ကင်မရာ လုပ်ဆောင်ချက် အသစ် Facebook တို့ စတင် ထုတ်လွှတ်

Friday, May 25, 20120 မှတ်ချက်များ

iPhone နှင့် iPod Touch များတွင် အသုံးပြုနိုင်မည့် application အသစ် တစ်ခုကို Facebook မှ စတင် မိတ်ဆက်လိုက်ပြီ ဖြစ်ကာ ယင်းကို

Facebook Camera ဟု ခေါ်ဆိုကြောင်း သိရသည်။ ယင်းလုပ်ဆောင်ချက် အသစ်တွင် ဓါတ်ပုံများကို ဖြတ်သည့် tool များနှင့် ပုံများကို ဝေမျှမှု အတွက် ကြည့်ရှု့စေလိုသူ များကို သီးသန့် ခွဲခြားပေးမည့် Filter ၁၅ မျိုးကို မိတ်ဆက်လိုက်ခြင်းပင် ဖြစ်သည်။

မိမိတို့ အနေဖြင့် ပုံများကို ဝေမျှရာတွင် အဆိုပါ application ကိုသုံးပြီး ဓါတ်ပုံများကို ပိုမို ပြသနိုင်ကြောင်းနှင့် မိမိတို့၏ ဓါတ်ပုံများနှင့် ပတ်သက်ပြီးလည်း ပိုမို နက်ရှိုင်းသည့် ခံစားမှုများကို ရရှိစေရန် စီစဉ်ထားခြင်း ဖြစ်သည်ဟု ထုတ်လုပ်ရေး မန်နေဂျာ ဖြစ်သူမှ ပြောကြားခဲ့ကာ အခြားတစ်ဖက် အဖြစ် ဓါတ်ပုံများကိုလည်း ပိုမို ကောင်းမွန်သည့် resolution ဖြင့် Facebook Camera မှ ပြုလုပ်ပေးနိုင်ကာ ၂၀၄၈ ပစ်ဆယ် အလျား အနံဖြင့် တင်နိုင်တော့မည် ဖြစ်ကြောင်းလည်း ပြောခဲ့သည်။ ယခုလို သတင်းကြောင့် အချို့မှာ အံ့သြခဲ့ရပြီး မကြာသေးမီက Facebook မှ ဝယ်ယူလိုက်သည့် ဆိုရှယ်ဓါတ်ပုံ application တစ်ခုဖြစ်သည့် Instagram ကို ဝယ်ယူပြီး နောက်ပိုင်းတွင် ပထမဆုံး အကြိမ် ပြောင်းလဲမှု ပြုခြင်းလည်း ဖြစ်သည်။

source : The New York Times

Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger