စံပယ်ဖူး စက်ရုံမှ လုပ်သားများ မကျေနပ်ချက်တင်ပြ

Monday, May 14, 20120 မှတ်ချက်များ

မေလ ၁၄ ရက်၊ ၂၀၁၂ ခုနှစ်- သူရမျိုး (YPI )

လုပ်ခ လစာငွေမလုံလောက်သည်ကို ဖြေရှင်းပေးဖို့ တင်ပြရန် အတွက် လှိုင်သာယာမြို့နယ် စက်မှုဇုံ ၄ မင်းကြီးမဟာမင်းခေါင်လမ်းပေါ်ရှိ Jasmine(စပါယ်ဖူး) အထည်စက်ရုံအလုပ်သမများ ယနေ့မနက်၉နာရီခန့်က စတင်စုရုံးခဲ့သည်။
ထိုသို့စုရုံးရခြင်းမှာ ဆန္ဒပြရန်မဟုတ်ဘဲ အလုပ်ရှင်နှင့်ညှိနှိုင်းရန် အလုပ်သမားရေးရာတာဝန်ရှိသူများကိုစောင့်စားခြင်းဖြစ်ကြောင်း အလုပ်သမများက ပြောသည်။

အဆိုပါစက်ရုံတွင် ပုဒ်ဖြတ်စားစနစ်ဖြင့် လုပ်ကိုင်ရပြီး အထည်အော်ဒါရှိလျှင်ရှိသလို အလုပ်သမတစ်ဦးလျှင် တစ်လ ကျပ် ၁၅၀၀၀ မှ ၃၀၀၀၀ ၀န်းကျင်သာရသဖြင့် ပုံသေလစာရရှိရန် တောင်ဆိုသွားမည်ဖြစ်ကြောင်း၊ ၄င်းအပြင် တစ်လလျှင် ခွင့်၂ရက်အပြင် တစ်လ ၂ရက် ၁၀မိနစ်ခန့်နောက်ကျခွင့်ရရှိရန်လည်း တောင်းဆိုသွားမည်ဟု အထည်ချုပ်အလုပ်သမ မခင်ဝေက YPI သို့ ပြောသည်။

အဆိုပါ စံပါယ်ဖူး စက်ရုံအလုပ်သမ အခက်အခဲအားလှိုင်သာယာမြို့နယ် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီနှင့် မြို့နယ်အလုပ်သမားရေးရာ တာဝန်ရှိသူများမှ အလုပ်ရှင်နှင်အလုပ်သမများကြား စေ့စပ်ညှိနှိုင်းပေးသွားမည်ဟု မြို့နယ် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဥက္ကဌ ဦးမြင့်သိန်းက ပြောသည်။ ။

Yangon Press International
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger