ယခုဘဏ္ဍာနှစ် အတွင်း ငမိုးရိပ် လျှပ်စစ် ရေတင် စီမံကိန်းမှ စိုက်ဧက သုံးထောင့်ငါးရာ အထိ စိုက်ပျိုးရေ ပေးဝေရန်ရှိ

Monday, May 21, 20120 မှတ်ချက်များ

ယခု ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွင်း ငမိုးရိပ်လျှပ်စစ် ရေတင်စီမံကိန်းကနေ ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဧက သုံးထောင့်ငါးရာ အထိ စိုက်ပျိုး ရေပေးဝေ

သွားမှာ ဖြစ်တယ်လို့ သက်ဆိုင်ရာ ဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ အဆိုပါ ငမိုးရိပ်လျှပ်စစ် ရေတင်စီမံကိန်းမှ စိုက်ပျိုးရေ ပေးဝေမှုကို တည်ဆောက်ဆဲ ကာလမှာကတည်းက ပေးဝေခဲ့တာ ဖြစ်ပါတယ်။ ဒီလိုပေးဝေရာမှာ တိုင်းဒေသကြီးအတွင်း နွေစပါးအတွက် ရေပေးဝေခဲ့ပြီး ၂၀၀၇-၂၀၀၈ ဘဏ္ဍာနှစ်မှာ ၁၄၈ ဧက ၊ ၂၀၀၈-၂၀၀၉ ဘဏ္ဍာနှစ်မှာ ဧက ၇၀၀ ရေပေးဝေခဲ့ပါတယ်။

ဒါ့အပြင် ၂၀၀၉-၂၀၁၀ ဘဏ္ဍာနှစ်မှာတော့ ၁၀၃၄ ဧကအထိတိုးချဲ့ ပေးဝေနိုင်ခဲ့ပြီး ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်မှာ ဧက ၁၈၀၀ နဲ့ ပြီးခဲ့တဲ့ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် မှာတော့ ဧက ၂၁၀၀အထိ နှစ်အလိုက် ရေပေးဝေမှုတွေ တိုးချဲ့နိုင်ခဲ့တယ်လို့ သိရပါတယ်။ အခုလို ငမိုးရိပ်လျှပ်စစ် ရေတင်စီမံကိန်းကနေ စိုက်ပျိုးရေးဧက တွေအတွက် ရေပေးဝေမှုဟာ ရန်ကုန်မြို့မိုင် ၃၀ ပတ်လည် စိမ်းလန်းစိုပြေရေး စီမံကိန်းအတွင်းရှိ စီမံကိန်းတစ်ခု ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ငမိုးရိပ်လျှပ်စစ် ရေတင်စီမံကိန်းဟာ စီမံကိန်းတစ်ခုလုံးရဲ့ ၈၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်တာကြောင့် လာမယ့်နွေစပါး ရာသီမှာ စီမံကိန်းလျာထားချက်ရဲ့ ၆၈ ရာခိုင်နှုန်းကို ရေပေးဝေနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger