မန်း ကျောက်ဝိုင်းဝင်ခွင့် ကောက်ခံမှု လူနှစ်ထောင်ကျော် ကန့်ကွက်

Monday, May 14, 20120 မှတ်ချက်များ

မန္တလေး၊ မေ ၁၃

မဟာအောင်မြေ ကျောက်မျက် ရောင်းဝယ်ရေး စခန်း အတွင်းသို့ ဝင်ခွင့်ကတ် ပြုလုပ်ရခြင်းကို ရပ်ဆိုင်းပေး ရန် ကန့်ကွက်သူ မန္တလေး ကျောက်ကုန်သည်နှင့် ကျောက်အလုပ်သမား စုစုပေါင်း ၂၅၀၀ ဦးခန့် ရှိကြောင်း ယင်းစခန်း ယာယီကော်မတီ ဥက္ကဋ္ဌ ဦးစိန်ဝင်းက ပြောကြားသည်။

အဆိုပါ ကိစ္စကို ရပ်ဆိုင်းပေးရန် တောင်းဆိုကြသော မန္တလေး ကျောက်ကုန်သည်၊ အလုပ်သမားများသည် အဖွဲ့ဝင် ၄၅ ဦး ပါဝင်သော ယာယီကော်မတီကို မေလ ၆ ရက်နေ့က စတင် ဖွဲ့စည်းခဲ့ပြီး အများပြည်သူပိုင် ဈေးတွင် ဝင်ခွင့် ကောက်ခံခြင်းသည် မဖြစ်သင့်သော ကိစ္စတစ်ခု ဖြစ်သောကြောင့် ကန့်ကွက်မှုများ ဆက်လက် ပြုလုပ်သွားရန် ရှိကြောင်း ဦးစိန်ဝင်းက ပြောကြားသည်။

ယင်းစခန်းအတွင်း ဝင်ရောက်ရန် ဝင်ခွင့်ကတ် ပြုလုပ်ရန် လိုအပ်ပြီး တစ်ကြိမ် ဝင်ရောက်လျှင် ငွေကျပ် ၁၀၀ နှင့် ဆိုင်ကယ်လိုင်စင်၊ ယာဉ်မောင်း လိုင်စင်များ စစ်ဆေးရေး ဂိတ်တွင် အပ်နှံထားရန် လိုအပ်သည်။

ယင်း ဝင်ခွင့်ကတ်ကို စခန်း အကျိုးတော်ဆောင် အဖွဲ့နှင့် ကျောက်မျက်ဈေး ရောင်းဝယ် ဖောက်ကားသူ များ တွေ့ဆုံပြီး သဘောတူညီမှု ရရှိခဲ့သဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး စည်ပင်သာယာရေးဌာန၏ လမ်းညွန်ချက်ဖြင့် တိုင်းဒေသကြီး ဝင်ငွေတိုးပွားရေး လုပ်ဆောင်ခဲ့ကြောင်း အစိုးရ ခန့်အပ်ထားသော ကျောက်မျက် အကျိုးတော်ဆောင် အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။
The Voice Weekly
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger