အာဖဂန် နိုင်ငံရှိ အယ်လ်ခေးဒါး အဖွဲ့၏ ဒုတိယ အကြီးဆုံး ခေါင်းဆောင် တစ်ဦးမှာ နေတိုး တပ်ဖွဲ့မှ ပြုလုပ်သည့် လေကြောင်း တိုက်ခိုက်မှုကြောင့်
သေဆုံးခဲ့ပြီ ဖြစ်ကြောင်း ပူးပေါင်း တပ်ဖွဲ့မှ အင်္ဂါနေ့က အတည်ပြု ပြောကြားလိုက်သည်။
နေတိုး အဖွဲ့၏ အပြောအရ Sakhr al-Taifi ဆိုသူမှာ နိုင်ငံခြားရှိ သောင်းကျန်းသူများကို ညွန်ကြားနေသူ အဖြစ် ထင်ရှားပြီး နေတိုးနှင့် အာဖဂန် စစ်တပ်များကို တိုက်ရိုက် ဦးတည်ချက်ထား တိုက်ခိုက်သူ အဖြစ်လည်း နာမည်ကြီးသူလည်း ဖြစ်သည်။ အဆိုပါ လေကြောင်း တိုက်ခိုက်မှုမှာ တနင်္ဂနွေ နေ့က ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး အရှေ့ပိုင်း Kunar ခရိုင်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ပူးပေါင်း တပ်ဖွဲ့များ၏ စစ်ဆေးချက် အရ အရပ်သား တစ်ဦး တစ်ယောက်မှ သေဆုံးခဲ့ခြင်း မရှိကြောင်းလည်း သိရသည်။
တစ်ချိန်တည်းမှာပင် ပါကစ္စတန်တွင်လည်း အသေခံ ဗုံးခွဲသူဟု ယူဆရသူ နှစ်ဦးမှာ ၎င်းတို့၏ ကား အတွင်းတွင် မဖောက်ခွဲမီကပင် သေဆုံးခဲ့ရကြောင်း သတင်းလည်း ရရှိခဲ့သည်။ အဆိုပါ ပေါက်ကွဲမှုမှာ အဝေးပြေး လမ်းမ တစ်နေရာတွင် ဖြစ်ပွားခဲ့ရခြင်း ဖြစ်ကာ နောက်ထပ် လူ သုံးဦးမှာလည်း ထိခိုက် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
souerce : AP

Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။