ဘာကီနာဖာဆိုနှင့် ၁၅ ကီလိုမီတာ ကွာဝေးသည့် နယ်စပ် ကျေးရွာ တစ်ခုဖြစ်သော မာလီ နိုင်ငံရှိ ဆာရီ ကျေးရွာတွင် ဒေသခံ လူမျိုးစု အကြား
အချင်းပွားမှု ဖြစ်ပွားသဖြင့် လူပေါင်း ၃၀ သေဆုံးခဲ့ရသည်ဟု ဘာကီနာဖာဆို၏ မြောက်ပိုင်းခရိုင် အုပ်ချုပ်ရေးမှုး ဖြစ်သူမှ ပြောကြားခဲ့သည်။ အဆိုပါ အကြမ်းဖက်မှုများ Peul နှင့် Dogon လူမျိုးစုများ အကြား ဖြစ်ပွားခဲ့ခြင်း ဖြစ်ကာ အချို့သော သူများမှာ အသက်ရှင်လျက် မီးရှို့ပြီး သတ်ခံခဲ့ရကြောင်း သိရသည်။
မာလီရှိ နယ်နှင်ဒဏ်ခံ သမ္မတ ဖြစ်သူ Amadou Toumani Toure မှ Peul မျိုးနွယ်ဝင် ဖြစ်ပြီး ယင်းလူမျိုးစုများမှာ Dogon လူမျိုးစုများကို ပြင်းထန်စွာ ဖိနှိပ်လေ့ရှိပြီး Dogon လူမျိုးစုများမှာ လယ်ယာ လုပ်ငန်းကို လုပ်ကိုင်စားသောက်ကြခြင်း ဖြစ်ကာ နယ်မြေ ပိုင်ဆိုင်မှုများနှင့် ပတ်သက်ပြီး အငြင်းပွားရာမှ စပြီး ယခုလို လူမျိုးစု အကြား တိုက်ခိုက်မှုများ ဖြစ်ပွားကြရခြင်း ဖြစ်သည်။
source : RT.com

Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။