ပညာရေးလား ဓါးမြတိုက် ပညာပေးလား ! ! !

Thursday, May 31, 20120 မှတ်ချက်များ

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiI2msaqPvIqx6SKORkZGkErnB9Bf2pTZwwtnB4j1v-2YNTMl1aRQekCj7Smy6K94JT1esTEIPWzKJx7eq2o4Ao5unhaNWIdYDg06IKobOba_goKH5E6S0filw1l9Pfg6w-_M5g_iIEt66N/s400/e1.jpg

မြန်မာ့ ပညာရေး---- အခမဲ့ ပညာရေးလား ဓါးမြတိုက် ပညာပေးလား မေးစရာပါ။ ဇွန်လ ၁ ရက် နီးတော့ မြန်မာပြည်မှာ အခုဆိုရင် သူငယ်တန်းမှ အထက်တန်းအထိ ကျောင်းအပ်နေကြပါသည်။
မေလ ၂၈ ရက်နဲ.မှ မေလ ၃၁ ရက်အထိ ကျောင်းအပ်ရမယ်လို့ ကျာင်းတွေက ကြေညာထားပြီး ကျောင်းသား မိဘတွေ ကလေးငယ်တွေကို ကျောင်းအပ်တဲ့အချိန်ပါ။

ကျောင်းအပ်တဲ့အခါ ဘာမှ ပေးစရာမလိုဘူး အမခဲ့လို. အစိုးရက တရားဝင် ကြေညာထားသော်လည်း တကယ် တန်းမှာတော့ ကျောင်းသားတဦးကို ရှမ်းပြည်နယ် မူဆယ်မြို.မှာ ကလေးတွေကို ကျောင်းအပ်မယ်ဆိုရင် ကျောင်းသားဟောင်းကို ၆၀၀၀ ကျပ် ဆိုပြီး စာအုပ်စာတမ်းနဲ. အလှူငွေဆိုတဲ့ ခေါင်းစဉ်နဲ. အတန်းပိုင်ဆရာတွေက ကျောင်းအုပ်ကြီးတွေနဲ. ပေါင်းပြီး မိဘတွေဆီကနေ ငွေ တောင်းယူနေပါသည်။

မူဆယ်မြို.ရှိ အထက( ၁) မှာ ကျောင်းသား သစ် တဦး ကျောင်းအပ်မယ်ဆိုရင် အလယ်တန်းကျောင်းသား တဦးကို ကျပ်ငွေ ၁၀ ၀၀၀ ( ၁သောင်း) နှုန်း ပေးရပါသည်။

မူဆယ်မြို. ဆေးရုံရှေ.ရှိတဲ့ အထက (၁)ခွဲမှာ ကျောင်းအပ်မယ်ဆိုရင် တချို. အတန်းပိုင်တွေက ကျောင်းသား တဦးကို ကျပ် ၆ထောင် အပြီးအစီးဆိုပြီး မိဘတွေဆီကနေ ငွေယူပါတယ်။ ကျောင်းအုပ်ကြီးကို ၃၀၀၀ ပေးရပြီး ကျန်တဲ့ ၃၀၀၀ ကျပ်ကိုလည်း အတန်းပိုင် ဆရာနဲ.ကျောင်းက တခြားဆရာမတွေက ခွဲဝေယူကြတာပါ။

ကျောင်းအတွက် အလှူငွေ ရံပုံငွေလို. ပြောသော်လည်း တကယ်တမ်းမှာတော့ ကျောင်းအတွက် ဘာမှ မသုံးပဲ ဆရာ ဆရာမတွေပဲ ခွဲယူတာပါ။ ကျောင်းသားသစ် ဆိုရင်တော တပြား ပေးမှ ရပါသည်။

ဒါတောင် အထက (၁)ခွဲက ၆ တန်း အတန်းပိုင် ဆရာမ ဒေါ်စီစီဘောက်မိုင် ဆိုရင် ကျောင်းသား သစ်ရော ကျောင်းသားဟောင်းပါ အပ်မယ်ဆိုရင် ဘယ်နှစ်ပုံးပေးမလဲ( ဘယ်နှစ်သိန်း ပေးမလဲ) ဆိုပြီး ပြောင်ကျကျ တောင်းနေတာ ဖြစ်ပါသည်။

ကျောင်းသားတွေဟာ ကျောင်းအပ်တဲ့အခါ ငွေ ပေးရတဲ့အပြင် အတန်းပိုင် ဆရာ ဆရာမတွေကို တနှစ်စာ ကျူရှင်ခဆိုပြီး ကျောင်းသား တဦးကို ကျပ် ၈ သောင်းနှုန်း အတန်းပိုင် ဆရာ ဆရာမတွေကို ပေးရတဲ့အပြင် Study Guide အတွက် ဆိုပြီး သီးသန်. ထပ်ပေးရပါတယ်။

ဆရာမတွေက ကျောင်းဝင်းထဲမှာ အခန်းတွေ ဖွဲ.ပြီး ကျောင်းသူ ကျောင်းသားတွေကို ဒါကူး ဒါကြိုက်ဆိုပြီး ကျောင်းဝင်းထဲမှာ အခန်းဖွဲ.ပြီး မေးခွန်းတွေကို လေ့ကျင့်ပေးပြီး တရားမ၀င် ငွေရှာနေတာလည်း ဖြစ်ပါသည်။ ဒါကြောင့် ကျောင်းထဲမှာတင် ဆရာမ တွေရှဲ့Study Guide လုပ်တဲ့ အခန်းတွေလဲ ရှိပါသည်။

အခန်းတခန်းမှာ ကျောင်းသား၊ ကျာင်းသူ ၅၀ ရှိတာမို. ကျူရှင်ခအတွက် တနှစ်စာဆိုရင် အတန်းပိုင်ဆရာမှက သိန်း ၄၀ လောက် ရနေတာပါ။ နောက် ကျောင်းအပ်ခနဲ. Study Guide ကြေးပါ ထည့်တွက်မယ်ဆိုရင် အတန်းပိုင်ဆရာမ တဦးအတွက် ဘယ်လောက် ကိုက်သွားမလဲ ၀င်ငွေက။ ။

ဒါကြောင့် တနှစ် တနှစ် ကျောင်းအပ်တဲ့ ရာသီမှာ ဆရာ ဆရာမတွေ အထူးသဖြင့် အတန်းပိုင် ဆရာမတွေဟာ သိန်း ၅၀ ကျော်လောက် ၀င်ပြီး ရွှေတွဲလွဲ လက်ကောက် တချွန်ချွန် ဆွဲကြိုး တ၀င်းဝင်းနဲ. ဖြစ်ကုန်တတ်ပါတယ်။ ဒါကြောင့်လည်း အတန်းပိုင်ဆရာမ ဖြစ်ဖို. ကျောင်းအုပ်ကြီးကိုလည်း ငွေထိုးပြီး နေရာ ရရှိဖို. အချင်းချင်း ဆရာဆရာမတွေ နေရာ လုရတာလည်း အမော်ပါ။

ဒါအပြင် ကျောင်းသားတွေ ကျောင်းထက်လက်မှတ် Transfer Certificate-TC တောင်းမယ်ဆိုရင်လည်း အလယ်တန်း ကျောင်းသားတဦးကို ကျပ် ၁သောင်းခွဲနှုန်း ကျောင်းတွေကို ပေးရပါသည်။ တချို. ရွာက ကျောင်းတွေဆိုရင် ၄ တန်း မအောင်လျင် ကျောင်းထွက် လက်မှတ် မပေးဘူးဆိုပြီး နယ်က ကျောင်းအုပ်တွေကလည်း မိဘတွေကို အနိုင်ကျင့်နေပါသည်။

မူဆယ်မြို.အ၀င် ICTC ဆိုတဲ့ မူကြို ကျောင်းကတော့ အထက (၁)ခွဲက ကျောင်းအုပ်တွေ အတန်းပိုင် ဆရာတွေကို ငွေပေး နားလည်မှု ယူပြီး သူငယ်တန်း ပထမတန်း ကျောင်းသားတွေကို ကျောင်းကို သွားစရာ ကျောင်းမှာ သွား စာသင်စရာ မလိုပဲ ဦးအေး ပိုင်တဲ့ မူကြိုမှာပဲ နှစ်ပေါက် ကျောင်းတက်ပြီး စာမေးပွဲ ဖြေတဲ့ အချိန်မှာပဲ ကျောင်းသားစာရင်းက ကျောင်းမှာ တရားဝင် ထည့်ပေးတာမို. စာမေးပွဲ ဖြေခွင့်ရရှိအောင် ဖန်တီးပြီး ရိုက်စား လုပ်နေတာလည်း ရှိပါသည်။

ဒီတော့ သူငယ်တန်း ၁တန်းကျောင်းသားတွေဟာ ကျောင်းတက်ဆရာ ကျောင်းခေါ်ချိန် မမှီပဲ ပုဂ္ဂလိက မူကြိုဆက်ပြီး စာမေးပွဲ ဖြေဆိုခွင့် ရရှိအောင် ICTC မူကြို ကျောင်းနဲ. အထက(၁)ခွဲက ကျောင်းအုပ်နဲ. အတန်းပိုင် ဆရာမတွေ ပေါင်းပြီး ရိုက်စားတဲ့ အကွက်ပါ..အခုလို မိဘတွေ ကျောင်းသားတွေဆီကို အလှူခံငွေ ရံပုံငွေ ကောက်ရတာဟာ ပညာရေးဌာနက အခြေခံပညာဦးစီးဌာနက အရာရှိတွေ မူဆယ်ကို လာရင် အထူးသဖြင့် လူကြီးတွေဟာ မိသားစုလိုက်နဲ. မူဆယ်ကို လာပြီး အများစုက ရွှေလီကို သွားချင်ပြီး ဈေးဝယ်ချင်တာမို. လူကြီးတွေ ဧည့်ခံစရိတ်တွေ လက်ဆောင်တွေကို ကာမိအောင် မိဘတွေဆီကိုနေ အကူအညီ တောင်းရတာပါလို. ကျောင်းအုပ်ကြီး ဦးဝင်းမြင့်က ဆိုပါသည်။

အခြေခံပညာဦးစီးဌာနက လူကြီးတွေ လာတဲ့အခါ ပုဂ္ဂလိကအဆောင်တွေ ဘော်ဒါဆောင်တွေ ဖွင့်လှစ်ထားတဲ့ Kyaw Family Education Centre မှ ဦးကျော်ကျော်တို. MIEC မှ ဦးဆောင်းဝင်းလတ်တို. ICTC မှ ဦးအေးတို.က ရွှေလီအထိ လိုက်ပြီး လူကြီးတွေ သူတို. မိသားစုတွေ သားမယားတွေ လိုချင်တဲ့ ပစ္စည်းတွေကို လက်ဆောင်အဖြစ် ၀ယ်ပေးရတဲ့အပြင် ကြိုဆို ဧည့်ခံ ကျွေးမွေးရေးကိုပါ တာဝန်ယူပေးရတာလည်း အမော်ပါ။ မူဆယ်ဆိုရင် မြန်မာအစိုးရ လူကြီးတွေကလည်း ဌာနဆိုင်ရာအလှည့်ကျနဲ. ခဏခဏ လာတတ်ပါသည်။

ဒီနှစ်မှာ ၄တန်းနှင့် ၈ တန်းက အစိုးရစစ် စာမေးပွဲ ပြန် ဖြစ်သွားတာမို. မြန်မာ့ ပညာရေးဟာ အစမ်းသပ်ခံ ပညာရေးပဲ ဆက်ဖြစ်နေပြီး အခမဲ့ ပညာရေးလား ဓါးမြတိုက်တဲ့ ပညာပေးလားဆိုတာ မေးစရာပါ။ ရွှေဝယ်ဖို. တနှစ်ကို သိန်း ၄၀ ကျော် ၀င်အောင် ငွေ တောင်းတာမို. ဆရာ ဆရာမတွေဟာ လစာနဲ. စားဝတ်နေရေး မလုံလောက်လို. မပြေလည်လို. မဟုတ်ပဲ စီးပွားရေးလုပ်သလို ဖြစ်နေတာမို. ဒီလုပ်ရပ်တွေဟာ မြန်မာပြည်က ကျောင်းတွေ အထူးသဖြင့် မြို.ပေါ်တွေမှာ ရှိတဲ့ ကျောင်းတွေမှာ ဖြစ်ပွားနေတဲ့ ပညာရေး လာဒ်စားမှု ကင်ဆာရောဂါတခု ဖြစ်ကြောင်း တင်ပြ အသိပေးလိုပါသည်။

by Udp Myanmar

Source by :blog.irrawaddy.org/
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger