ကမ္ဘာ့နိုင်ငံ အနည်းငယ်မှာ မြောက်ကိုရီးယား နိုင်ငံသို့ ဇိမ်ခံ ပစ္စည်းများနှင့် အလားအလာ ရှိသည့် ဒုံးလက်နက် အစိတ်အပိုင်းများကို ခိုးသွင်း နေကြကြောင်း
ကုလသမ္မဂ္ဂမှ ပြောလိုက်ကာ လုံခြုံရေး ကောင်စီ၏ ပိတ်ဆို့ အရေးယူမှုကို ချိုးဖောက်သည့် လုပ်ရပ်တစ်ခု ဖြစ်ကြောင်းလည်း ပြောသည်။
ကျွမ်းကျင်သူများဖြင့် ဖွဲ့စည်းထားသည့် အဆိုပါ ကုလသမ္မဂ္ဂ စည်းကြပ်သူများ အဖွဲ့မှာ မြောက်ကိုရီးယား နိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှုများကို မည်ကဲ့သို့ ပြုလုပ်ခဲ့ပြီးကြောင်း တင်ပြထားသည့် အစီရင်ခံစာများကို စစ်ဆေးစဉ် အတွင်း ယခုလို ထွက်ပေါ်လာခြင်း ဖြစ်သည်။အဆိုပါ အစီရင်ခံစာ အရ မြောက်ကိုရီးယား နိုင်ငံသို့ ဂျပန်မှ စန္ဒယားများ တင်ပို့ခဲ့ကာ ဥရောပမှ ဇိမ်ခံ ရွက်သင်္ဘောများကို ဝယ်ယူရန်လည်း စီစဉ်ခဲ့ကြောင်း ဖော်ပြသည်။ အလားတူပင် မြောက်ကိုရီးယား နိုင်ငံ အတွင်းတွင် ဒုံးလက်နက် အဖြစ် ပြောင်းလဲ အသုံးချနိုင်မည့် ပစ္စည်း အစိတ်အပိုင်းများကိုလည်း ထောက်ပံ့မှု ပြုခဲ့သည် နိုင်ငံများ ရှိကြောင်း ဖော်ပြခဲ့သည်။
အဆိုပါ စာရင်းက တိုက်ကြီးများကို ကျော်ဖြတ် ပစ်ခတ်နိုင်သည့် ဒုံးလက်နက်များကို တင်ဆောင်သည့် ယာဉ်များကို တရုတ် နိုင်ငံမှ ဝယ်ယူခဲ့ပုံ ရသည်ဆိုသည့် စွပ်စွဲချက်ကိုလည်း စစ်ဆေးသွားမည် ဖြစ်ကြောင်း ဖော်ပြခဲ့ကာ ယင်းယာဉ်များမှာ ယခင်လက ပြုလုပ်သည့် စစ်ရေး ပြပွဲတွင် ပြသသွားခဲ့ခြင်း ဖြစ်သည်။ အလားတူပင် ယင်းအစီရင်ခံစာ၌ မြောက်ကိုရီးယားတို့မှ ယခင်လက ပြုလုပ်ခဲ့သည့် မအောင်မြင်သော ဒုံးပျံ စမ်းသပ်မှု အတွက် စိုးရိမ်မှုများ ဖြစ်နေရကြောင်း ဖော်ပြခဲ့သည်။ ထို့ကြောင့် ကုလ အဖွဲ့ဝင် နိုင်ငံများ အနေဖြင့် သယ်ယူ ပို့ဆောင်ရေးနှင့် ပတ်သက်ပြီး စုံစမ်း စစ်ဆေးမှုများကို ပြုလုပ်ရန်လည်း ယင်းအစီရင်ခံစာတွင် ထည့်သွင်း ပြောကြား သွားခဲ့သည်။
source : NHK news

Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။