ချောင်းသာလူနေအိမ် ၂၅၀ ကျော် ၃ လအတွင်း ပြောင်းရွှေ့ပေးဖို့ အမိန့်ပေး

Monday, May 14, 20120 မှတ်ချက်များ

ဧရာဝတီတိုင်းဒေသကြီး ရွှေသောင်ယံမြို့နယ် ချောင်းသာကျေးရွာက အိမ်ခြေ (၂၅၀) ကျော်ကို ကျေးရွာဥက္ကဋ္ဌ အပါအ၀င် မြေစာရင်းဦးစီးဌာန တာဝန်ရှိသူတွေက အစိုးရပိုင်မြေပေါ် ကျူးကျော်နေတယ် ဆိုပြီး ၃ လအတွင်း ထွက်ခွါပေးဖို့ သတိပေးခဲ့တယ်လို့ သိရပါတယ်။
AFP
ဘင်္ဂလားပင်လယ်အော် ကမ်းခြေတစ်ခုဖြစ်သည့် ချောင်းသာတွင် ဈေးသည်များ သောင်ပြင်တလျှောက် ဈေးလိုက်ရောင်းနေပုံကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့က တွေ့ရစဉ်။
မြို့နယ်မြေစာရင်းဦးစီးဌာန တာဝန်ရှိသူတွေ အပါအ၀င် ဒေသအာဏာပိုင်တွေက ချောင်းသာ ကျေးရွာသားတွေကို မနေ့က အစည်းအဝေး ခေါ်ယူပြီး အမိန့်ပေးခဲ့တာလို့ ရွာခံ ကိုမျိုးဦးက ပြောပါတယ်။ “ကျနော်တို့ ဒီ ဥက္ကဋ္ဌရယ် မြေစါရင်းဦးစီးရယ်၊ ဦးစီးမှူးရယ်၊ စခန်းက နယ်ထိန်းအင်ချက် တယောက်ပါတယ်ပေါ့။ ဒီမြေကြီးပေါ်မှာ လက်ရှိဝယ်နေတဲ့သူတွေကတဲ့ ဒီနိုင်ငံတော်က (၉၃)ခုနှစ်က နေပြီးတော့တဲ့ သိမ်းထားတဲ့မြေကြီးဖြစ်တဲ့ အတွက်ကြောင့်မို့လို့ လုံးဝဖယ်လိုက်ပါလို့ သူတို့က ဒါမျိုးပြောတယ်။ အိမ်ခြေ (၂၅၀) အကျော်မှာ ရှိတယ်။ လူဦးရေ (၆၀၀)ကျော် (၇၀၀) ရှိတယ်။ ရက်ပေါင်း (၉၀) ၃လလို့ သူတို့က သတ်မှတ်ပေးတယ်။ အဲဒီသုံးလအတွင်းမှာ မဖျက်ဘူး ဆိုလို့ရှိရင် ထောင်တစ်လ နို့တစ်ထုတ်တယ်။” ချောင်းသာရွာဒေသဟာ ၂၀၀၀ ပြည့်နှစ်တွေက ပင်လယ်ကမ်းခြေ အပန်းဖြေစခန်း အဖြစ် ဖွင့်လှစ်ခဲ့တဲ့ ဒေသ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ မြို့နယ်မြေစာရင်း ဦးစီးဌာနကို ဆက်သွယ် ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။ ချောင်းသာ ရဲစခန်းက တာဝန်ကျ ရဲဝန်ထမ်းကတော့ ပြောင်းရွှေ့ခိုင်းတဲ့ကိစ္စ ရဲစခန်းက မသိကြောင်း ပြောပါတယ်။
RFA-Burmese
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger