အ၀လွန်ခြင်း ပြဿနာအတွက် ကျွမ်းကျင်ပညာရှင်တွေရဲ့ အကြံပေးချက်တွေကို မလေးရှား ဆေးဝါးအဖွဲ့ရဲ့ ၀န်ဆောင်မှု တယ်လီဖုန်းလိုင်းက
ဖြေကြားပေးနေပြီလို့ သိရပါတယ်။ အဆိုပါ ၀န်ဆောင်မှုဖုန်းကို ကျန်းမာရေး ဂရုစိုက်သူ၊ ခန္ဓာကိုယ် အလေးချိန်ထိန်းသိမ်းလို သူတွေအတွက် တည်ထောင်ပေးထားတာ ဖြစ်ပါတယ်။ အ၀လွန်ခြင်းနဲ့ ပတ်သက်တဲ့ ရောဂါမဖြစ်အောင် ဘယ်လို ရှောင်ရှားရမယ်ဆိုတဲ့ အကြံဉဏ်တွေရရှိဖို့ အဲ့ဒီဝန်ဆောင်မှုလိုင်းကို အသုံးပြု မေးမြန်းနိုင်ပါတယ်။
ပြည်သူတွေအနေနဲ့ ပိန်ဆေးတွေနဲ့ အင်တာနက်ကနေ ၀ယ်ယူရရှိနိုင်တဲ့ ဆေးတွေမှာ ကျန်းမာရေး ထိခိုက်စေတဲ့ပစ္စည်းတွေ ပါဝင်နိုင်တဲ့အတွက် အလွယ်တကူ မ၀ယ် ယူကြဖို့ကိုလည်း ကျန်းမာရေးဝန်ကြီးဌာနမှ ပြောကြားထားပါတယ်။ အခု တည်ထောင်လိုက်တဲ့ဖုန်းလိုင်း ၀န်ဆောင်မှုကတော့ ဖုန်းဆက် မေးမြန်းသူတိုင်းကို လေ့ကျင့် သင်ကြားထားတဲ့ ဆေးဝါးပညာရှင်တွေက ပြန်လည် ဖြေကြားပေးမှာဖြစ်ပြီး ၀ယ်ယူသင့်တဲ့ဆေးဝါးကို အကြံပေး ပြောကြားပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။
Reference : Asiavision.com

Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။