မိုဘိုင်းဖုန်း ထုတ်လုပ်မှုနည်းပညာနဲ့ ပတ်သက်တဲ့ အကြောင်းအရာများကို အဓိကထားပြီး ဆွေးနွေးခဲ့တဲ့ ဆွေးနွေးပွဲတစ်ခုကို မေလ ၁၉ ရက်နေ့က ရန်ကုန်မြို့
၊ လှိုင်မြို့နယ်ရှိ မြန်မာအင်ဖို တက်ခ်မှာ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ ဆွေးနွေးပွဲမှာတော့ High Teach Computer HTC Corporation မှ ကိုဝင်းသန်း (ခ) မစ္စတာ ပီတာချူ မှ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ ဒီလို ဆွေးနွေးရာမှာတော့ မိုဘိုင်းဖုန်း ထုတ်လုပ်မှုနည်းပညာနဲ့ ပတ်သက်တဲ့ အကြောင်းအရာများအပြင် သူ့ရဲ့ဖြတ်သန်းခဲ့ရတဲ့ ဘ၀အတွေ့ အကြုံများကိုပါ ဆွေးနွေးပေးခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် တက်ရောက်လာသူများထဲမှ မိုဘိုင်းဖုန်း ထုတ်လုပ်မှုနဲ့ ပတ်သက်ပြီး သိရှိလိုတဲ့ မေးမြန်းမှုများအပေါ် ပြန်လည်ဖြေကြားပေးခဲ့ပါတယ်။ ဒီလို ဟောပြောဆွေးနွေးပေးခဲ့တဲ့ ကိုဝင်းသန်း ခေါ် မစ္စတာ ပီတာချူဟာ မြန်မာလူမျိုးတစ်ဦး ဖြစ်ပြီး အခုလက်ရှိမှာတော့ တရုတ် ၊ တိုင်ပေရှိ HTC (High Teach Computer) Corporation မှာ Chief Executive Officer အဖြစ် တာဝန်ထမ်းဆောင်လျက် ရှိတယ်လို့ သိရပါတယ်။

Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။