ကဖိန်းဓါတ် ပါဝင်သည် ဖြစ်စေ ၊ မပါဝင်သည် ဖြစ်စေ ကော်ဖီကို နေ့စဉ် သောက်သုံးခြင်းဖြင့် လူများ၏ အသက်ကို ပိုရှည်စေနိုင်ကြောင်း
အမေရိကန်တွင် ပြုလုပ်သည့် စစ်တမ်း တစ်ရပ်အရ သိရသည်။
တစ်ရက်လျင် ကော်ဖီ ၂ ခွက်မှ ၃ ခွက် အကြား သောက်သူ အမျိုးသားများမှာ ကော်ဖီ မသောက်သူများထက် စာပါက ၁၀ ရာနှုန်း အသက် ပိုရှည်စေနိုင်ကြောင်းနှင့် အမျိုးသမီးများ အတွင်းတွင်လည်း ယင်းသို့ သောက်သူများမှ မသောက်သူများထက် ၁၃ ရာနှုန်း ပိုမို အသက် ရှည်စေကြောင်း အဆိုပါ ဆန်းစစ်မှု အဖြေကို New England Journal of Medicine တွင် ယမန်နေ့က ရေးသား ဖော်ပြခဲ့သည်။
ယခုလို စမ်းသပ်မှုကို အမျိုးသား ကင်ဆာ သိပ္ပံမှ သုတေသန ပညာရှင်များမှ ဦးဆောင်ပြီး ပြုလုပ်ခဲ့ကာ ယင်းသိပ္ပံမှ ပြောရာ၌ ယင်းသို့သော သောက်သုံးသူများမှာ သာမန်လူ အများစု ဖြစ်လေ့ရှိသည့် ရောဂါများ ဖြစ်သော နှလုံး ၊ ဆီးချို သို့မဟုတ် အသက်ရှုလမ်းကြောင်း ဆိုင်ရာ ရောဂါများကြောင့် သေဆုံးနိုင်မှုကို နှိုင်းယှဉ် စမ်းသပ်ခဲ့ခြင်း ဖြစ်သည်။ ယခု စမ်းသပ်မှု အတွင်းတွင် ကော်ဖီ အတွင်းရှိ မည်ကဲ့သို့သော အချက်များက အသက် ပိုရှည်စေသည်ကိုမူ ရှာဖွေ တွေ့ရှိခဲ့ခြင်း မရှိပဲ နောက်ထပ် လေ့လာမှု ပြုလုပ်ရန် လိုသေးကြောင်း ပြောခဲ့သည်။
source : sfgate.com

Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။