လိင်ဆက်ဆံရန် ငြင်းပယ်ခဲ့မှုကြောင့် အသတ်ခံလိုက်ရတဲ့ ကောလိပ်ကျောင်းသူ

Thursday, May 31, 20120 မှတ်ချက်များ

အန်ပန်း ။ ။ စက်တင်ဘာလ (၅)ရက်နေ့တွင် အန်ပန်းရှိ Kampung Lembah Jaya Utara တွင် ဆယ်ကျော်သက်အရွယ် ကောလိပ် ကျောင်းသူတစ်ဦးအား အသတ်ခံထားရသည်ကို တွေ့ရှိခဲ့ရပြီး သူမ၏ ရည်းစာဖြစ်သူမှ လိင်ဆက်ဆံရန် အတင်းအကျပ်တောင်းဆိုလာမှုကို ငြင်းပယ်ခဲ့သောကြောင့် သတ်ခဲ့သည်ဟု ယုံကြည်ရပြီး တရားခံအား ရမန်ဖြင့်ချုပ်ထားကြောင်း သတင်းရရှိပါသည်။

သေဆုံးသူသည် သူမ၏ရည်းစားဖြစ်သူမှ လိင်ဆက်ဆံရန် ကြံစည်စဉ်အတွင်း ခုခံခဲ့ပြီးနောက်တွင် အသက်ရှူကြပ်၍ သေဆုံးခဲ့ပြီး အလောင်းကိုဖျောက်ဖျက်ရန် အတွက် မီးရှို့ခဲ့ခြင်း ဖြစ်မည်ဟု စီအိုင်ဒီမှ ဒါရိုက်တာ Datuk Seri Mohd Bakri Zinin က ရှားလမ်းမှ ဒေသခံ ရဲတပ်ဖွဲ့ နှင့်တွေ့ဆုံစဉ် ယမန်နေ့က ပြောကြားခဲ့ပါသည်။

သေဆုံးသူသည် အသက်(၁၉)နှစ်ရှိပြီး သူမ၏အမည်မှာ Nurul Awati Mohamad Shakri ဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့မှလည်း ၎င်းတို့၏စုံစမ်းစစ်ဆေးမှုများကို လာမည့်အပါတ်တွင် လက်ထောက် အစိုးရရှေ့နေသို့ တင်ပြနိုင်ရန် မျှော်လင့်ကြောင်း သိရှိရပါသည်။

တရားခံသည်လည်း အသက်(၁၉)နှစ်အရွယ်ဖြစ်ပြီး UITM နည်းပညာတက္ကသိုလ်တွင် တက်ရောက် နေသော ဒုတိယနှစ် ကျောင်းသားတစ်ဦးဖြစ်ပြီး တက္ကသိုလ်ဝင်းပြင်ပတွင် စက်တင်ဘာလ(၁၃)ရက်နေ့က ဖမ်းဆီးနိုင်ခဲ့သည်။ ထိုသူထံမှ လက်ကိုင်ဖုန်း၊ မိသားစုပိုင် Perodua ကားတစ်စီးနှင့် အခြားသော သက်သေခံ ပစ္စည်းများကို သိမ်းဆည်း ရမိခဲ့ပြီး သူ၏ကားထဲမှ ဆံပင်ချည်များကို ဓါတ်ခွဲခန်းအတွင်း စစ်ဆေးမှုများ ပြုလုပ်နိုင်ရန်အတွက် ပြစ်မှုစစ်ဆေး ရေးဌာနသို့ ပို့စေခဲ့ကြောင်း သိရှိရပါသည်။

ကိုယ်တစ်ပိုင်း အဝတ်မဲ့နေသော သေဆုံးသူအလောင်းကို စက်တင်ဘာလ (၅)ရက်နေ့က Kampung Lembah Jaya Utara ရှိ နယ်မြေခံတစ်ဦးမှ ၎င်းအိမ်နှင့် မီတာအနည်းငယ် အကွာတွင် တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း၊ သေဆုံးပြီး(၄) ရက်အကြာတွင် သူမ၏ ရွှေဆွဲကြိုးနှင့် နားကပ်တို့ကို သူမ တက်ရောက် နေသော Salayang ရှိ Maahad Tahfiz At-Tijarah တွင် ထားရှိခဲ့သည်ကို သူမ၏ ဖခင်မှ မှတ်မိ ခဲ့ကြောင်းနှင့် သေဆုံးသူသည် Setapak တွင် နေထိုင်သူဖြစ်ကြောင်းများကို သိရှိရပါသည်။

ရဲတပ်ဖွဲ့ဝင်များကလည်း သေဆုံးသူအား မီးရှို့ရန်အတွက် တရားခံ ဓါတ်ဆီဝယ်သော အန်ပန်းရှိ ဓါတ်ဆီဆိုင်များကို ဖော်ထုတ်နေကြောင်း၊ ထိုဆီဆိုင်မှတဆင့် ၎င်းလှုပ်ရှားသော ပုံရိပ်များကို မှတ်တမ်း ရရှိမည်ဖြစ်ကြောင်း၊ တရားခံသည် Taman Ukay Perdana, Hulu Klang တွင်နေထိုင်သူ ဖြစ်ကြောင်း သတင်းရရှိခဲ့ပါသည်။

Source : The Malay Mail
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger