အမျိုးသမီး သီးသန့် ယာဉ်လိုင်း ဖြစ်တဲ့ အဓိပတိ အနီ ယာဉ်လိုင်းတွင် မေလ ၁၅ ရက်နေ့မှ စတင်ပြီး I Pay ကဒ်စနစ်ကို အသုံးပြု နိုင်ဖို့ စတင် စမ်းသပ်နေပြီ
ဖြစ်တယ်လို့ ဗန္ဓုလ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ အဆိုပါ အဓိပတိ အနီ ယာဉ်လိုင်းမှ မော်တော်ယာဉ် ၅ စီးကို I Pay ကဒ် စတင် သုံးစွဲနိုင်ရန် စမ်းသပ်တာ ဖြစ်ပါတယ်။ အဲ့ဒီ I Pay ကဒ် အသုံးပြုရာ မှာတော့ ယာဉ်လိုင်း ထွက်ချိန်အလိုက် သက်ဆိုင်ရာ တာဝန်ရှိ သူတွေက သတ်မှတ် ပေးတာ ဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီ I Pay ကဒ်သုံးစွဲမှု ကိုတော့ အဓိပတိ အပြာ ယာဉ်လိုင်းတွင် စတင် စမ်းသပ် ခဲ့တာ ဖြစ်ပြီး ယခုအခါ အဓိပတိ အပြာ ယာဉ်လိုင်းတွင် I Pay ကဒ် ၅၂၅၃ ကဒ် အသုံးပြုပြီး ငွေပေးချေသူ ၁၁၆၅၃ ဦးရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် I Pay ကဒ် သုံးစွဲမှုသည် အရင် ကထက် ပိုမို များပြား လာပြီး အဆိုပါ ယာဉ်လိုင်းများ ပေါ်တွင်ပင် I Pay ကဒ်ကို ယာဉ်မောင်းများ ထံမှာ ၀ယ်ယူ အသုံးပြု နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။