ကျွန်တော်တို့၏ သွင်ပြင်လက္ခဏာ
အသားအရေအရောင်အဆင်းတို့ဟာ ကျွန်တော်တို့ရဲ့ ကျန်းမာရေး
အခြေအနေဘယ်လောက်ကောင်းမွန်သလဲဆိုတာကိုဖော်ပြနေတတ်ပါတယ်။အရေပြားဟာဆိုရင်
လူ့ခန္ဓာကိုယ် ထဲသို့ ဗိုင်းရပ်စ်များ၊ ဘက်တီးရီးယားပိုးမွှားများဝင်ရောက်မှုကို ကာကွယ်ပေးထားတဲ
့Barrier ကြီးတစ်ခု ဖြစ်ပါတယ်၊ ခြောက်သွေ့တဲ့အသားအရေဟာ အလွယ်တကူအက်ကွဲနိုင်ပြီး
ခန္ဓာကိုယ်အတွင်းသို့ ပိုးမွှားများ ၀င်ရောက်ရန်လမ်းကြောင်းသဖွယ်ဖြစ်နေနိုင်ပါတယ်။ သို့သော် ကျန်းမာနေရင်တောင်မှ အသက်ကြီး လာတာနဲ့အမျှ
ကျွန်တော်တို့ ရဲ့ အသားအရေဟာ ရှုံ့တွ လာမယ်၊ အရောင်အဆင်း မွဲခြောက်လာပြီး လျော့တိလျောရဲ
ဖြစ်လာမယ်၊ဒါတွေဟာ သဘာဝတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် ကံကောင်းထောက်မစွာနဲ့ပဲ အဲဒီလိုဖြစ်ပေါ်လာမှုတွေကို
လျှော့ချလို့ရတဲ့  နည်းလမ်း တွေလည်း ရှိပါသေးတယ်။ အားလုံးသိတဲ့ အတိုင်း အောက်ဖော်ပြပါ ဗီတာမင်၅မျိုးဟာဆိုရင်
အိုးမင်း ရင့် ရော်ခြင်းကို နှေးကွေး စေရုံ သာမကကျန်းမာရေးကိုပါထောက်အကူပြုစေနိုင်ပါတယ်။

၁။ ဗီတာမင် အီး ( vitamin E )
vitamin E ဟာ အိုမင်းရင့်ရော်ခြင်းကို
ကာကွယ်စေနိုင်တဲ့  အစွမ်းသတ္တိ အများကြီးရှိပါတယ်။၎င်းဟာ ဆိုရင်
အဆီမှာပျော်ဝင်နိုင်တဲ
့ ဗီတာမင်မျိုးဖြစ်ပြီး vitaminE cream ၊ lotion
များကို လိမ်းပေးပါက အသား အရေ မွဲခြောက်ခြင်း၊
အက်ကွဲခြင်းများကို ပြန်လည်ပြုပြင်ပေးနိုင်ပါတယ်။ ဒါ့အပြင်
နေရောင်ခြည်ထဲတွင်ရှိတဲ့ UVB(Ultraviolent B ray) ကို ကာကွယ်နိုင်တာကြောင့်
နေလှောင်ခံ ကရင်အဖြစ်လည်း အသုံးပြုနိုင်ပါတယ်။ vitamin E ဟာ ဓါတ်တိုးဆန့်ကျင်ပစ္စည်း
( anti-oxidant) ဖြစ်တဲ့ အတွက်လည်း ခန္ဓာကိုယ်အား ဆိုးကျိုးပေးသော Free radicals ခေါ်
ဓါတ်တိုးပစ္စည်းများကို လျော့နည်းစေပါတယ်။ Free radicals ဆိုတာကတော့ electron အစုံလိုက်မရှိတဲ့
မော်လီကျူးတွေ ဖြစ်ပါတယ်။ ၎င်းတို့ဟာ ကိုယ်ပိုင် electrons မပြည့်စုံတဲ့အတွက် တခြားသော
ဆဲလ်တွေဆီကနေ electron တွေကို ခိုးယူပါတယ်၊ ဒါမှမဟုတ် သူတို့ ကိုယ်တိုင် တခြားဆဲလ်အကောင်းတွေဆီကို
အတင်းတွယ်ကပ်ပြီး ဓါတ်တိုးခြင်း (oxidation) ဖြစ်စဉ်ကို ဖြစ်စေပါတော့တယ်။ ဒါကြောင့်
free radical တွေဟာ တခြားဆဲလ်အကောင်းတွေ၊ တစ်ရှုးတွေကိုပါ ပျက်စီး စေတတ်တဲ့ မကောင်းတဲ့အရာဝတ္ထုတွေ
ဖြစ်ပါတယ်။ anti-oxidant မော်လီကျူးတွေကတော့ ၎င်းတို့မှာ များစွာရှိနေတဲ့ electron တွေကို
ထို free radical တွေကို ဝေမျှပေးလိုက်ခြင်းဖြင့် ခန္ဓာကိုယ်ထဲမှာ free radical အရေအတွက်နည်းပါးသွားအောင်
စွမ်းဆောင်ပေးကြပါတယ်။

သင့်တော်တဲ vitamin E ပမာဏကိုစားသုံးခြင့်ဖြင့်
ခန္ဓာကိုယ်ထဲမှာ free radical တွေကြောင့် ပျက်စီးမှုတွေကို ကာကွယ်ပေးပါတယ်။ ဒါသာမကသေးပါဘူး
vitamin E ဟာ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေခြင်း၊ ကင်ဆာရောဂါကို ကာကွယ်ပေးခြင်း စတဲ
့အချက်တွေနဲ့လည်း ပြည့်စုံ ပါသေးတယ်။ ကိုလက်စထရောပမာဏကို လျှော့ချပေးခြင်း၊ သွေးခဲခြင်းကို
ကာကွယ်ပေးနိုင်ခြင်းတို့ကြောင့် လေဖြတ်ခြင်း၊ နှလုံးသွေးကြောပိတ်ခြင်းများကိုလည်း တားဆီးပေးပါတယ်။
vitamin E ပေါကြွယ်ဝတဲ့  အစားအစာတွေကတော့ အခွံမာအစေ့အဆန်များ၊ ဟင်းသီးဟင်းရွက်ဆီ၊ သံလွင်ဆီ၊
ထောပတ်သီး အစရှိတဲ့ အစိမ်းရောင် အသီးအရွက်တို့ဖြစ်ပါတယ်။

၂။ဗီတာမင် စီ (vitamin C )
Vitamin C ဟာလည်း anti-oxidant တစ်ခုဖြစ်ရုံသာမက ခန္ဓာကိုယ်အတွင်းမှာ
နောက်ထပ် anti-oxidantတွေကိုပါ အသစ်ထပ်မံဖြစ်ပေါ်စေတတ်တဲ့ အစွမ်းရှိပါတယ်။ lotion အနေနဲ့ လိမ်းပေးပါကလည်း
UV rays ကြောင့် အသားအရေ ပျက်စီးခြင်းကို
ကာကွယ်ပေးပါတယ်။ ခန္ဓာကိုယ်မှာဆိုရင်
collagen ဟာ အရေပြားကို ပုံဖော်ပြီး တင်းတင်းရင်းရင်းလေး ဖြစ်စေပါတယ်။ vitamin C ဟာ
collagen အသစ်ဖြစ်ပေါ်မှုကို အားပေးတဲ့ အတွက် အသားအရေဟာ တင်းတင်းရင်းရင်းဖြစ်နေပြီး နုနယ်တဲ
့ပုံစံပေါက်သွားစေပါတယ်။ ဒါ့အပြင် ဒီတွယ်ဆက် တစ်ရှုး ဖြစ်တဲ့  collagen ဟာ အနာကျက်တဲ
့နေရာမှာ အရေးကြီးတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် အနာမြန်မြန်ကျက်စေဖို့အတွက်
vitamin C ကို သုံးစွဲနိုင်ပါတယ်။ vitamin C ကြွယ်တဲ့ အစားအစာတွေ ကတော့ စတော်ဘယ်ရီ၊
သံပုရာ အစရှိတဲ့ ချဉ်တဲ့ အသီးတွေ၊ ခရမ်းချဉ်သီး၊ အာလူးနဲ့ တခြားသော အသီးအရွက်တွေပဲဖြစ်ကြပါတယ်။

၃။ ဗီတာမင် ကေ (vitamin K)
အသက်ကြိးလာတာနဲ့အမျှ မျက်လုံးရဲ့အောက်မှာ အညိုရောင် လျော့တိလျော့ရွဲ
အ၀ိုင်းပုံစံလေး ဖြစ်နေတာကို တွေ့ဖူးကြမှာပါ။ ဒီအ၀ိုင်းလေးကလည်း လူကို ပိုမိုရင့်ရော်တယ်ထင်စေရပါတယ်။
ဒီအ၀ိုင်းလေးဖြစ်ပေါ်စေတဲ့  အကြောင်းရင်းကတော
့များစွာရှိပါတယ်၊အသက်ကြီးလာရုံ၊ အိပ်ရေးပျက်ရုံနဲ
့တင်မကပါဘူး ဟော်မုန်းနဲ့  ဓါတ်မတည့်မှုနဲ့ မျိုးရိုးလိုက်မှုတွေကြောင့်လည်း ဒီလိုမျိုး
အ၀ိုင်းလေးဖြစ်ပေါ်စေတတ်ပါတယ်။ မျက်လုံး ပတ်ပတ်လည်မှာရှိတဲ့ သွေးကြောမျှင်လေးတွေ ပေါက်ထွက်မယ်ဆိုရင်လည်း
ဒီလို အ၀ိုင်းလေးမျိုး ဖြစ်စေတတ်ပါတယ်။ vitamin K ဟာ မျက်လုံးအောက်က သွေးကြောမျှင်လေးများပေါက်ထွက်ခြင်းကို
ကာကွယ်ပေးခြင်းဖြင့် အဲဒီလို အ၀ိုင်းမျိုးမဖြစ်အောင် အပြည့်အ၀မဟုတ်ပေမယ့် အနည်းငယ်မျှ
တားဆီးပေးနိုင်တယ်လို့ သုတေသီတို့က ယူဆကြပါတယ်။ vitamin K ဟာ အသက်ကြီးလာလို့ အရိုးများ
မသန်စွမ်းခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါသေးတယ်။ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်အစာလမ်းကြောင်းရှိ
ဘက်တီးရီးယားများကနေ vitamin K ကိုထုတ်လုပ်နိုင်စွမ်းရှိပါတယ်။
vitamin K ကြွယ်ဝတဲ့  အစား အစာတွေကတော့ ဆလတ်ရွက်၊ brocoli ခေါ် ပန်းမုန်လာအစိမ်းတို့
ဖြစ်ပါတယ်။

၎။နိုင်ရာစင် (Niacin)
Vitamin B3 တစ်ခုဖြစ်တဲ့နိုင်ရာစင်ဟာဆိုရင်လည်း အိုမင်းရင့်ရော်ခြင်းကို
ကာကွယ်ပေးပါတယ်။ နိုင်ရာစင်ဟာ အသားအရေကို စိုပြေစေပါတယ်။ စိုပြေနေတဲ့ အသားအရေဟာ ကျန်းမာသန်စွမ်း
နုပျိုနေရုံတင်မကပါဘူး၊ အသားမွဲခြောက်လို့
ဘက်တီးရီးယားတွေ ဗိုင်းရပ်စ်တွေ မ၀င်အောင်လည်း
ကာကွယ်ပေးနိုင်ပါတယ်။ နိုင်ရာစင် ဓါတ် လျော့နည်းနေခြင်းကြောင့် အသားအရေမွဲခြောက်နေတတ်ပါတယ်။
နိုင်ရာစင်ဓါတ်ဟာ အရေပြားရှိဆဲလ်အသေများကိုကွာကျစေပြီး ဆဲလ်အသစ်များကို အရေပြား မျက်နှာပြင်ပေါ်သို
့ ရောက်ရှိစေပါတယ်။ဒါ့အပြင် ခန္ဓာကိုယ်အတွက် မကောင်းတဲ့ ကိုလက်စထရောတွေကို လျော့နည်းစေပြီး ခန္ဓာကိုယ်အတွက်
ကောင်းမွန်တဲ့  HDL ကိုလက်စထရောကို များစေနိုင်တဲ့ အတွက် သွေးကြောနံရံမှာ အဆီစုပြီး သွေးကြောကျဉ်းစေတာကို
ကာကွယ်ပေးပါတယ်။ နိုင်ရာစင် ကြွယ်ဝတဲ့ အစားအစာတွေကတော့ အသားငါး ကလီစာများ၊ ကြက်ဥ၊ မြေပဲနဲ့
ပေါင်မုန့်တို့ပဲ ဖြစ်ပါတယ်။

၅။ဗီတာမင် အေ (vitamin A)
vitamin A cream ဟာဆိုရင် နေရောင်ခြည်ဒဏ်ကြောင့် အရေပြားပျက်စီးတာကို
ကယ်ကွယ်ပေးပါတယ်။ anti-oxidant အနွယ်ဝင် vitamin A ဟာဆိုရင် အရေပြား ရှုံ့တွခြင်း၊ အရေးအကြောင်းများပေါ်ခြင်းကို
ကာကွယ်ပေးပါတယ်။
ဒါ့အပြင် ညအခါအမြင်ေ၀၀ါးခြင်း(ကြက်မျက်သင့်ခြင်း)နှင့် အသက်ကြီး၍
အရိုးပွခြင်း
ကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ တစ်ခုသတိထားရမှာကတော့ ခန္ဓာကိုယ်အတွင်း vitamin A ပမာဏ
လွန်ကဲပါကလည်း အရိုးကျိုးလွယ်စေ တတ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ လိုအပ်ထက်ပမာဏထက်ပိုလျှံပါက
ဘေးဥပဒ်ဖြစ်စေတဲ့ အတွက် မိမိသဘောနဲ့ မိမိ vitamin A ဆေးဝါးများ မှီဝဲခြင်း မပြုလုပ်သင့်ပါဘူး။
viamin A ကြွယ်ဝတဲ့ အစားအစာတွေကတော့ မုန်လာဥနီ ၊ဟင်းနုနွယ်နှင့် အစိမ်းရင့်ရောင်ရှိ
ဟင်းသီးဟင်းရွက်များ၊ အာလူး၊ ကြက်ဥအနှစ်နဲ့ အသဲတို့ ဖြစ်ပါတယ်။

အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ဖို့အတွက် အထက်ပါ
ဗီတာမင် ၅မျိုးကို နေ့စဉ်စားသုံးတဲ့  အစားအစာတွေကနေ
ရရှိနိုင်ပါတယ်။လိုအပ်မယ်ဆိုရင်လည်း ဖြည့်စွက်ဆေးဝါးများက
အထောက်အက ပြုနိုင်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်အတွင်း free radical တွေများပြားစေနိုင်တဲ့
ဆေးလိပ် သောက်ခြင်း၊ လေထုညစ်ညမ်းသော နေရာများနှင့် ဓါတ်ရောင်ခြည်သင့်သော နေရာများကို
ရှောင်ရှားပါ။ အပူရှိန်ပြင်းသော နေရောင်အောက်သွားသောအခါ ထီး၊ဦးထုပ် အကာအကွယ်သုံးပါ၊
နေရောင်ဒဏ်ကာကွယ်နိုင်သော SPF cream များကို အသုံးပြုပါ။ ဒေါသတရား ရှေ့မထားပါနှင့်။
စိတ်ထောင်းတော့  ကိုယ်ကြေ၊ စိတ်ပျိုတော့ ကိုယ်နုဆိုသလို မေတ္တာတရားပွါးများပြီး stress
နည်းပါးအောင် နေထိုင်မယ်ဆိုရင် အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးနိုင်ပါကြောင်း
ရေးသား လိုက်ရပါတယ်ခင်ဗျာ။

-အောင်အောင်
( မှတ်ချက်= တန်ဆေးလွန်ဘေးဆိုတဲ့ အတိုင်း တနေ့တာ ဗီတာမင် လိုအပ်ချက်နှင့် မိမိတို့ စားသုံးတဲ့ အစားအစာပေါ်မူတည်ပြီးမှသာ
ဗီတာမင်ဆေးဝါးများကို စားသုံးဖို့ အကြံပြုချင်ပါတယ်။
အသေးစိတ်ထပ်မံသိလိုပါက မည်သူမဆို လွတ်လပ်စွာ အခမဲ့ ဆွေးနွှေးနိုင်ပါတယ်ခင်ဗျာ.. :P)

Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။