ရင်းနှီးမြှုပ်နှံမှုဆိုင်ရာညှိနှိုင်းအစည်းအဝေး

Monday, May 14, 20120 မှတ်ချက်များ

နေပြည်တော် - မေ (၁၃)
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် ယနေ့ နံနက် (၈) နာရီတွင် နိုင်ငံတော်သမ္မတတရုံး၌ ကျင်းပသည့် Reform Strategy ရှင်းလင်း ဆွေးနွေးညှိနှိုင်းခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်၍ အဖွင့် အမှာ စကား ပြောကြားသည်။

ညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသဥက္ကဌများနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။


ရှေးဦးစွာ ဒုတိယ
သမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက အဖွင့်အမှာစကား ပြောကြား ရာတွင် ဒီနေ့ဆက်လက်ပြုလုပ်တဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးထိရောက်တဲ့ ပြုပြင်ပြောင်းလဲရေး အစည်းအဝေး ပထမပိုင်းမှာ Reform Strategyကို ရှင်းလင်းဆွေးနွေးကြမှာဖြစ်ပြီး ဒုတိယပိုင်း မှာတော့ နိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုကိစ္စရပ်များနဲ့ ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီးများနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့် ဒေသ ဥက္ကဌ များ ညှိနှိုင်းဆွေးနွေးကြမှာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ အခြားဆောင်ရွက်စရာ ကိစ္စရှိတဲ့ အတွက် ပထမပိုင်းသာတက်ရောက်ပြီး အပိုင်းနှစ်ပိုင်းလုံးအတွက် ပြောကြားသွားဖို့ ဖြစ်ပါတယ်။

Reform လုပ်တယ်ဆိုတာကတော့ အများကြီးပါ။ Political Reform, Administration Reform, Economic Reform, Social Reform စတာတွေထဲက ပြုပြင် ပြောင်းလဲဖို့ လိုအပ်တာကိုမြန်မြန်ထက်ထက် ပြုပြင်သွားကြရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ Mindset တွေလည်းပြုပြင်ပြောင်းလဲဖို့ လိုအပ်ပါတယ်။


ဒေါက်တာဆက်အောင် ရှင်းလင်းတင်ပြမယ့် Reform Strategy ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ နိုင်ငံကိုအကူအညီပေးမယ့် World Bank နဲ့ Other Donor Countries တွေကို ပေးပို့ရှင်းပြနိုင်အောင် အချိန်တိုအတွင်းပြည်ထောင်စုဝန်ကြီးဌာနများနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ဝန်ကြီးချုပ်များတို့ကလတ်တလော စုစည်းရမယ့် သတင်းအချက်အလက်များအပေါ် အခြေခံပြီးPlanရေးဆွဲသွားမယ့်ကိစ္စဖြစ်ပါတယ်။



သမ္မတကြီးမှ မနေ့ကလမ်းညွှန်ခဲ့တဲ့ ဒုတိယအဆင့် ပြုပြင်ပြောင်းလဲရေးဟာလက်တွေ့ ပြည်သူတွေလိုလားကြတဲ့ ပြုပြင်ပြောင်းလဲရေးဖြစ်လို့ အမှန်တကယ် ပြုပြင်ပြောင်းလဲ လုပ်ဆောင်ကြရမယ့် ကဏ္ဍနဲ့ ဒေသန္တရစီမံချက်တွေကိုလက်တွေ့ကျင့်သုံးလို့ရမယ့် နည်းလမ်းတွေ ရေးဆွဲပြီးလက်တွေ့ ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ဖို့ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ-

(၁) Reform လုပ်ရာမှာ ပြည်ထောင်စုဝန်ကြီးဌာနတွေကဘာတွေ Reform လုပ်ဘို့ လိုသလဲ၊ ဘယ်လိုအစီအမံနဲ့ Reform လုပ်မှာလဲဆိုတာ ဦးစွာလေ့လာ သုံးသပ်ပြီးမိမိတို့ရဲ့ အစီအစဉ်မူကြမ်းကိုပြည်ထောင်စုအစိုးရအဖွဲ့ထံ တင်ပြခြင်း၊
သမ္မတကြီးရဲ့ မူဝါဒလမ်းညွှန်မှုရယူခြင်းများဆောင်ရွက် ရေးဆွဲသွားရန် လိုပါတယ်။

(၂) Reform လုပ်ရာမှာယခင်က လွှတ်တော်မှာဥပဒေအဖြစ် တင်သွင်း အတည်ပြုပြီး ခဲ့တဲ့ အမျိုးသားစီမံကိန်းကိုအနာဂါတ်ကာလမှာ ပိုမိုပြုပြင်ပြောင်းလဲရန် လိုအပ်တဲ့ Physical Development Plan တွေ ပေါင်းစပ်ပြီးပြည်သူတွေရဲ့ လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်မယ့် People Centred Development Reform ဖြစ်ဖို့ လိုအပ်ပါတယ်။


(၃) Reform လုပ်စရာ မလိုတဲ့ ကဏ္ဍတွေလည်းရှိနိုင်ပြီး လက်ရှိအခြေအနေကနေ တစ်ဆင့်ပြီးတစ်ဆင့် မြှင့်တင် လုပ်သွားရမဲ့ Development Plan တွေလဲရှိမှာ ဖြစ်ပါတယ်။ ဒါကိုခွဲခြားဆောင်ရွက်သွားဖို့ ဖြစ်ပါတယ်။


(၄) ပြည်သူလူထုပြုပြင်ပြောင်းလဲစေချင်တဲ့ ပြည်ထောင်စုဝန်ကြီးဌာန၊ ရုံးဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ်၊ ရပ်ကွက်ကျေးရွာအထိစီမံအုပ်ချုပ်ရေး အဆင့်ဆင့် မပြေလည်မှုများအပေါ် အစိုးရဌာနစီမံခန့်ခွဲမှု ပြုပြင်ပြောင်းလဲရေး ဖြစ်တဲ့ (Public Administration Reform) ပြုလုပ်ရန် လိုအပ်နေပြီး ထိုသို့လုပ်ဆောင်ရာမှာပါဝင်တဲ့-
- Management System Development,
- Policy and Decision Making Process,
- Transparency Promotion and Good Governance,
- Organizational Structural Reform,
- Performance System Improvement,
- E-government Development ,
- Establishing Public Service Ethics and Code of Conduct,
- Integrated Development Plan စတာတွေနဲ့ဘက်စုံထည့်သွင်းစဉ်းစားနိုင်မှသာ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်တဲ့ အဆင့်ကိုရောက်နိုင်မှာဖြစ်ပါတယ်။


- ဒုတိယပိုင်းရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စတွေကတော့ တိုင်းပြည်ရဲ့ စီးပွားရေးကို သိသိ သာသာ တွန်းတင်နိုင်မဲ့ Investment and Trade ပိုင်းမှာ-
(၁) ဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းတွေဟာ နိုင်ငံတကာမှာ လုပ်ကိုင်နိုင်သလို လုပ်ကိုင်နိုင်ဘို့၊
(၂) လက်တွေ့ကျတဲ့ ဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းတွေ မူဝါဒချမှတ်ပြီးပြီ ဆိုရင်လည်းဒီမူဝါဒတွေခိုင်မာဘို့၊
(၃) လူတစ်စုအတွက် မဟုတ်ဘဲအများက လွယ်ကူချောမွေ့စွာလုပ်ကိုင်နိုင်ဘို့
(၄) ပွင့်လင်း ထင်သာမြင်သာရှိဘို့
(၅) လုပ်သာကိုင်သာရှိပြီးရေရှည်ဆောင်ရွက်နိုင်ဘို့ လိုပါတယ်။
ဒီလိုအခြေအနေဆောင်ရွက်နိုင်ဘို့ပြည်ထောင်စုဝန်ကြီးဌာနဝန်ကြီးများနဲ့တိုင်းဒေသကြီး/ ပြည်နယ်အစိုးရဝန်ကြီးချုပ်များရဲ့ ကဏ0x081ဍတစ်ခုချင်းအသေးစိတ်ပွင့်ပွင့်လင်းလင်း အပြန်အလှန် ညှိနှိုင်းနိုင်ရေးရှိဘို့ အထူးအရေးကြီးပါတယ်။ အဲဒီလိုဆောင်ရွက်ရာမှာ -
(၁) ဒေသရဲ့ Land Use Policy and Development Plan အရ ရင်းနှီးမြှုပ်နှံခွင့်ပြု ပေးနိုင်မယ့် ဦးစားပေးကဏ္ဍအလိုက် မြေနေရာရရှိရေး၊
(၂) ဒေသရဲ့ Resourse Based အရ ရင်းနှီးမြှုပ်နှံနိုင်မယ့် ကုန်ကြမ်းပမာဏနဲ့ ခွင့်ပြု နိုင်မယ့် နေရာအနေအထား၊
(၃) ဒေသရဲ့ အလုပ်အကိုင်အခွင့်အလမ်းနဲ့ စီးပွားရေးတိုးတက်ရန် လိုအပ်ချက်အရ ထူထောင်ရင်းနှီးမြှုပ်နှံခွင့် ပေးလိုသောစိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုလက်မှုနဲ့ အခြားကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှု လုပ်ငန်းများကို ခွင့်ပြုပေးနိုင်မယ့် အခြေအနေများ၊
(၄) ပြည်ထောင်စုဝန်ကြီးဌာနများနဲ့ ဒေသန္တရအဖွဲ့များအတွက် ရင်းနှီးမြှုပ်နှံမှု စီမံကိန်း(Investment Plan) စတဲ့ ကဏ္ဍတစ်ခုချင်းအသေးစိတ် အပြန်အလှန် ညှိနှိုင်းဆွေးနွေးကြဘို့ လိုအပ်မှာ ဖြစ်ပါတယ်။


ယခုအခါမှာနိုင်ငံတကာက လာရောက်ပြီးရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ မေးမြန်း လေ့လာကြ၊ Forum, Seminar တွေ၊ Business Matching တွေလုပ်နေကြတာ တွေ့ရသလို ပြည်ထောင်စုဝန်ကြီးဌာန အချင်းချင်းဟိုဌာန မူကတစ်မျိုး၊ ဒီဌာနမူကတစ်မျိုး၊ တိုင်းဒေသကြီး နဲ့ ပြည်နယ်များကလည်းသူ့မူနဲ့သူလုပ်ကြတဲ့ အလေ့အထတွေကြောင့် ရင်းနှီးမြှုပ်နှံလိုသူတွေ ကြားမှာ အခက်အခဲတွေ့နေကြရတဲ့ အခြေအနေကိုပြန်လည်လေ့လာ သုံးသပ်ကြပြီး ဒီညှိနှိုင်း အစည်းအဝေးမှာ -
(၁) ခိုင်မာတဲ့ အဖြေထွက်တဲ့အထိညှိနှိုင်းကြရန်
(၂) ညှိနှိုင်းရရှိချက်တွေကိုပြန်လည်ပြုစုပြီးနိုင်ငံတော်သို့ တင်ပြ၍ မူဝါဒချမှတ်နိုင်ရေး၊ လက်တွေ့ကျပြီးရေရှည် အသုံးပြုနိုင်သော ခိုင်မာသည့် လုပ်ထုံးလုပ်နည်းများ ချမှတ်ရန်၊
(၃) နိုင်ငံ့ပြည်သူများ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ သိသာမြင်သာအောင် ထုတ်ပြန် ကြေညာ၍ အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ရန် လိုပါတယ်။
အချုပ်ကတော့ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုဟာနိုင်ငံတော်အတွက် အလွန်အရေးကြီး လာတဲ့ ကိစ္စရပ်ဖြစ်တဲ့အတွက် သိသာတဲ့ ပြောင်းလဲတိုးတက်မှုရရှိနိုင်အောင် ဆောင်ရွက်ရန် မှာကြားလိုပါတယ်။
ထို့နောက် နိုင်ငံတော်
သမ္မတ၏ စီးပွားရေးအကြံပေးဒေါက်တာဆက်အောင်ကReform Strategyနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးရာ တက်ရောက်လာသူများက သိရှိလိုသည် များကိုမေးမြန်းဆွေးနွေးကြပြီးဒုတိယသမ္မတကဖြည့်စွက်ရှင်းလင်းမှာကြားသည်။
ယင်းနောက်မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဌစက်မှုဝန်ကြီးဌာနပြည်ထောင်စု ဦးစိုးသိန်းကရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များ၊ စက်မှုဇုန်၊ စက်မှုကဏ္ဍရင်းနှီးမြှုပ်နှံမှု ဆိုင်ရာများကိုရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုခွင့်ပြုပေးနိုင်မည့် လုပ်ငန်းနယ်ပယ်များအပေါ် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးကလည်းကောင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုပေးနိုင်မည့် လုပ်ငန်းနယ်ပယ်များအပေါ် စွမ်းအင်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးက လည်းကောင်း၊ မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုပေးနိုင်မည့် လုပ်ငန်းနယ်ပယ်များအပေါ် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးက လည်းကောင်း၊ လျှပ်စစ်ဓာတ်အားကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုခွင့်ပြုပေးနိုင်မည့် လုပ်ငန်း နယ်ပယ်များ အပေါ် အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့ကလည်းကောင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုခွင့်ပြုပေးနိုင်မည့် လုပ်ငန်းနယ်ပယ်များ အပေါ် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လည်းကောင်း၊ အိမ်ရာနှင့်အဆောက်အအုံတည်ဆောက်ခြင်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုခွင့် ပြုပေးနိုင်မည့် လုပ်ငန်းနယ်ပယ်များအပေါ် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးကလည်းကောင်း၊ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုခွင့်ပြု ပေးနိုင်မည့် လုပ်ငန်းနယ်ပယ်များအပေါ် ပို့ဆောင်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးနှင့် ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာနဒုတိယဝန်ကြီးတို့ကလည်းကောင်း၊ ဝန်ဆောင်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုခွင့်ပြုပေးနိုင်မည့် လုပ်ငန်းနယ်ပယ်များအပေါ် ဘဏ္ဍာရးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပညာရေးဝန်ကြီးဌာနပြည်ထောင်စု ဝန်ကြီးနှင့် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့ကလည်းကောင်း ဆွေးနွေးကြပြီးတက်ရောက်လာကြသူများက ရင်းနှီးမြှုပ်နှံမှုနှင့် အထွေထွေကိစ္စရပ်များကို ဆွေးနွေးကြသည်။


ထို့နောက် နိုင်ငံတော်
သမ္မတ၏စီးပွားရေးအကြံပေး ဒေါက်တာဆက်အောင်က Reform Strategy နှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးရာ တက်ရောက်လာသူများက သိရှိလိုသည် များကို မေးမြန်းဆွေးနွေးကြပြီး ဒုတိယသမ္မတက ဖြည့်စွက်ရှင်းလင်းမှာ ကြားသည်။
ယင်းနောက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်းက ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များ၊ စက်မှုဇုန်၊ စက်မှုကဏ္ဍရင်းနှီး မြှုပ်နှံမှုဆိုင်ရာ များကို ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုခွင့်ပြုပေးနိုင်မည့် လုပ်ငန်း နယ်ပယ်များ အပေါ် လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက လည်းကောင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုပေးနိုင်မည့် လုပ်ငန်းနယ်ပယ်များအပေါ် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက လည်းကောင်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုပေးနိုင်မည့် လုပ်ငန်းနယ်ပယ်များ အပေါ် မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လည်းကောင်း၊ လျှပ်စစ် ဓာတ်အားကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုပေးနိုင်မည့် လုပ်ငန်းနယ်ပယ်များအပေါ် အမှတ်(၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့က လည်းကောင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုပေးနိုင်မည့် လုပ်ငန်းနယ်ပယ်များအပေါ် ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လည်းကောင်း၊ အိမ်ရာနှင့် အဆောက်အအုံ တည်ဆောက်ခြင်း ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုပေးနိုင်မည့် လုပ်ငန်းနယ်ပယ်များအပေါ် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လည်းကောင်း၊ ပို့ဆောင်ဆက်သွယ်ရေး ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုခွင့်ပြုပေးနိုင်မည့် လုပ်ငန်းနယ်ပယ်များအပေါ် ပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့က လည်းကောင်း၊ ဝန်ဆောင်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုပေးနိုင်မည့် လုပ်ငန်းနယ်ပယ်များအပေါ် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးတို့က လည်းကောင်း ဆွေးနွေးကြပြီး တက်ရောက်လာကြသူများက ရင်းနှီးမြှုပ်နှံမှုနှင့် အထွေထွေ ကိစ္စရပ်များကို ဆွေးနွေးကြသည်။


ထို့နောက် ဒုတိယ
သမ္မတဒေါက်တာစိုင်းမောက်ခမ်းက နိဂုံးချုပ် အမှာစကား ပြောကြားရာ၌ ပြုပြင်ပြောင်းလဲမှုများလုပ်ဆောင်ရာတွင် ဝန်ကြီးဌာနများအနေဖြင့် မည်သို့လုပ်ဆောင်မည်၊ မည်သည့်အပိုင်းမှ စတင်လုပ်ဆောင်မည်ကို စဉ်းစားဆောင်ရွက် ကြရန်ဖြစ်ကြောင်း၊ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ ကမ်းလှမ်းနေသော်လည်း မိမိတို့မှ လက်မခံနိုင်ဖြစ်နေရကြောင်း၊ ပေါ်ပေါက် လာသည့်အခွင့်အရေးကို လက်လွှတ် မခံသင့်ကြောင်း၊ ပြုပြင်ပြောင်းလဲမည့် စီမံချက်မူကြမ်းကို ယခုလကုန်တွင်အပြီး ဆောင်ရွက်တင်ပြရန် ဖြစ်ကြောင်း၊ ပြုပြင်ပြောင်းလဲရာတွင် မူဝါဒနှင့် ကြီးကြပ်မှုကိုလည်း ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ မိမိတို့တွင် အတွေ့အကြုံ အားနည်း သဖြင့် အကောင်အထည်ဖော်မှုအပိုင်းတွင် ခက်ခဲနိုင်ကြောင်း၊ သေချာလေ့လာ လိုက်စားပါက အရည်အသွေးတက် လာနိုင်ကြောင်း၊ ဝန်ကြီး ဌာနများ ပြုပြင်ပြောင်းလဲမှု လုပ်ရာတွင် ဦးစီး ဌာနများ ဖောင်းပွနေမှုရှိမရှိ၊ လေလွင့်မှုများရှိမရှိ၊ ပြန်ကြည့်ရန်လိုကြောင်း၊ ပြုပြင်ရန်လိုမလို၊ လက်ရှိအတိုင်း သွားရန်လိုမလို၊ စဉ်းစား ဆောင်ရွက်ကြရန်နှင့် ပြုပြင်ရန်ရှိက အမြန်ဆောင်ရွက်ကြရန်လိုကြောင်း၊ ညွှန်ကြားရေးမှူးချုပ် အဆင့်မှ အောက်ခြေအထိ ဆက်ဆံပုံ၊ လုပ်ကိုင်ဆောင်ရွက်ပုံများကို ပြောင်းလဲရန်ရှိက ပြောင်းလဲကြရန် လိုအပ်ကြောင်း၊ သာမန်အားဖြင့် အောက်ခြေမှတက်လာသော ဝန်ထမ်းများအနေဖြင့် လုပ်ငန်းကျွမ်းကျင်မှုတွင် ပြောရန် မရှိသော်လည်း ကြားမှဖြတ် ဝင်လာသော ပုဂ္ဂိုလ်များ ရှိလာပါက မူလဝန်ထမ်းများ စိတ်ဓာတ် ကျဆင်းစေနိုင်ကြောင်း၊ ၄င်းအပြင် ဝန်ကြီးဌာန၏ လုပ်ငန်းလည်း အထိုက်အလျောက် ကျဆင်းသွားနိုင်ကြောင်း၊ သို့ဖြစ်၍ မိမိခန့်ထားလိုသူရှိပါက အရည်အသွေးကို သိရှိနိုင်အောင် ဝင်ခွင့်စာမေးပွဲများဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း၊ ဤသို့သော စနစ်မျိုး ဖြင့်သာ ပြုပြင်သင့်၊ ဆောင်ရွက်သင့်ပြီး နိုင်ငံတော်အတွက် စဉ်းစားသင့် ဆောင်ရွက်သင့်သော လုပ်ငန်းလည်း ဖြစ်ပါကြောင်း၊ မူလဝန်ထမ်းအတွက် လမ်းပိတ်ထားသည့် ပုံစံမျိုးမဖြစ်စေရန်လည်း စဉ်းစား ဆောင်ရွက်သင့် ပါကြောင်း။
ပြည်တွင်းလုပ်ငန်းရှင်များနှင့် ပတ်သက်၍ နိုင်ငံခြားမှလာရောက်ရင်းနှီးမြှုပ်နှံမှုများကို ပေးသင့်၊ မပေးသင့်၊ စဉ်းစားဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဘဏ်လုပ်ငန်း လုပ်ကိုင်သူက မိမိတို့ နိုင်ငံနှင့်ပတ်သက်၍ နောက်ပြန်သွားမည်လား၊ ရှေ့တိုးမည်လား သံသယရှိနေချိန်တွင် ဖက်စပ်လုပ်မှ ခွင့်ပြုမည်ဆိုပါက တစ်ခိျု့ပြန်လှည့်သွားနိုင်ကြောင်း၊ တစ်ခိျု့ကလည်း ၄င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများအားလုံးကို ပြန်ထုတ်သွားခြင်းအားဖြင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များ နစ်နာနိုင်သည်ကိုလည်း ထည့်သွင်း စဉ်းစားရမည်ဖြစ်ပါကြောင်း၊ နိုင်ငံခြားငွေ ကိုင်ဆောင်မှုနှင့် ပတ်သက်၍ မလိုအပ်သော ထိန်းချုပ်မှုများကိုလည်း ပြုပြင်ပြောင်းလဲရမည်ဖြစ်ပါကြောင်း၊ လူ့သဘာဝအနေဖြင့် မြှောက်ပင့်ပြောလျှင် ကျေနပ်တတ်ရာ မကောင်းဘဲနှင့် မြှောက်ပင့် ပြောသည်များအပေါ် ကျေနပ်သည့် စိတ်မျိုးကိုလည်း ပြုပြင်ပြောင်းလဲရန် လိုအပ်ပါကြောင်း၊ ဝေဖန်ခံနိုင်မှ အမှန်ကိုမြင်ရ မည်ဖြစ်၍ ဝေဖန်ခံနိုင်ရန်လည်း လိုအပ် ပါကြောင်း။
ဝန်ကြီးဌာနများအနေဖြင့် လုပ်ငန်းပိုင်းတွင် တစ်နှစ်ကျော်ခဲ့သော်လည်း အကောင် အထည်မဖော်နိုင်သည်များ ရှိပါကြောင်း၊ လုပ်နိုင်သည်မလုပ်နိုင်သည်ကို ရှင်းရှင်းလင်းလင်း ဖြစ်ရန်လိုအပ်ပါကြောင်း၊ အခိျု့က ပြောင်းလဲပြီဆိုသော်လည်း အမှန်တကယ် လုပ်ကိုင်သည့် အခါ အကန့်အသတ် များစွာရှိနေသည်ကိုတွေ့ရပါကြောင်း၊ ဤသည်များကိုလည်း ပြုပြင် ပြောင်းလဲရမည်ဖြစ်ပါကြောင်း၊ အစည်းအဝေးများတွင် စီမံကိန်းများ၊ စီမံချက်များ၊ အားနည်း ချက်၊ အားသာချက်များကို ဆောင်ရွက်ကြမည်၊ ပြုပြင်ကြမည်ဟုပြောသည်မှာ ခေါက်ရိုး ကျိုးနေပြီ ဖြစ်ပါကြောင်း၊ အားနည်းချက်များကို သိသော်လည်း မပြင်ရဲဘဲ ဖြစ်နေကြကြောင်း၊ ပြည်တွင်း ပြည်ပစီးပွားရေးလုပ်ငန်းရှင် များအနေဖြင့် အကျိုးအမြတ်ကို မူတည် ဆောင်ရွက်ကြသော်လည်း မိမိတို့အစိုးရဌာန ဝန်ထမ်းများမှာမူ ကိုယ်ကျိုးစွန့်၍ ဆောင်ရွက် ကြရန် လိုအပ်ပါကြောင်း။
ပြုပြင်ပြောင်းလဲမှုများဆောင်ရွက်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ချိတ်ဆက် ဆောင်ရွက်ရန် ရှိပါက လွှတ်တော်နှင့် ဆက်သွယ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ပြုပြင် ပြောင်းလဲမှုသည် ဝန်ကြီးဌာနအားဖြင့်ဖြစ်စေ၊ အစိုးရအနေဖြင့်ဖြစ်စေ နိုင်ငံတော်
သမ္မတ၏ အခွင့်အာဏာဖြင့်ဖြစ်စေ ပြောင်းလဲနိုင်ပါကလည်း ပြောင်းလဲရန် မခက်သည်ကို တွေ့ရှိနိုင် ပါကြောင်း၊ အုပ်ချုပ်မှုအခွင့် အာဏာဖြင့် ပြောင်းလဲနိုင်သည့် ကိစ္စများတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် ပြည်ထောင်စု အစိုးရအဖွဲ့နှင့် ညှိနှိုင်း၍ ဆောင်ရွက်နိုင်ပါ ကြောင်း၊ အချိတ်အဆက်မမိသည်များလည်း ရှိနေသေးပါကြောင်း၊ လက်အောက်တွင် လိုလားချက်များရှိနေသကဲ့သို့ မိမိတို့မှလည်း ပေးနိုင်သည်များ ရှိပါကြောင်း၊ လုပ်ပေးချင် သည်များ များစွာရှိသော်လည်း အချိတ်အဆက်မမိသည်များ ဖြစ်နိုင်သဖြင့် မကြာခဏ တွေ့ဆုံကြလျှင် အဆင်ပြေသွားနိုင်ပါကြောင်း၊ ထိုသို့တွေ့ဆုံခြင်းဖြင့် နိုင်ငံတော်သမ္မတ၏ လုပ်ပိုင်ခွင့်နှင့် ဝန်ကြီးဌာနများ၏လုပ်ပိုင်ခွင့်များအရ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင် သွားနိုင်မည်ကို တွေ့ရပါကြောင်း၊ ပြုပြင်ပြောင်းလဲမှုလုပ်ရာတွင်ဖြစ်စေ၊ ရင်းနှီးမြှုပ်နှံ ရာတွင် ဖြစ်စေ၊ တက်ညီလက်ညီလုပ်ဆောင်ကြမည်ဆိုပါက တရားဝင် တင်ပြထားသည့် (၁.၅) ဆထက် တိုး၍ နှစ်ဆ၊ သုံးဆဖြစ်လာနိုင်ပါကြောင်း၊ တက်သည့် ကဏ္ဍရှိသကဲ့သို့ မတက်သည့်ကဏ္ဍများ လည်းရှိနိုင်ပါကြောင်း။
ဟိုတယ်နှင့်ခရီးသွားကဏ္ဍဆိုလျှင် တက်ရန်အလွန်ကောင်းသည့် ကဏ္ဍဖြစ်ပါကြောင်း၊ လာချင် သူများလည်း များစွာရှိနေကြောင်း၊ အကြီးစားဟိုတယ်များလုပ်ဆောင်မည့် အစား သပ်သပ်ရပ်ရပ်ဖြင့် လုံခြုံစိတ်ချရသည့် အဆင်ပြေချောမွေ့သည့် ဈေးနှုန်းချိုသာသည့် ဟိုတယ်မျိုး မည်ကဲ့သို့လုပ်ဆောင်မည်ကို စဉ်းစားသင့်ပါကြောင်း၊ ထုထည်ကြီးမားသည့် အဆောက်အဦများ တည်ဆောက်လုပ်ကိုင်မည့်အစား မိမိတို့ဆီတွင် ရှိပြီးဖြစ်သည့် အဆောက်အဦများဖြင့် လုပ်ကိုင်၍ ရနိုင်၊ မရနိုင် စဉ်းစားသင့်ပါကြောင်း၊ ငွေကြေး ပြည့်စုံကြွယ်ဝသည့် ခရီးသွားများ ရှိသကဲ့သို့ ကျောပိုးအိတ်ဖြင့်သာ လာရောက်သည့် ခရီးသွားများရှိသည်ကိုလည်း တွက်ဆရန် လိုအပ်ပါကြောင်း၊ ယခင်က ဒေါ်လာ(၄ဝ)ခန့်ဖြင့် ခရီးသွားများ တည်းခိုနိုင်ရာမှ ယခုအခါ ဒေါ်လာ (၂ဝဝ)၊(၃ဝဝ) ဖြစ်နေသည် ကိုလည်း မီဒီယာများမှ သိရပါကြောင်း၊ လုံခြုံစိတ်ချပြီး သန့်ရှင်းသပ်ရပ်သည့် ဝန်ဆောင်မှုများ ဆောင်ရွက်ပေးနိုင်မည်ဆိုပါက ထိုသို့ဆောင်ရွက်ခြင်း အားဖြင့် ခရီးသွားများ ပြောစကားအရ သတင်းများ ပံျ့နှံ့သွားနိုင်သည်ကိုလည်း စဉ်းစားဆောင်ရွက်ကြရန် လိုအပ်ပါ ကြောင်း။
ထို့ကြောင့် ဝန်ကြီးဌာနအားလုံး၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်များအနေဖြင့် ပြုပြင် ပြောင်းလဲရန်ရှိသည်များ၊ ပြုပြင်ပြောင်းလဲမှုများ၊ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ၊ ရေတို ရေရှည်ချေးငွေများ၊ ငွေကြေးအကူအညီများနှင့်စပ်လျဉ်း၍ သပ်သပ်ရပ်ရပ်ဖြင့် တိကျခိုင်မာ သည့် ဥပဒေများ အမြန်အကောင်အထည်ဖော်နိုင်ပါက မိမိတို့နိုင်ငံအနေဖြင့် များစွာအလား အလာကောင်းများ ရှိလာနိုင်ပါကြောင်းဖြင့် ပြောကြားပြီး ညှိနှိုင်းအစည်းအဝေးကို ရုပ်သိမ်း လိုက်သည်။


president-office.gov.mm
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger