နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန်တို့ ဝါရှင်တန်ဒီစီတွင်တွေ့ဆုံဆွေးနွေးမည်

Friday, May 18, 20120 မှတ်ချက်များ

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCdkjN9I1ajjzr24Gc3wBbyJJpblppMD3Gx_qAnvMwiKdZbgRN0APK3F5UK7aitKXKMBWuD66kNqw60FwUyLxMkLekchCTL4PE42qSYEgOoLwLNc8TRWQdRGNbphCJXFGpX2_KvNSUB9fM/s320/images.jpg


နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် တို့သည် အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီတွင် မေလ ၁၇ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း အေအက်ဖ်ပီ သတင်းတွင် ဖော်ပြချက်အရ သိရသည်။ အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေး ၀န်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အမေရိကန်ပြည်ထောင်စု၏ အရေးယူ ပိတ်ဆို့မှုများကို ပြင်ဆင်နိုင်ရန်အတွက် အမေရိကန် ပြည်ထောင်စု ကွန်ဂရက်လွှတ်တော် အပါအ၀င် သက်ဆိုင်သူအားလုံးနှင့် ဆောင်ရွက်လျက်ရှိကြောင်း အမေရိကန်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ လက်ထောက်မူဝါဒရေးရာ ညှိနှိုင်းရေးမှူး ပတ်ထရစ်ခ်မာဖီက မကြာသေးမီက ပြောကြားထားပြီး ၁၉၉၀ ပြည့်နှစ်မှ ၂၀၀၈ ခုနှစ်အတွင်း မြန်မာနိုင်ငံအပေါ် ချမှတ်ခဲ့သော အရေးယူ ပိတ်ဆို့မှုများသည် ပြည်ထောင်စု ဥပဒေ၊ သမ္မတအမိန့် အစရှိသဖြင့် ရှုပ်ထွေးလှကြောင်းလည်း မှတ်ချက်ပြုခဲ့သည်။ ပတ်ထရစ်ခ်မာဖီက ၀ါရှင်တန်အနေဖြင့် မြန်မာအစိုးရနှင့် ထိတွေ့ဆက်ဆံမှုကို ပိုမိုနက်ရှိုင်းစွာ ဆောင်ရွက်လျက်ရှိကြောင်း၊ အရေးယူပိတ်ဆို့မှုများ ထပ်မံဖြေလျော့ပေးနိုင်ရေး ကြည့်ရှုစစ်ဆေးလျက်ရှိကြောင်း နှင့် လာမည့် ရက်သတ္တပတ်များအတွင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်တစ်ဦးကို ခန့်အပ်နိုင်ဖွယ်ရှိကြောင်း ပြောကြားထားသည်။ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်အား အမေရိကန်ပြည်ထောင်စုသို့ လာရောက်လည်ပတ်ရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ဖိတ်ခေါ်ခဲ့ကြောင်း ဧပြီလ ၄ ရက်နေ့တွင် အမေရိကန်အစိုးရ အဆင့်မြင့်အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကားပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က မြန်မာအစိုးရ အဖွဲ့ဝင်အချို့နှင့် လွှတ်တော် ကိုယ်စားလှယ်များ အမေရိကန် ပြည်ထောင်စုသို့ လာရောက်နိုင်အောင် ကူညီပေးသွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။ မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသည့် ပြုပြင်ပြောင်းလဲမှုများကို အသိအမှတ်ပြုသည့်အနေဖြင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများကို အမေရိကန်၊ ဥရောပသမဂ္ဂ၊ အနောက်နိုင်ငံများက ဖြေလျော့ဆိုင်းငံ့မှုများ ပြီးခဲ့သည့် လများအတွင်း ပြုလုပ်ခဲ့ကြသလို ဂျပန်နိုင်ငံကလည်း မြန်မာနိုင်ငံမှ ရရှိရန်ရှိသည့် ကြွေးမြီများအနက် အမေရိကန် ဒေါ်လာ ၃ ဒသမ ၇ ဘီလျံကို လျော်ပစ်ခဲ့ကြောင်း ၂၀၁၂ ခုနှစ် မေလ ၁၈ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger