြီလ ၁၀ ရက်က စတင်ပြီး အကြောင်းကြားစာတင်ခဲ့ကြောင်း၊ ဧပြီလ ၆ ရက်တွင် မ.ယ.က အဖွဲ့အစည်းမှ နည်းဥပဒေ မရှိသေးသည့် အတွက် ဆန္ဒဖော်ထုတ်ခွင့်အားငြင်းပယ်ခဲ့ကြောင်း ၊ ဧပြီလ ၉ ရက်တွင် ဆန္ဒဖော်ထုတ်ခွင့်အကြောင်းကြားစာ အားထပ်မံတင်ပြခဲ့ပြီး တစ်လခွဲကြော်ကြာ အကြောင်းမပြန်သည့်အတွက် မေလ ၂၃ ရက်တွင် စတင်ဆန္ဒဖော် ထုတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ဉာဏ်လင်းအောင်-Popular Myanmar News Journal
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger