FBပေါ်တွင်လူပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းများဂုဏ်သိက္ခာထိခိုက်စေရန်လုပ်ဆောင်ပါကအီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေဥပဒေအရထောင်ဒဏ်ငါးနှစ်အပြငငွေဒဏ်ကိုပါချမှတ်နိုင်

Friday, May 25, 20120 မှတ်ချက်များ

လက်ရှိအချိန်တွင် လူမှုရေး ၀က်ဘ်ဆိုက်တစ်ခု ဖြစ်သည့်Facebook ကို အသုံးပြုသူ များပြားလာသည့် အလျောက် အချို့သောသူများသည် မိမိ တို့ မကျေနပ်သော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများအား ဂုဏ်သိက္ခာထိခိုက်စေရန် Facebook ပေါ်မှတစ်ဆင့် အသရေဖျက်သည့် ဖြစ်ရပ်များ များပြားလာကြောင်း Facebook အသုံးပြုနေသူ များထံမှ သိရသည်။

Facebook ပေါ်မှတစ်ဆင့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ ဂုဏ်သိက္ခာ ထိခိုက်စေရန် သတင်း အချက်အလက် ဖြန့်ဝေမှုများကို အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေအရ အရေးယူနိုင်ပြီး ပြစ်မှုထင်ရှား စီရင်ခြင်းခံရပါက ထောင်ဒဏ် ငါးနှစ်အပြင် ငွေဒဏ်ပါချမှတ်ခံရနိုင် ကြောင်း သိရသည်။

Facebook ပေါ်မှတစ်ဆင့် လူ ပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းများအား ဂုဏ် သိက္ခာကျဆင်းစေရန် လုပ်ဆောင်နေသည့် ပြုမူမှုများထဲ၌ ကာယကံရှင်၏ ခွင့်ပြုချက်မရဘဲ ဓာတ်ပုံများတင်ကာ မဟုတ်မမှန်စွပ်စွဲ ဂုဏ်သိက္ခာထိခိုက်စေမည့် အရေးအသားများ ရေးသားခြင်း၊ မှတ်ချက်များမှတစ်ဆင့် အသရေပျက်စေသည့် အသုံးအနှုန်းများ သုံးနှုန်း၍ Facebook အသုံးပြုသူအချင်းချင်း ဖြန့်ဝေခြင်း၊ ၎င်းတို့ မကျေနပ်သော လူပုဂ္ဂိုလ်များ ဂုဏ်သိက္ခာနှင့်လုပ်ငန်း ကို ထိခိုက်စေရန် သတင်းအချက်အလက် ပုံစံမျိုးဖြင့် မှတ်ချက်များပေါ်တွင် ရေးသားတင်ပြခြင်း စသည်တို့ ပါဝင်ကြောင်း သိရသည်။


အခုလို Facebook ပေါ်ကတစ်ဆင့် အသရေဖျက်နေတာတွေကို အရေးယူစရာ ဥပဒေမရှိဘူးလို့ ထင်နေကြပါတယ်။ အင်တာနက် ၀က်ဘ်ဆိုက် ကို မြန်မာနိုင်ငံမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုလာတဲ့ အပေါ်မှာ ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေကို ၂၀၀၄ ခုနှစ်ကတည်းက ပြဋ္ဌာန်းခဲ့တာပါ . . .

လုပ်ဆောင်နေသည့် ပြုမူမှုများထဲ၌ ကာယကံရှင်၏ ခွင့်ပြုချက်မရဘဲ ဓာတ်ပုံများတင်ကာ မဟုတ်မမှန်စွပ်စွဲ ဂုဏ်သိက္ခာ ထိခိုက်စေမည့် အရေး အသားများရေးသားခြင်း၊ မှတ်ချက် များမှတစ်ဆင့် အသရေပျက်စေသည့် အသုံးအနှုန်းများ သုံးနှုန်း၍ Facebook အသုံးပြုသူအချင်းချင်း ဖြန့်ဝေခြင်း၊ ၎င်းတို့ မကျေနပ်သော လူပုဂ္ဂိုလ်များ ဂုဏ်သိက္ခာနှင့်လုပ်ငန်း ကို ထိခိုက်စေရန် သတင်းအချက်အလက် ပုံစံမျိုးဖြင့်မှတ်ချက်များပေါ်တွင် ရေးသားတင်ပြခြင်း စသည်တို့ ပါဝင်ကြောင်း သိရသည်။

“လူတွေကအသရေပျက်အောင် လုပ်ရင် အသရေဖျက်မှုနဲ့ပဲ တရားစွဲလို့ ရတယ်လို့ ထင်ကြပါတယ်။ အသရေဖျက်မှုဆိုရင် ကင်းလွတ်ချက် ၁၀ ချက်ကလည်း ပါတော့ တော်တန်ရုံ အသရေဖျက်မှု မမြောက်နိုင်ဘူး ဆိုပြီး မကြောက်ကြပါဘူး။ အသရေဖျက်မှု ပြစ်ဒဏ်ကလည်း နှစ်နှစ်အထိ ပဲဆိုတော့ မကြောက်ကြပါဘူး။ အခုလို Facebook ပေါ်ကတစ်ဆင့် အသရေဖျက်နေတာတွေကို အရေးယူစရာ ဥပဒေမရှိဘူးလို့ ထင်နေကြပါတယ်။ အင်တာနက် ၀က်ဘ်ဆိုက်ကို မြန်မာနိုင်ငံမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုလာတဲ့အပေါ်မှာ ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေးဥပဒေကို ၂၀၀၄ ခုနှစ်ကတည်းက ပြဋ္ဌာန်းခဲ့တာပါ။ ဒီဥပဒေ နဲ့ တရားစွဲဆိုတဲ့ အမှုဟာ တခြားပြစ်မှုတွေလောက် မများလို့ လူသိပ်မသိတာပါ”ဟု အထက်တန်းရှေ့နေတစ် ဦးက ဆိုပါသည်။

“အခုဆိုရင် Social Network တစ်ခုဖြစ်တဲ့ Facebook မှာ တစ် ယောက်နဲ့ တစ်ယောက် ပြောချင်တာတွေ၊ ရင်ဖွင့်ချင်တာတွေ၊ ဆွေးနွေးချင်တာတွေ၊ အပြန်အလှန်ပြောဆိုကြသလို တချို့ကလည်း လူအများ အသုံးပြုကြည့်ရှုနေတာကို အသုံးချပြီး ပုဂ္ဂိုလ်ရေး အပုပ်ချတာမျိုး လုပ်လာကြတယ်။ အဲဒီအတွက်တော့ ဒီ အီလက်ထရောနစ်ဥပဒေက သတိပြု စရာပါ”ဟု ၎င်းက ဆက်လက်ပြော ကြားခဲ့သည်။

မည်သူမဆို အဖွဲ့အစည်းတစ်ခု ခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးကို ထိခိုက်နစ်နာစေရန် ဖြစ်စေ၊ ဂုဏ်သိက္ခာ ကျဆင်းစေရန်ဖြစ်စေ၊သတင်းအချက်အလက်ကို အီလက်ထရောနစ် နည်းပညာဖြင့်ပြုလုပ်ခြင်း၊ ပြုပြင်ခြင်း သို့မဟုတ် ပြောင်းလဲခြင်း၊ ထိုသို့ ပြုလုပ်ခြင်း၊ ပြုပြင်ခြင်း သို့မဟုတ် ပြောင်းလဲခြင်း ပြုလုပ်ထားသည့် အချက်အလက်ကို ဖြန့်ချိခြင်း စသည့်ပြုလုပ်မှု တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအား ထောင်ဒဏ်ငါးနှစ်အထိ ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည် ဖြစ်ကြောင်း အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက် ရေးဥပဒေပုဒ်မ ၃၄ (ဃ)တွင် ပြဋ္ဌာန်းထားချက်အရ သိရသည်။

အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေအရ သတင်းအချက်အလက်ဆိုရာတွင် အချက်အလက် (Data) ၊ မူရင်းစာ (Text)၊ ပုံရိပ်သဏ္ဌာန်(Image)၊ အသံ၊ သင်္ကေတ (Code)၊ ကွန်ပျူတာ ပရို ဂရမ်၊ ဆော့ဖ်ဝဲ (Software) နှင့် အချက်အလက်အစုအဝေး (Database) တို့ ပါဝင်ကြောင်း သိရသည်။

မည်သူမဆို အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ အရ အရေးယူနိုင်သော ပြစ်မှုတစ်ရပ် ရပ်ကို ပြည်တွင်းတွင် ကျူးလွန်လျှင် ဖြစ်စေ၊ ပြည်တွင်းမှ ပြည်ပသို့လည်း ကောင်း၊ ပြည်ပမှ ပြည်တွင်းသို့ လည်းကောင်း အီလက်ထရောနစ်ဆက် သွယ်ဆောင်ရွက်ရေး နည်းပညာကို အသုံးပြု၍ ကျူးလွန်လျှင်ဖြစ်စေ ဤ ဥပဒေနှင့် သက်ဆိုင်စေရမည် ဖြစ်ကြောင်း သိရသည်။

“Facebook ပေါ်ကနေအသရေ ဖျက်တာတွေကို အရေးယူမယ်ဆိုရင် ရာဇသတ်ကြီး၊ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၅၀၀ ဆိုတဲ့အသရေဖျက်မှုပုဒ်မ နဲ့ တရားစွဲတာထက် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေအရ တရားစွဲတာက ပိုမိုထိရောက်ပါတယ်။ ပြစ်ဒဏ်လည်း ပုဒ်မ ၅၀၀ ထက်ပိုများပါတယ်။ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၄(ဃ)မှာ ဆိုထားတာက ထောင်ဒဏ်ငါးနှစ်အထိ ဖြစ်စေ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံး ဖြစ်စေလို့ ပါပါတယ်။ ပြစ်မှုကျူးလွန်သူရဲ့ လုပ်ရပ် အတိမ်အနက်ပေါ် မူတည်ပြီး လုပ်ရပ်က ဆိုးရွားရင် ဆိုးရွားသလို ထောင်ဒဏ်ငါးနှစ်အထိ ချမှတ်တဲ့အပြင် ငွေဒဏ်ကိုလည်း တရားရုံးကကြိုက်သလောက် ချမှတ်လို့ရပါတယ်။ ဥပဒေ မှာက ငွေဒဏ်ဘယ်လောက်ထိလို့ မဆိုထားဘဲ ငွေဒဏ်ဖြစ်စေလို့ပဲ ပြဋ္ဌာန်းထားတာဖြစ်လို့ တရားရုံးက ကြိုက်သလောက် ငွေဒဏ်ကိုချမှတ်လို့ ရနိုင်တာပါ”ဟု ကုမ္ပဏီတစ်ခုမှ ဥပဒေ အတိုင်ပင်ခံတစ်ဦးက ရှင်းပြသည်။

Facebook ပေါ်မှတစ်ဆင့် ဂုဏ်သိက္ခာကျဆင်းစေရန် အသရေဖျက် ခံနေရသော နစ်နာသူများအနေဖြင့် တရားမကြောင်းအရလည်း တရားစွဲဆို လျော်ကြေးတောင်းခံနိုင်ကြောင်းနှင့် အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေး ဥပဒေအရ ပြစ်မှုထင်ရှား စီရင်ခြင်းခံရသူကို အမှုစီရင်ချက်ချပြီး နောက်ပိုင်း၌ နစ်နာသူဘက်က တရားမကြောင်းအရ ထပ်မံ တရားစွဲဆိုပြီး လျော်ကြေးငွေ တောင်းခံနိုင်ကြောင်းလည်း ဥပဒေပညာရှင် တစ်ဦးက အကြံပြုခဲ့သည်။

အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေအရ တရားစွဲဆိုရာတွင် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဗဟိုအဖွဲ့၏ ကြိုတင်ခွင့်ပြု ချက်ကို ရယူရမည်ဖြစ်ကြောင်း၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပါ မည်သည့် ပြစ်မှုကိုမဆို မြန်မာနိုင်ငံရဲတပ်ဖွဲ့က အရေးယူပိုင်ခွင့် ရှိကြောင်း သိရသည်။

ကွန်ပျူတာစနစ် တစ်ခု၏ လုပ်ငန်းလည်ပတ်မှုနှင့် ယင်းနှင့်သက်ဆိုင်သည့် ပစ္စည်းကိရိ ယာကို ဤဥပဒေအရ ပြစ်မှုတစ်ခုခုနှင့် စပ်လျဉ်း၍ အသုံးပြုနေသည် သို့မဟုတ် အသုံးပြုပြီးဖြစ်သည်ဟု သံသယဖြစ်ရန် အကြောင်းရှိပါက ၀င်ရောက်ကြည့်ရှု စစ်ဆေးခြင်းကို အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးကြီးကြပ်မှု အဖွဲ့က ဗဟိုအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ကျင့်သုံးဆောင်ရွက်ရမည် ဖြစ်ကြောင်း သိရသည်။



Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger