အရေပြား ဆိုင်ရာများ လှပဖို့ အတွက် လေဆာ အလင်း ရောင်ခြည်ဖြင့် ကုသနိုင်တဲ့ အကြောင်း ကျန်းမာရေး ဆိုင်ရာ ဆွေးနွေးမှု တစ်ခုကို မေလ ၂၀ရက်နေ့က
Park Royal မှာ ကျင်းပပြုလုပ် ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ဆွေးနွေးပွဲမှာ ပြည်တွင်းရှိ Kembangan ဆေးခန်းမှ ဆရာဝန်ကြီး တစ်ဦး ကလည်း လေဆာ အလင်းရောင်ခြည်ဖြင့် ကုသမှုဆိုင်ရာ အကြောင်း များကို ရှင်းလင်း ပြောကြားခဲ့ ပါတယ်။
အဲဒီ့လို အလင်း ရောင်ခြည်နဲ့ အရေး အကြောင်းများ ပြေလျော့စေဖို့ ပြုလုပ်နိုင် တဲ့အပြင် လျော့ရဲနေတဲ့ အရေပြား များကို ပြန်လည် တင်းရင်းအောင် ပြုလုပ် နိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ခန္ခာကိုယ်မှာ မလိုလားတဲ့ အမွှေးအမှင်များ ကိုလည်း လေဆာနဲ့ ဖယ်ရှား နိုင်တယ် လို့လည်း သိရပါတယ်။

Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။