နိုင်ငံတော်သမ္မတကြီး စင်္ကာပူတွင် အရေးပေါ် ဆေးကုသမှု ခံယူနေဆိုသော သတင်း သမ္မတရုံး ငြင်းဆို

Friday, May 18, 20120 မှတ်ချက်များ

ရန်ကုန် မေ ၁၇

နှလုံးခုန် ထိန်းညှိစက် ထည့်သွင်း ထားရသော အသက် ၆၇ နှစ် အရွယ်ရှိ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် ရုတ်တရက် မူးလဲသဖြင့် စင်္ကာပူနိုင်ငံသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူနေရသည် ဆိုသော သတင်းများမှာ မှန်ကန်မှု မရှိကြောင်း နိုင်ငံတော် သမ္မတရုံး တာဝန်ရှိ ပုဂ္ဂိုလ် တစ်ဦးက ပြောကြားသည်။

ရန်ကုန် မြို့သို့ ရောက်ရှိနေသော နိုင်ငံ သမ္မတ ကြီး ၏ ကျန်းမာရေး နှင့် ပတ်သက်၍ ထွက်ပေါ်နေသော သတင်းများမှာ ကောလဟာ လ များသာဖြစ်၍ ခရီးသွားနေသည့် အချက်များမှ လွဲ၍ ကျန်အချက်များမှာ လုံးဝ မှန်ကန်မှု မရှိကြောင်း၊ မိတ်ဆွေများ ၏ စိုးရိမ် ပူပန်မှုအတွက် ကျေးဇူး အထူးတင် ရှိပါသည် ဟု ၄င်း၏ facebook စာမျက်နှာ တွင်ရေးသားဖော်ပြထားသည်ကို တွေ့ရှိရသည်။

မြန်မာ နိုင်ငံ တွင် ဒီမိုကရေစီ စနစ် ထွန်းကားရေး နှင့် တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရေး အတွက် ပြုပြင်ပြောင်းလဲ ရေး လမ်းကြောင်းကို စတင် အကောင်အထည်ဖော်ပေးခဲ့သည့် နိုင်ငံတော်သမ္မတကြီးမှာ ဆီးလမ်းကြောင်းပိုးဝင် ခြင်းကြောင့် အဖျားဝေဒနာ ခံစားနေရာမှ အားနည်း၍ မူးလဲခြင်းသာ ဖြစ်ပြီး အသက် ၆၀ ကျော် အမျိုးသား များတွင် ဖြစ်လေ့ဖြစ်ထ ရှိသော ရောဂါဖြစ်သဖြင့် စိုးရိမ်ဖွယ်ရာ မရှိပါကြောင်း၊ မနက်ဖြန်တွင် သွားရောက်မည့် ငပုတောခရီးစဉ်ကိုလည်း ဖျက်သိမ်းထားကြောင်း နိုင်ငံတော် သမ္မတကျန်းမာရေး စောင့်ရှောင့်မှု အထူးအဖွဲ့ နှင့် နီးစပ်သူ အထူးကု ဆရာဝန်ကြီး တစ်ဦးက ပြောကြားသည်။

နိုင်ငံတော်သမ္မတ ကြီး၏ ကျန်းမားရေးနှင့် ပတ်သက်သော သတင်းများ ဖော်ပြထားသည့် Facebook စာမျက်နှာ များတွင် နိုင်ငံတော်သမ္မတ ကြီး သက်တော်ရာကျော်ရှည်ပါစေကြောင်း ကိုယ်စိတ်နှလုံး ကျမ်းမာ ချမ်းသာပါစေကြောင်း ရေးသား ခဲ့ကြသည်များကို တွေ့ရှိရသည်။
The Voice Weekly
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger