နိုင်ငံတကာမှ သိပ္ပံ ပညာရှင်များ ပါဝင်သည့် သုတေသနပြု အဖွဲ့ တစ်ခုမှာ ဦးနှောက် လှိုင်းများကို အသုံးပြုပြီး လှုပ်ရှားစေခိုင်း စေနိုင်မည့် စက်ရုပ်
လက်တံ တစ်မျိုးကို တီထွင်လိုက်ပြီ ဖြစ်ကာ ကိုယ်လက်အင်္ဂါ ချို့တဲ့သူများနှင့် လေဖြတ်လေငန်း ရောဂါ ခံစားနေရသူများ အတွက် အကူအညီ ဖြစ်စေမည် ဖြစ်သည်။ ယင်းလက်ကို အမေရိကန်နှင့် ဂျာမနီမှ သုတေသန ပညာရှင်များမှ ဖန်တီးခဲ့ကာ ဗုဒ္ဓဟူး နေ့က ဗြိတိန်ရှိ Nature ဂျာနယ်တွင် ဖော်ပြခဲ့သည်။
အဆိုပါ အဖွဲ့မှာ လေးမီလီမီတာ ပတ်လည်ရှိသည့် ဦးနှောက်မှ လျှပ်စစ် လှိုင်းများကို ဖမ်းယူနိုင်မည့် ဆင်ဆာကို ထည့်သွင်းခဲ့ခြင်း ဖြစ်ကာ ယင်းမှတစ်ဆင့် လူလက်ကဲ့သို့ ပုံစံပြုထားသည့် စက်ရုပ်လက်များသို့ပို့ဆောင်ပြီး ခိုင်းစေမည် ဖြစ်သည်။ အဆိုပါ ဆင်ဆာကို အသက် ၅၈ နှစ်ရှိ အမျိုးသမီးကြီး တစ်ဦး၏ ဦးနှောက်တွင် တပ်ဆင်စေကာ ရေသောက်သည့် စမ်းသပ်မှု ပြုခဲ့ရာ၌ အောင်မြင်ခဲ့ကြောင်း သိရသည်။
ယခုလို လုပ်ဆောင်ချက်ကို ကွန်ပြူတာထဲတွင် ကြိုတင် ပရိုဂရမ် ရေးဆွဲပြီး ခိုင်းစေခြင်း ဖြစ်ကာ နည်းပညာများ ထပ်မံ ပေါင်းစပ်လိုက်ပါက ကိုယ်အင်္ဂါ ချို့တဲ့သူများ အနေဖြင့် မိမိတို့ လိုအပ်သလို ခိုင်းစေနိုင်ရန် လုပ်ဆောင်ပေးနိုင်ကြောင်းလည်း အဆိုပါ အဖွဲ့မှ ပြောသည်။ ယခုလို နည်းပညာကို လာမည့် ၅ နှစ် အတွင်း အသုံးချနိုင်ရန်လည်း အဆိုပါ အဖွဲ့မှ မျှော်မှန်းထားသည်။
source : NHK News

Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။