ရန်ကုန်၊ မေ ၁၄
မြန်မာနိုင်ငံ ဒီမိုကရေစီစနစ်ဖော်ဆောင်ရေးတွင် စတုထ္တ မဏ္ဍိုင်၏ အရေးပါမှုကို အသိမှတ်ပြုလေးစားသော အားဖြင့် စာနယ်ဇင်း ကောင်စီကို နိုင်ငံတော် သမ္မတအမိန့်ဖြင့် ပထမဦးဆုံးအကြိမ် ဖွဲ့စည်းပေးသွားမည် ဖြစ်ကြောင်း ပြန်ကြားရေးနျင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ယနေ့ မွန်းလွှဲ ၁နာရီခန့် မြန်မာအသံနှင့် ရုပ်မြင်သံကြားဌာန တွင် ပြုလုပ်သော စာနယ်ဇင်းရှင်းလင်းပွဲ၌ အတည်ပြု ခဲ့သည်။
သတင်းမီဒီယာ လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာရေးနှင့် တာဝန်ယူမှုများ ရှိစေရန် အတွက် စာနယ်ဇင်း ကောင်စီကို အမြုတေ အဖွဲ့စည်းအဖြစ် စတင်ဖွဲ့စည်းရာတွင် Myanmar Journalist Network၊ Myanmar Journalist Association၊ Myanmar Journalist Union အသင်း သုံးသင်းမှ ကိုယ်စားလှယ် ခြောက်ဦးစီ ပါဝင်ရန် ဖိတ်ကြားခဲ့ကြောင်း MJU ဖြစ်မြောက်ရန် ဦးဆောင် ဆောင်ရွက်နေသူ ဦးဇော်သက်ထွေးက ပြောကြားသည်။
“စာနယ်ဇင်း ကောင်စီရဲ့  မူဝါဒနဲ့ ရပ်တည်ချက်တွေကို လေ့လာဖို့ရယ်၊ အခုတက်ရောက်လာတဲ့ လူတွေမကဘူး၊ ကျွန်တော်တို့ အသင်းဝင်တွေရဲ့ သဘောထားတွေကိုလည်း မေးမြန်းဖို့ လိုအပ်သေးတာကြောင့် ပါမယ် မပါဘူးဆိုတာတော့ အဖြေမပေးနိုင်သေးပါဘူးလို့ ပြောခဲ့ပါတယ်” ဟု ဦးဇော်သက်ထွေးက ဆက်လက်ပြောကြားသည်။
စာနယ်ဇင်းကောင်စီတွင် အဆိုပါ အသင်း သုံးသင်းအား ပါဝင်ရန် သာမက စာနယ်ဇင်း ကောင်စီ ဖွဲ့စည်းရန်လည်း အကြံဥာဏ်များပေးရန်ကိုပါ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဆန်းက ပြောကြားခဲ့ကြောင်း MJN အမှုဆောင်ကော်မတီဝင် ဦးသူရိန်လှိုင် ကပြောကြားသည်။

Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။