ဟိုတယ်သစ် တစ်ခုနှင့် ဟိုတယ် တည်ဆောက်ရန် နေရာ ၄ နေရာအား လျှောက်ထားမှုများ ခွင့်ပြု

Thursday, May 31, 20120 မှတ်ချက်များ

ဟိုတယ်နဲ့ ခရီးသွားလာရေး လုပ်ငန်း ၀န်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ ဟိုတယ် တည်ဆောက်ရန် နေရာ ၄ နေရာနဲ့ ဟိုတယ် လိုင်စင်

တစ်ခုကို ယခု မေလ ၂၆ ရက်နေ့က ၀န်ကြီး ဌာနမှာ ကျင်းပခဲ့တဲ့ ဟိုတယ်နဲ့ ခရီးသွားလာရေး လုပ်ငန်း ၀န်ကြီးဌာနရဲ့ စီမံခန့်ခွဲမှု ကော်မတီ ဆုံးဖြတ်ချက် အရ ချထားပေး ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ချထားပေး မူဟာ ဟိုတယ် လိုင်စင်ကို တာချီလိတ် မြို့ရှိ မကာဟိုခန်း ရပ်ကွက် မြို့ကွက်သစ် အပိုင်း (င) မေဖလားဝါး အိမ်ရာမှာ Las Vegas Hotel ကို ဟိုတယ် လုပ်ငန်း လိုင်စင် ဟ အဖြစ် ချထားပေး ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ဟိုတယ်ဟာ RC နှစ်ထပ် အဆောက်အဦး ၂ လုံးပါ ဟိုတယ်ဖြစ်ပြီး စုစုပေါင်း အခန်း ၂၂ ခန်း ပါရှိမှာ ဖြစ်ပါတယ်။ ဟိုတယ် ဆောက်လုပ်ခွင့်ပြု ခြင်းမှာတော့ ရန်ကုန်မြို့ ကြည့်မြင်တိုင် မြို့နယ် ဆေးရိုးတန်း ရပ်ကွက် ကမ်းနားလမ်း အမှတ် ၅၅၈၊၅၆၀ မှာ RC ရှစ်ထပ် အဆောက်အဦး စုစုပေါင်း ၄၈ ခန်းပါ Hotel Royal King အဖြစ် လည်းကောင်း၊ ကမာရွတ် မြို့နယ် န၀ရတ်လမ်း၊ အောင်မြေသာစည် အိမ်ရာ အမှတ် ၂၄ မှာ အာစီ ရှစ်ထပ် အဆောက်အဦး အခန်း ၄၈ ခန်း ပါ ဟိုတယ် ဆောက်လုပ် ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် မန္တလေးမြို့၊ ချမ်းမြေ့သာစည် မြို့နယ်၊ မြို့သစ် အမှတ် ၁ ရပ်ကွက်၊ အမှတ် ၁-င မှာလည်း အာစီ ၈ ထပ် အဆောက်အဦး ရှိတဲ့ မေသူ ဟိုတယ်ကို ဆောက်လုပ် ခွင့်ပြုပြီး အဆိုပါ ဟိုတယ် မှာတော့ စုစုပေါင်း အခန်း ၉၈ ခန်း ပါရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဆက်လက်ပြီး ပုသိမ်မြို့နယ် ရွှေသောင်ယံ မြို့နယ်ခွဲ၊ အမှတ် ၃ ရပ်ကွက် မကျီးကြေးတိုင်ပြင်ကွင်း မှာလည်း ဘန်ဂလို အခန်း ၃၀ ၊ အီကိုနော်မီ အခန်း ၁၂ ခန်း ပါဝင်တဲ့ ဟိုတယ်ကို ဆောက်လုပ် ခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံရဲ့ ပြောင်းလဲမှုတွေ အရ မြန်မာနိုင်ငံကို ပြည်ပ ခရီးသွားများ ၀င်ရောက်မှုဟာ များပြားလာပြီး ဟိုတယ် လိုအပ်ချက်များ ရှိတဲ့အတွက် ၀န်ကြီး ဌာနဟာ ဟိုတယ်များ ဆောက်လုပ် ဖို့အတွက် ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင် များကို ဖိတ်ခေါ်နေ လျက်ရှိသလို လိုအပ်တဲ့ ကူညီ ပံ့ပိုးပေး မှုများလည်း ရှိတယ်လို့ သိရပါတယ်။

Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger