ကျပ်နှစ်သိန်းဖြင့် ရောင်းချနေသော GSM ဖုန်းများ၊နှစ်သိန်းခွဲတန် WCDM ဖုန်းများကို အာမခံပေးသူ မလိုပဲ
မေလ ဒုတိယပါတ်မှ စတင်ကာ အရစ်ကျ ရောင်းချ ပေးမည်ဖြစ်ကြောင်း
၎င်းတို့နှင့် ချိတ်ဆက် ဆောင်ရွက် နေသည့် ထူးကုမ္ပဏီပိုင် အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်
ယခင်က အရစ်ကျ စနစ်ဖြင့် ရောင်းရာတွင် ဘဏ်စာရင်း ရှိသူက အာမခံပေးမှသာ
ဝယ်ယူနိုင်သော်လည်း ယခု လူတိုင်း ဖုန်းကိုင် စေချင်သည့် ရည်ရွယ်ချက်ဖြင့် ပုလဲကွန်ဒိုရှိ E-liteရုံးချုပ်၊ ကမာရွတ်နှင့်လမ်းမတော်ဘဏ်ခွဲ တို့တွင် လူတစ်ဦးလျှင် ဖုန်းတစ်ကတ်ဖြင့် လျှောက်ထားနိုင်မည် ဖြစ်ကြောင်း
၎င်းကရှင်းပြသည်။
ယင်းဘဏ်တွင် အရစ်ကျစနစ်ဖြင့် ၀ယ်ယူရာ၌ လူတစ်ဦးချင်းဆိုပါက ''မှတ်ပုံတင်၊ သန်းခေါင်စာရင်း၊ ရပ်ကွက်တွင် နေထိုင်ကြောင်း ထောက်ခံစာ တို့လိုအပ်ပြီး အဖွဲ့အစည်းဆိုပါက အရေအတွက် ပေါ်မူတည်ပြီး ဘဏ်တွင် ညှိနှိုင်းနိုင်ပြီး E-lite ဖုန်းဆိုင်မှာ ဓါတ်ပုံ၂ပုံ၊ မှတ်ပုံတင်မိတ္တူ၊ သန်းခေါင် စာရင်း မိတ္တူနှင့် ကနဦး ပေးသွင်းငွေများ လိုအပ်ကြောင်း E-lite ကုမ္ပဏီမှ အရစ်ကျစနစ်အတွက်တာဝန်ရှိသူ ဒေါ်နွေးနွေးလဲ့ထွန်း က ပြောကြားသည်။
ကျပ်နှစ်သိန်း GSM ဖုန်းများကို ခြောက်လ (သို့မဟုတ်) တစ်နှစ်အတွင်းအကြေဆပ်နိုင်ပြီး ခြောက်လအတွင်းဆပ်မည်ဆိုလျှင် နှစ်သိန်း ကိုးထောင်ကျပ် ကျသင့်ပြီး ကနဦးငွေ ၄၉၀၀၀ကျပ် ပေးသွင်းရမည် ဖြစ်ကြောင်း၊ တစ်နှစ်အတွင်း ဆပ်လျှင်
နှစ်သိန်း တစ်သောင်း ခြောက်ထောင်ကျပ် ကျသင့်ပြီး ကနဦးငွေ ၅၆ ၀၀၀ ကျပ်နှင့် ကျန်ငွေကိုလစဉ်ပေးသွင်း ရမည် ဖြစ်ကြောင်း ၎င်းတို့ထံမှ စုံစမ်းသိရှိရသည်။
ကျပ်နှစ်သိန်းခွဲတန် WCDMA ဖုန်းများကို ခြောက်လ(သို့) တစ်နှစ် အတွင်း အကြေ ဆပ်နိုင်ပြီး ခြောက်လအတွင်း ဆပ်လျှင် နှစ်သိန်း ခြောက်သောင်း တစ်ထောင်ကျော် ကျသင့်ပြီး ကနဦး ပေးသွင်းငွေ ၆၁၂၅၀ ကျပ်ပေးသွင်းရပြီး တစ်နှစ်အတွင်းဆပ်လျှင် နှစ်သိန်းခု နှစ်သောင်း ကျသင့်ပြီး ကနဦးပေးသွင်းငွေ ၇၀၀၀၀ နှင့် ကျန်ငွေကို လစဉ်ပေးသွင်းရမည်ဖြစ်ကြောင်း ၎င်းတို့ထံမှသိရသည်။
"အရစ်ကျစနစ်နဲ့ နည်းနည်းချင်း ပေးရမယ် ဆိုတာတော့ ကောင်းတယ်လေ၊ လစာပုံမှန်ရတဲ့ သာမန် လူတန်းစား အတွက် ကောင်းတာပေါ့၊ ဖုန်းဈေးနှုန်းတွေကိုတော့ ဒါထပ် ပိုပြီးကျလာစေချင်တယ် " ဟု အရစ်ကျစနစ်ဖြင့် ဖုန်းဝယ်ယူရန် စုံစမ်းနေသည့် အသက် ၂၈နှစ်အရွယ် အမျိုးသမီး ကုမ္ပဏီဝန်ထမ်းတစ်ဦးက ပြောကြားသည်။
ယခင်ကဖုန်းများကို အရစ်ကျ စနစ်ဖြင့် ရောင်းချရာတွင် ရန်ကုန်မြို့တော်တွင်းရှိ နာမည်ကြီး ဖုန်းအရောင်းဆိုင် များက ပုဂ္ဂလိက ဘဏ်များနှင့် ချိတ်ဆက်ကာ ဈေးနှုန်းများ အပြိုင်အဆိုင်ဖြင့် လုပ်ဆောင် ကြသော်လည်း ယခု E-lite နှင့် ရတနာပုံ ကုမ္ပဏီတို့ကိုသာ ရောင်းချခွင့် ပေးထားသဖြင့် အခြားဆိုင်များမှာ အရစ်ကျ စနစ်ရောင်းချ
နိုင်ခြင်း မရှိကြောင်း ရန်ကုန်မြို့တော်တွင်းရှိ ဖုန်းအရောင်းဆိုင်များမှ တာဝန်ရှိသူများက ပြောကြားသည်။
ယခင်က ယူနိုက်တက် အမရာဘဏ်နှင့် ချိတ်ဆက်ကာ ဖုန်းအရစ်ကျ ရောင်းသည့်လူကြီးမင်းဖုန်းဆိုင်
ဟန်းဆက် သီးသန့်တော့ အရစ်ကျ ရောင်းလို့မရဘူးလေ” ဟုပြောကြားသည်။
အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်တွင် အခြား ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ၊ အင်တာနက်လိုင်းများ၊ အိမ်ယာများ၊ ကားများ ကိုလည်း အရစ်ကျ စနစ်ဖြင့် ရောင်းချ ပေးနေကြောင်း ၎င်းတို့ အွန်လိုင်းစာမျက်နှာတွင် ဖော်ပြထားသည်။


Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။