သက်ကြီး ပင်စင် ပေးအပ် နိုင်ရန် လေ့လာမှုများ ပြုလုပ်နေ

Thursday, May 17, 20120 မှတ်ချက်များ

ပြည်တွင်း မှာရှိတဲ့ အလုပ် မလုပ်နိုင် တော့တဲ့ သက်ကြီး ရွယ်အို တွေကို ထောက်ပံ့မှု တစ်ခု အနေနဲ့ သက်ကြီး ပင်စင် ပေးနိုင်ဖို့ကို လိုအပ်ချက်တွေ အတွက်

လေ့လာမှုတွေ ပြုလုပ် နေတယ်လို့ လူမှုဝန်ထမ်း ဦးစီးဌာနမှ တာဝန်ရှိသူ ပြောကြားချက် အရ သိရပါတယ်။ နိုင်ငံတကာမှာ အခုလို သက်ကြီး ရွယ်အို ထောက်ပံ့မှုတွေ အတွက် ပင်စင်ငွေ ပေးအပ်မှုတွေ ရှိနေပြီ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ပြည်ပ နိုင်ငံတွေ နည်းတူ ပြည်တွင်း မှာလည်း လုပ်ဆောင် နိုင်အောင် စီစဉ် နေတာ ဖြစ်ပါတယ်။

အဲ့ဒီလို စီစဉ်ရာမှာ လက်ရှိ မှာတော့ နိုင်ငံတကာ လုပ်ဆောင် မှုတွေနဲ့ ပြည်တွင်းက လိုအပ်ချက်တွေကို ဆာဗေး ကောက်ယူကာ လေ့လာ လျက်ရှိနေတာ ဖြစ်ပါတယ်။ ဒီလို လေ့လာမှုတွေ ပြီးသွားရင်တော့ သက်ဆိုင်ရာ တာဝန်ရှိ အကြီးအကဲ တွေထံ တင်ပြပြီး နိုင်ငံတော်ရဲ့ ဘဏ္ဍာရေး အခြေအနေ အရ ပေးအပ်ဖို့ ဆောင်ရွက် ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် လာမယ့် ဇွန်လ ဒုတိယပတ် မှာလည်း နေပြည်တော်ရှိ MICC ခန်းမမှာ Social Production Product ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲ တစ်ခုကို ပြုလုပ် သွားမှာ ဖြစ်ပါတယ်။ အဲ့ဒီ ဆွေးနွေးပွဲ မှာလည်း လက်ရှိ စီစဉ် ကြိုးပမ်းနေတဲ့ သက်ကြီး ရွယ်အို ပင်စင် ပေးအပ်နိုင်မှု ကိုလည်း ဆွေးနွေး သွားမယ်လို့ သိရပါတယ်။ အဲ့ဒီ ဆွေးနွေးပွဲမှာ ပြည်တွင်းရှိ ပညာရှင်တွေ သာမက နိုင်ငံတကာ အဆင့် ပညာရှင်တွေပါ တက်ရောက် ကြမယ်လို့ သိရပါတယ်။

Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger