အိန္ဒိယ နိုင်ငံတွင် လက်သုံး ဖက် ပါ ဝင်သော မိန်းကလေး တစ်ဦးကို မွေးဖွား ခဲ့ကြောင်း DM သတင်းဌာနက ဧပြီလ ၂၆ ရက်နေ့တွင် ဖော်ပြသည်။ အဆိုပါ မိန်းကလေးငယ်သည် ယခုအခါ လေး ရက်သမီးအရွယ်သာရှိသေးပြီး အလွန်ရှား ပါးလှပြီး တစ်သန်းပုံ တစ်ပုံသာ ဖြစ်နိုင် သော အခြေအနေကြောင့် ယခုကဲ့သို့ ဖြစ်ရခြင်းဖြစ်သည်ဟု ဆိုသည်။ မိန်းက လေးငယ်တွင် လက်နှစ်ဖက်က ပုံမှန်အ တိုင်း ပါဝင်သော်လည်း တတိယမြောက် လက်တစ်ဖက်က ကျောကုန်းရှိ ကျောရိုးမ ကြီးအနီး၌ ပါရှိသည်။
ဒါရာဂါဆီခန်း ဒေသ တာအန်ဆာရှာရစ်မြို့၌ နေထိုင် သော သူ၏ဖခင် ဝါကွာအာမက်သည် ကလေးငယ်ကို ဆေးရုံသို့ခေါ်ဆောင်လာ ခဲ့သည်။ အဆိုပါကလေးငယ်ကို ယခုအခါ နစ်ရှ်တာဆေးရုံသို့ လွှဲပြောင်းပေးလိုက် သည်။ တတိယလက်ကို ဖယ်ရှားရေးအ တွက် ခွဲစိတ်ကုသရန် စမ်းသပ်စစ်ဆေးမှု များကို ဆောင်ရွက်လျက်ရှိသည်။ ကလေး ငယ်သည် Polymelia ဟု ခေါ်သော မွေး ရာပါ ရှားရှားပါးပါး အခြေအနေတစ် ရပ်ကြောင့် ယခုကဲ့သို့ဖြစ်ရခြင်းဖြစ်သည် ဟုဆိုသည်။

Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။