Pygmy marmosets တွေကို Brazil , Ecuador , Peru , Columbia နိုင်ငံတွေရဲ့ မိုးသစ်တောတွေထဲမှာ တွေ့နိုင်ပါတယ် ။ သူတို့ဟာ သစ်တောအုပ်တွေရဲ့ ထိပ်ဖျားမှာနေလေရှိပြီး သူတို့ထက် ပိုကြီးတဲ့ အစားစားသတ္တ၀ါတွေရဲ့ရန်ကနေ ကိုယ်ပိုင် အသိဥာဏ်နဲ့ ကာကွယ်လေ့ရှိပါတယ် ။ သူတို့ဟာ အင်းဆက်ပိုးမွှားတွေနဲ့ သစ်သီးတွေ အရွက်တွေကိုသာစားလေ့ရှိတဲ့ အရွက်စား သတ္တ၀ါ Omnivorous တွေဖြစ်ပါတယ် ။ သူတိုဟာ သစ်ပင် သစ်စည်းတွေကို တတိတိနဲ့ ကိုက်စားလေ့ရှိပါသေးတယ် ။သူတို့ရဲ့ ချွှန်မြ နေတဲ့ရှေ့သွားတွေက မာကျောတဲ့သစ်ပင်စည်တွေကိုတောင် ကိုက်ဝါးနိုင်ပါတယ် ။ အဲဒီလိုနည်းနဲ့ပဲ သစ်ပင်တွေထဲက သစ်စည်းတွေ အရည်တွေကို စုပ်ယူလေ့ရှိတာပေါ့ ။
၂ ကောင် ဒါမှမဟုတ် ၆ကောင်လောက် အုပ်စုဖွဲ့နေလေ့ရှိပြီး အထူးသဖြင့် မျိုးပွားတဲ့ ၂ ကောင်နဲ့ သူတို့ရဲ့သားသမီးတွေဖြစ်ပါတယ် ။ Marmoset မိသားစုတွေဟာ ကြမ်းတမ်းစွာနယ်ချဲ့လေ့ရှိပြီး ဧက ၁၀၀ ထိတိုင်အောင် တိုက်ခိုက်နယ်ချဲ့လေ့ရှိပါတယ် ။ ဒါပေမယ့် သူတို့ကို နေရာကျယ်ကျယ်ပြန့်ပြန့်မှာတွေ့ရဖို့တော့ မမျှော်လင့်ပါနဲ့ ။ သူတို့ဟာ သေးငယ်သလောက် အလင်းကဲ့သို့ လျှင်မြန်ပြီး အပင်တပင်ကနေတပင်ကို ပေါ့ပါးစွာ ကူးသွားလေ့ရှိပါတယ် ။

Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။