အလုပ်သမား အဖွဲ့အစည်း ၁၅ ဖွဲ့ထိ ဖွဲ့စည်း ထားပြီးဖြစ်

Monday, May 21, 20120 မှတ်ချက်များ

အလုပ်သမားရေးရာ အသိအမြင် တိုးပွားစေဖို့အတွက် ကျင်းပပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲ တစ်ခုကို မေလ ၁၉ ရက်နေ့က ရွှေပြည်သာရှိ စက်မှုဇုန် စီမံခန့်ခွဲရေး ရုံးက

နောင်ခန်းမမှာ ကျင်းပခဲ့ရာ အလုပ်သမားအဖွဲ့အစည်း ၁၅ ဖွဲ့အထိ ဖွဲ့စည်းထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလို ဖွဲ့စည်းရာမှာ လက်ရှိမှာ အလုပ်သမားအခြေခံ အဖွဲ့အစည်းများကို ရန်ကုန်တိုင်း ဒေသကြီးနဲ့ မန္တလေးတိုင်း ဒေသကြီး ၂ ခုပေါင်းပြီး အလုပ်သမားအဖွဲ့ ၁၅ ဖွဲ့အထိ ဖွဲ့စည်းထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီဆွေးနွေးပွဲမှာ အလုပ်သမား အခြေခံ အဖွဲ့အစည်းဖွဲ့စည်းရေးနဲ့ ပတ်သက်တဲ့ အခြေခံ အချက်အလက်များကို အဓိကထား ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ အလုပ်သမား အခြေခံ အဖွဲ့အစည်းများကို အလုပ်သမား အယောက် ၃၀ နဲ့တူညီရာ လုပ်ငန်းတူရာအလိုက် ဖွဲ့စည်းနိုင်မှာ ဖြစ်ပါတယ်။ အဲ့ဒီ အခြေခံ အလုပ်သမား အဖွဲ့မှ တစ်ဆင့် မြို့နယ် ၊ ပြည်နယ်နဲ့ တိုင်းဒေသကြီး ၊ အဖွဲ့ချုပ် ၊ မြန်မာနိုင်ငံလုံး ဆိုင်ရာအထိ အလုပ်သမား အဖွဲ့အစည်းများ ဖွဲ့စည်းနိုင်တယ်လို့ သိရပါတယ်။

အဲ့ဒီလို အလုပ်သမား အဖွဲ့တွေကို တစ်ဆင့်ပြီး တစ်ဆင့် ဖွဲ့စည်းပြီး မြန်မာနိုင်ငံလုံး ဆိုင်ရာ အဖွဲ့ထိ ဖွဲ့စည်းနိုင်ပါက EU နိုင်ငံများနဲ့ အာဆီယံဒေသတွင်း နိုင်ငံများမှာရှိတဲ့ အလုပ်သမား အဖွဲ့တွေနဲ့ တိုက်ရိုက် ဆက်သွယ်ကာ အလုပ်သမားဆိုင်ရာ ကိစ္စရပ် များကို ပူးပေါင်း ဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger