ပါရမီ ၂၃၂ ယာဉ်လိုင်းကို မေလ ၁၆ ရက်နေ့မှ စတင်ပြီး ဖျက်သိမ်း

Thursday, May 17, 20120 မှတ်ချက်များ

မော်တင် မှတ်တိုင်နဲ့ ယူဇန ဥယျာဉ် မြို့တော်ကို လမ်းကြောင်း ပြေးဆွဲနေတဲ့ ပါရမီ ၂၃၂ ယာဉ်လိုင်းကို မေလ ၁၆ ရက်နေ့မှ စတင်ပြီး ဖျက်သိမ်း လိုက်ပြီ

ဖြစ်တယ်လို့ ဗန္ဓုလ သယ်ယူ ပို့ဆောင်ရေးမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ ယာဉ်လိုင်းမှာ ပါရမီ ၂၃၂ ယာဉ်အစီးရေ ၂၃ စီးရှိတာ ဖြစ်ပြီး အဲ့ဒီယာဉ် ၂၃ စီးကို အခြား ယာဉ်လိုင်း များမှာ မေလ ၁၆ ရက်နေ့မှာပင် စတင် ပြေးဆွဲ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ ပါရမီ ၂၃၂ ယာဉ် ၂၃ စီးကို အဓိပတိ ၁၇၃ ယာဉ်လိုင်းမှာ ၅ စီး၊ ပါရမီ ၁၇၆ ယာဉ်လိုင်းမှာ ၄ စီး၊ ပါရမီ ၁၇၇ ယာဉ်လိုင်းမှာ ၄ စီး၊ ပါရမီ ၁၈၂ ယာဉ်လိုင်းမှာ ၅ စီးနဲ့ ပါရမီ ၁၈၄ ယာဉ်လိုင်းမှာ ၅ စီး စုစုပေါင်း ၂၃ စီး စလုံးကို အစားထိုး ပြေးဆွဲ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ မော်တော် ယာဉ်လိုင်းကို ဖျက်သိမ်း ရခြင်းမှာ အဲ့ဒီ ပါရမီ ၂၃၂ ယာဉ်ပြေးဆွဲရာ လမ်းကြောင်းတွင် နေရာ ဒေသအရ ပြေးဆွဲရာမှာ အခက်အခဲ ရှိသောကြောင့် ဖျက်သိမ်း လိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင် အဆိုပါ ယာဉ်တွေကို စီးပွားရေး တက္ကသိုလ်၊ ရန်ကုန် အနောက်ပိုင်း တက္ကသိုလ်နဲ့ အရှေ့ပိုင်း တက္ကသိုလ် အစရှိတဲ့ တက္ကသိုလ် ကျောင်းများကို အဓိက ပြေးဆွဲနေတဲ့ ယာဉ်လိုင်း တွေမှာ အစားထိုး ပြေးဆွဲလိုတဲ့ အတွက်လည်း ဖျက်သိမ်း လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။

Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger