တောင်သူများ အတွက် မျိုး၊ သွင်းအားစု၊ စိုက်စရိတ် ထောက်ပံ့ သွားရန်ရှိ

Wednesday, May 30, 20120 မှတ်ချက်များ

ရန်ကုန်တိုင်း ဒေသကြီး အတွင်း ပုလဲသွယ် စပ်မျိုးစပါး စိုက်ပျိုး ကြမယ့် တောင်သူတွေ အတွက် မျိုးစပါး၊ သွင်းအားစု ဓါတ်မြေသြဇာနဲ့ စိုက်ပျိုးရေး စရိတ်တွေကို

ပင်လယ်ကိုးသွယ် ကုမ္ပဏီက ထောက်ပံ့ ပေးသွားမယ်လို့ သိရပါတယ်။ လက်ရှိ မှာတော့ ဒီလို ထောက်ပံ့ ပေးဖို့ အတွက် ပုလဲသွယ် စပ်မျိုးစပါးမျိုး ဧက တစ်ထောင်စာ၊ သွင်းအားစု ဓါတ်မြေသြဇာ ဧက တစ်ထောင်စာ ပံ့ပိုးပေးဖို့ လျာထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် တောင်သူတွေ အတွက် စိုက်ပျိုးရေး စရိတ် အဖြစ် တစ်ဧကကို ကျပ် ငါးသောင်း သတ်မှတ်ကာ ထောက်ပံ့ ပေးသွား မှာလည်း ဖြစ်တယ်လို့ သိရပါတယ်။

ပင်လယ် ကိုးသွယ် ကုမ္ပဏီကနေ ပုလဲသွယ် စပ်မျိုးစပါးစိုက် တောင်သူတွေ အတွက် အခုလို ထောက်ပံ့ ပေးမှုကို ပြီးခဲ့တဲ့ နွေစပါးစိုက် ရာသီမှာလည်း ထောက်ပံ့ ပေးခဲ့ပြီး အဆိုပါ ထွက်ရှိလာတဲ့ စပါးတွေ ကိုလည်း ပေါက်ဈေး ထက်ဈေး ပိုပေး ၀ယ်ယူမှုကို ပြုလုပ်ပေး ခဲ့တာ ဖြစ်ပါတယ်။ အခု မိုးစပါး မှာလည်း တောင်သူတွေ အတွက် အဲ့ဒီထက် ကောင်းမွန်တဲ့ အာမခံ စနစ်တွေကို ထောက်ပံ့ ပေးဖို့ စီစဉ်နေပြီး တောင်သူတွေကို မျိုး၊ သွင်းအားစု ဓါတ်မြေသြဇာနဲ့ စိုက်စရိတ် ထောက်ပံ့ ပေးမှုတွေ ကိုတော့ လာမယ့် ဇွန်လ အတွင်း ဆောင်ရွက် ပေးသွားမယ်လို့ သိရပါတယ်။

Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger