လျှပ်စစ် တာဝါတိုင်များ ပြုပြင်မှု မှာ နောက်ဆုံး ပြုပြင်ရန် တိုင်တစ်တိုင်သာ ကျန်ရှိ

Wednesday, May 30, 20120 မှတ်ချက်များ

အမှတ် ၂ လျှပ်စစ် စွမ်းအား ၀န်ကြီး ဌာနမှ ထုတ်ပြန်ချက်များ အရ KIA အကြမ်းဖက် သောင်းကျန်းသူများ မိုင်းခွဲ ဖျက်ဆီးမှုကြောင့် ပျက်စီးသွားတဲ့

တာဝါတိုင်များ ပြန်လည် ပြုပြင် မှုတွေမှာ ယခုအခါ ပြုပြင်ဖို့ တာဝါတိုင် အမှတ် ၂၀၇ တစ်ခုသာ ပြုပြင်ဖို့ အနည်းငယ် ကျန်ရှိ တော့တယ်လို့ သိရပါတယ်။ လျှပ်စစ် တာဝါတိုင်များ မိုင်းခွဲ ဖျက်ဆီးခံရမှုမှာ ရွှေလီ-မန်စံ ၂၃၀ ကေဗွီမဟာ ဓါတ်အားလိုင်းမှ တာဝါတိုင် အမှတ် ၇၃ ၊ တာဝါတိုင် အမှတ် ၂၀၆၊ ၂၀၇၊ ၂၀၈ နဲ့ နမ့်ခမ်း-မူဆယ် ၆၆ ကေဗွီ ဓါတ်အားလိုင်း H-Pole ကွန်ကရစ်တိုင် အမှတ် ၂၄၉ တို့ကို ဖျက်ဆီး ခံခဲ့ရတာ ဖြစ်ပါတယ်။

အဆိုပါ ပျက်စီး သွားတဲ့ တာဝါတိုင်နဲ့ ကွန်ကရစ် တိုင်များကို လက်ရှိမှာ ပြုပြင်မှုများ ပြုလုပ်လျက် ရှိနေတယ်လို့ သိရပါတယ်။ ဒီလို ပြုပြင်ရာ မှာတော့ တာဝါတိုင် အမှတ် ၇၃ ကို မေလ ၂၅ ရက်နေ့မှာ ပြန်လည် ပြုပြင်ပြီး ဖြစ်ကာ ကွန်ကရစ်တိုင် အမှတ် ၂၄၉ ကို မေလ ၂၆ ရက် နေ့မှာ ပြုပြင်ခဲ့ပြီး၊ တာဝါတိုင် အမှတ် ၂၀၆ နဲ့ ၂၀၈ ကိုတော့ မေလ ၂၇ ရက်နေ့မှာ ၁၀၀ ရာခိုင်နှုန်း ပြီးစီးအောင် အသီးသီး ပြုပြင် ဆောင်ရွက်ခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် တာဝါတိုင် အမှတ် ၂၀၇ ကိုတော့ ၆၀ ရာခိုင်နှုန်းသာ ပြုပြင် ပြီးစီးပြီးတာ ဖြစ်ပါတယ်။

လက်ရှိ ပြုပြင်မှုမှာ တာဝါတိုင် တစ်ခု ကိုသာ ပြုပြင်ဖို့ ကျန်ရှိတော့ သာဖြစ်ပြီး တာဝါတိုင်များ ပြုပြင်ပြီးပါက ရန်ကုန်တိုင်း ဒေသကြီး အတွက် ၂၀၀ မဂ္ဂါဝပ် ဓါတ်အားကို ပြန်လည် ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် လာမယ့် ဇွန်လဆန်းပိုင်း လောက်ကစပြီး ရန်ကုန်တိုင်း ဒေသကြီး အတွင်းမှာ လျှပ်စစ်မီး ပုံမှန်ပြန်ရဖွယ် ရှိတယ်လို့ အမှတ် ၂ လျှပ်စစ် စွမ်းအား ၀န်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ သုံးသပ် ပြောကြားချက် အရ သိရပါတယ်။

Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger