![]() |
| အ.ထ.က (၅) ဗိုလ်တထောင် |
၂၀၁၂ - ၂၀၁၃ ပညာသင်နှစ် ကျောင်းပြောင်းလက်မှတ်များ
အခုရက်ပိုင်းအခြေခံပညာအထက်တန်းကျောင်းတွေမှာ ကျောင်းသားမိဘ၊ အုပ်ထိန်းသူတွေ ကျောင်းပြောင်းလက်မှတ် အလျင်အမြန် ရယူနိုင်ဖို့ကြိုးစားနေတဲ့မြင်ကွင်းက အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများအတွက် အထူးအံ့သြစရာတစ်ခုအဖြစ်တွေ့ရပါတယ်။
နှစ်စဉ်နှစ်တိုင်း ကျောင်းမဖွင့်မီ (အောင်စာရင်းတွေ ကြေညာပြီးနောက်ပိုင်းမှာ) ကျောင်းပြောင်းလက်မှတ်တွေ ထုတ်ယူလေ့ရှိပြီး ဒသမတန်း၊ န၀မတန်း ၊ အဋ္ဌမတန်းတွေက ကျောင်းပြောင်း လက်မှတ် တွေကို အများဆုံး ထုတ်သွားလေ့ရှိကြတယ်။ ဒါပေမယ့် ဒီနှစ် ၂၀၁၂ - ၂၀၁၃ ပညာသင်နှစ်အတွက်မှာတော့ အောင်စာရင်းကြေညာပြီးနောက်ပိုင်းမှာ အခြေခံပညာကျောင်းအသီးသီး မှာ ကျောင်းပြောင်းလက်မှတ်လာရောက်စုံစမ်းသူဦးရေကြောက်ခမန်းလိလိ များပြားနေတာကို တွေ့ရပါတယ်။
ဒါတွေကို ပညာရေးဝန်ကြီးဌာန အနေနဲ့ ကြပ်ကြပ်မတ်မတ် စနစ်တကျ စိစစ်သင့်ပါတယ်။ ဒါဟာ ကျောင်းသား၊ ကျောင်းသူများနဲ့ ကျောင်းသားမိဘ အုပ်ထိန်းသူများဟာ အခြေခံပညာကျောင်းမှာ နေရင် စာမတတ်ဘူး၊ ဆယ်တန်းမအောင်ဘူး၊ ဆယ်တန်းကို ဂုဏ်ထူးနည်းတယ်။ အမှတ် နည်းတယ်ဆိုတဲ့ အသိတွေ ၀င်နေလို့ဖြစ်နိုင်ပါတယ်။
အပြင်ပယောဂ ဘော်ဒါဆောင်၊ ကျူရှင်၊ ၀ိုင်း၊ရှယ်စာသင်ဝိုင်း၊ နေ့အထူး၊ ညစာကျက်ဝိုင်းတွေကြောင့်ဖြစ်ဖို့များပါတယ်။ ဒီအတိုင်းဆိုရင် ပညာရေးဟာချောက်ကမ်းပါး ပေါ်ကပြုတ်ကျသွားပါပြီ၊ ပညာရေးဝန်ကြီးနဲ့ ၊ နိုင်ငံတော်သမ္မတို့က ဒီအခြေအနေအမှန်ကို ဂဃနနသိရှိပြီး အမြန်ဆုံးပြုပြင်သင့်ပါတယ်။
အခြေခံကျောင်းအုပ်ကြီးများနဲ့ ၊ ဆရာ၊ ဆရာမများကြားမှာတော့ လူကြီးတွေက Private ကို ပိုဦးစားပေးနေလို့ ခုလိုအခြေ အနေတွေဖြစ်နေတာပါလို့ ကျယ်ကျယ်လောင်လောင်ပြောနေကြပါတယ်။
ဆရာစိုင်းမင်း
Myanmar News Now


Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။