ဂဏန်း မာဆလာဟင်း

Saturday, May 12, 20120 မှတ်ချက်များ




ဂဏန်းကို အရသာကောင်းကောင်းနဲ့ စားချင်သူတွေအတွက် ဂဏန် မာဆလာချက်ဟင်း လေးပါ။ ဒီတစ်ခါတော့ တခြား ထိုင်းဟင်းတွေလို အစပ်မပါပဲ အချိုချက်နည်းလေးပါ။ ချက်နည်းကို တူတူကြည့်ရအောင်
ပါဝင်ပစ္စည်းများ
၁။ ဂဏန်း – ၆ကောင် (အခွံဖယ်ပြီ သန့်စင်အောင် လုပ်ထားပါ)
၂။ ကြက်သွန်နီ – ၁ခု (နှုတ်နှုတ်စဉ်းပါ)
၃။ ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)

၎။ ပဲငံပြာရည် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
၅။ ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
၆။ ကြက်ဥ – ၁လုံး (ခလောက်ထားပါ)
ရ။ ကြက်သွန်မြိတ် – ၁စည်း (အရှည်ပါးပါးလှီးပါ)
၈။ နံနံပင် – အနည်းငယ် (ပါးပါးလှီးပါ)
၉။ မာဆလာ – လက်ဖက်ရည်ဇွန်း ၂ဇွန်း
ချက်ပြုတ်နည်း
၁။ အရင်ဆုံး သန့်စင်ထားသော ဂဏန်းခွံများကို အရောင်လှအောင် ဒယ်ထဲ ဆီများများဖြင့် ၁မိနစ်ခန့် ထည့်ကြော်ပေးပြီ ပြန်ဆယ်ထားပါ။

၂။ ထို့နောက် ဂဏန်းများကို ဆား(လက်ဖက်ရည်ဇွန်း တ၀က်)ခန့်ဖြင့် သမအောင်နုယ်ပြီ ဂျုံများဖြင့် ကပ်ပေးပါ။


၃။ ပြီမှ ဒယ်ထဲ ဆီများများဖြင့် ဂဏန်းများကို အညှိရောင်သန်းသည်အထိ ထည့်ကြော်ပေးပြီ ပြန်ဆယ်ထားပါ။

၎။ ဂဏန်းမာဆလာချက် စချက်ပါတော့မည်။
၅။ ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၄ဇွန်း)ခန့် ထည့်ပြီ ဆီပူလာလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီများကို ဆီသပ်ပေးပါ။
၆။ ပြီမှ ဆနွင်းမှုန့် (လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ) ထည့်ပေးပြီ ရေအနည်းငယ် ထည့်လိုက်ပါ။
ရ။ ထို့နောက် မာဆလာ(လက်ဖက်ရည်ဇွန်း ၁ဇွန်းခွဲ)၊ ပဲငံပြာရည်၊ ကြက်သားမှုန့်နှင့် ခလောက်ထားသော ကြက်ဥများကို မွှေတံဖြင့် ခပ်နာနာလေးမွှေပေးရင်း လောင်းထည့်လိုက်ပါ။

၈။ ပြီနောက် ကြက်သွန်မြိတ်၊ ဂဏန်းများကို ထည့်ကာ ရောမွှေပေးပါ။
၉။ အပေါ်မှ မာဆလာ(လက်ဖက်ရည်ဇွန်း တ၀က်)၊ ငရုတ်ကောင်းမှုန့် ၊ နံနံပင်များ အုပ်ကာ ဂဏန်းမဆလာ အချိုချက်ဟင်းကို စားသုံးနိုင်ပါပြီ…

Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger