ထိုင်းစတိုင် ငါးဖယ်ကြော်

Saturday, May 12, 20120 မှတ်ချက်များ


ထိုင်းဟင်းအနှစ်နဲ့ ငါးဖယ်ကို ရောနုယ်ပြီ ကြော်ထားတဲ့ ငါးဖယ်ကြော်လေးပါ။ ချိုချိုစပ်စပ် အရသာရှိတဲ့ ငါးဖယ်ကြော်က အစားပြေအဖြစ် စားဖို့ရော၊ ထမင်းနဲ့တွဲဖက် စားသုံးဖို့ပါ အလွန် သင့်တော်ပါတယ်။ စားနေကျ ငါးဖယ်ကြော် အရသာနဲ့ မတူပဲ တမူထူးခြားတဲ့ အရသာကိုပါ ရရှိမှာပါ။ ချက်နည်းလေး ကြည့်လိုက်ရအောင်…
ထိုင်းဟင်းအနှစ် အတွက် ပါဝင်ပစ္စည်းများ
၁။ ဇီယာစေ့ – လက်ဖက်ရည်ဇွန်း ၂ဇွန်း (လှောင်ပြီသား)
၂။ နံနံစေ့ – လက်ဖက်ရည်ဇွန်း ၁ဇွန်း
၃။ ငရုတ်သီးခြောက် – ၄ခု (ရေစိမ်ပြီ နှုတ်နှုတ်စဉ်းပါ)
၎။ သံပရာသီး – ၁လုံး (အရည်ညစ်ထားပါ)

၅။ စပါးလင် – လက်ဖက်ရည်ဇွန်း ၁ဇွန်း (နှုတ်နှုတ်စဉ်းပါ)
၆။ ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ရ။ ကြက်သွန်ဖြူ – စားပွဲတင်ဇွန်း ၁ဇွန်း (နှုတ်နှုတ်စဉ်းထားပါ)
၈။ ပဒယ်ကော – စားပွဲတင်ဇွန်း ၁ဇွန်း (နှုတ်နှုတ်စဉ်းထားပါ)
၉။ ပုဇွန်ခြောက် – စားပွဲတင်ဇွန်း ၁ဇွန်း (ညက်အောင် ထောင်းထားပါ)
ငါးဖယ်ကြော်အတွက် ပါဝင်ပစ္စည်းများ
၁။ ထိုင်းဟင်းအနှစ်
၂။ ငါးဖယ်ခြစ် – ၂၅ကျပ်သား
၃။ ကြက်ဥ – ၁လုံး (ခလောက်ထားပါ)
၎။ ငါးငံပြာရည် – စားပွဲတင်ဇွန်း ၃ဇွန်း
၅။ နံနံပင် – စားပွဲတင်ဇွန်း တ၀က်
၆။ သကြား – စားပွဲတင်ဇွန်း ၁ဇွန်း
ရ။ ပဲသီး – ၂ခု (အရှည် ပါးပါးလှီးပေးပါ)
ချက်ပြုတ်နည်း
၁။ ထိုင်းဟင်းအနှစ်တွင် ပါဝင်ပစ္စည်များ အားလုံးကို blender (ကြိတ်စက်)ဖြင့် ကြေညက်အောင် ကြိတ်ပေးပါ။

၂။ ပြီလျှင် ထိုင်းဟင်းအနှစ်များကို ခွက်တစ်ခုထဲထည့်ထားပါ။

၃။ ထို့နောက် ခွက်တစ်ခုထဲတွင် (ငါးဖယ်၊ ထိုင်းဟင်းအနှစ်၊ ငါးငံပြာရည်၊ ကြက်ဥ၊ နံနံပင်၊ သကြား၊ ပဲသီး) တို့ကို သမအောင် နုယ်ပေးပါ။

၎။ ထို့နောက် နုယ်ထားသော ၂လက်မအရွယ် အ၀ိုင်းပြားလေးများ လုပ်ပေးပါ။

၅။ ဒယ်ထဲ ဆီများများ ထည့်ပြီ ဆီပူလာမှ ငါးဖယ်များကို အညှိရောင်သန်းသည်အထိ ကြော်ပေးပါ။
၆။ ငါးဖယ်များကို ဇကာဖြင့် ပြန်ဆယ်ပြီ အစာပြေအဖြစ် စားသုံးနိုင်ပါပြီ…

Advertisement
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger