မြန်မာ- အမေရိကန် သံအမတ်များ အဆိုပြုကြေညာ

Friday, May 18, 20120 မှတ်ချက်များ

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် မြန်မာဆိုင်ရာ မူဝါဒညှိနှိုင်းရေးမှူး နဲ့ အထူး ကိုယ်စားလှယ် မစ္စတာ Derek Mitchell ကို သမ္မတ အိုဘားမားက တရားဝင် အဆိုပြုလိုက်ပါတယ်။

အလားတူ မြန်မာနိုင်ငံဘက်ကလည်း အမေရိကန်ဆိုင်ရာ မြန်မာသံအမတ်
အဖြစ် လက်ရှိ ကုလသမဂ္ဂ ဆိုင်ရာ အမြဲတန်းမြန်မာသံအမတ်ကြီး ဦးသန်းဆွေ ကို ခန့်အပ်ကြောင်း အမေရိကန် ပြည်ထောင်စု ၀ါရှင်တန်ဒီစီမြို့တော် ကို ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့
မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကလည်း ကြေညာခဲ့ပါတယ်။

နှစ်(၂၀)ကျော်ကြာမြင့်ပြီးတဲ့နောက် သံအမတ်တွေ ခန့်အပ်ဖို့
နှစ်နိုင်ငံလုံးရဲ့ ဆုံးဖြတ် ချက် ဟာ အမေရိကန်နဲ့ မြန်မာ ပုံမှန်သံတမန်
ဆက်ဆံရေးပြန်ဖြစ်လာဖို့အတွက် အရေးကြီးတဲ့ အဆင့် ဖြစ်တယ်လို့ ဦးဝဏ္ဏမောင်လွင် က ပြောကြားခဲ့ပါတယ်။

မစ္စတာ Derek Mitchell ကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် သမ္မတ အိုဘားမား ရဲ့ အဆိုပြု ချက် ကို အမေရိကန်လွှတ်တော် က အတည်ပြုရမှာ ဖြစ်ပါတယ်။
RFA-Burmese
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger