ယခု ပညာသင်နှစ်တွင် ကလေးဗဟိုပြု ချဉ်းကပ် သင်ကြားရေးစနစ် စတင် လုပ်ဆောင် သွားမည်

Thursday, May 17, 20120 မှတ်ချက်များ

၂၀၁၁-၂၀၁၂ ပညာသင်နှစ် ကစပြီး ကလေး ဗဟိုပြု ချဉ်းကပ် သင်ကြားရေး စနစ်ကို မြန်မာ တစ်နိုင်ငံလုံး မှာရှိတဲ့ အခြေခံပညာ မူလတန်း ကျောင်းတွေမှာ

စတင် ကောင်အထည် ဖော်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ကလေး ဗဟိုပြု ချဉ်းကပ် သင်ကြားရေး စနစ်ဟာ ကလေးများ ပါဝင် လုပ်ဆောင်မှု စွမ်းရည် မြှင့်တင် နိုင်ဖို့နဲ့ ကလေးများ ကိုယ်တိုင် ပူးပေါင်း ပါဝင် ဆောင်ရွက် လိုစိတ်ရှိဖို့ လုပ်ဆောင်တာ ဖြစ်ပြီး ရန်ကုန်တိုင်း ဒေသကြီးရှိ စီမံချက် ချထားတဲ့ မြို့နယ် ၁၅ မြို့နယ်မှာ စတင် အကောင်အထည် ဖော်ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ အမှတ် ၃ အခြေခံပညာ ဦးစီးဌာနမှ ပြောကြားချက် အရ သိရပါတယ်။

အဆိုပါ စနစ်ဟာ လက်ရှိ မူလတန်း ပညာ သင်ကြားရေး စနစ်နဲ့ ကွာခြားမှု မရှိစေဘဲ အနီးကပ် ကလေးတွေကို ပြုစု ပျိုးထောင်ဖို့နဲ့ အဆိုပါ ကလေး ဗဟိုပြု ချဉ်းကပ် သင်ကြားရေး စနစ်ဟာ အခြေခံ ပညာ မူလတန်း ကျောင်းသူ၊ ကျောင်းသား အားလုံးကို သင်ကြား ပေးသွားမှာ ဖြစ်ပြီး နှစ်တိုင်း လုပ်ဆောင် သွားဖို့ ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။

Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger