သံရုံးအချို့ နေပြည်တော် ပြောင်းမည်

Thursday, May 3, 20120 မှတ်ချက်များ

ရန်ကုန်မြို့ ရှိ ဗြိတိန်သံရုံး(ဓါတ်ပုံ-Google Images)
ရန်ကုန်၊ မေ ၂မြန်မာနိုင်ငံ၏ မြို့တော်ဟောင်း ရန်ကုန် မြို့တော်တွင် ဖွင့်လှစ်ထားသော သံလွင်လမ်းပေါ်ရှိ ဘင်္ဂလားဒေ့ရှ် သံရုံးနှင့် ဗြိတိန်နိုင်ငံ သံတမန်ရေးရာ ညှိနှိုင်း ဆောင်ရွက်ရေးရုံး အပါဝင် သံရုံးအခိျု့သည် မကြာမီ နေပြည်တော်သို့ ပြောင်းရွှေ့ ဖွင့်လှစ်ရန် စီစဉ်လျက် ရှိကြောင်း ဘင်္ဂလားဒေ့ရှ် သံရုံးမှ ဒုတိယ အတွင်းဝန်က မေလ ၂ ရက်နေ့တွင် The Voice Weekly သို့ ပြောကြားသည်။

သံရုံး အများစုမှာ နေပြည်တော်သို့ ပြောင်းရွှေ့ ဖွင့်လှစ်မည် ဖြစ်ပြီး ၄င်းတို့ သံရုံးအတွက် မြေနေရာ ရှိထားပြီး ဖြစ်ကာ လာမည့်နှစ်တွင် အဆောက်အဦး စတင် ဆောက်လုပ်ပြီးလျှင် ရုံးချုပ်အဖြစ် ပြောင်းရွှေ့ ဖွင့်လှစ်မည် ဖြစ်ကြောင်း၊ အချိန် အတိအကျကိုမူ မသိရသေးကြောင်း ၄င်းက ပြောကြားသည်။

ထို့အတူ ဗြိတိန် နိုင်ငံကလည်း မြန်မာနိုင်ငံသို့ လာရောက်၍ နေပြည်တော်တွင် ညှိနှိုင်းရေးရုံး ဖွင့်လှစ်နိုင်ရန် အတွက် မြန်မာအစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လျှက် ရှိကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ ဗြိတိန်သံရုံးမှ ဒုတိယ အတွင်းဝန် Mr. Joe fisher က ပြောကြားသည်။

သံတမန်ရေးရာ ညှိနှိုင်း ဆောင်ရွက်မှု ကိစ္စများကို ဆောင်ရွက်နိုင်မည့် ယင်းရုံးသစ်ကို နေပြည်တော်တွင် ဖွင့်လှစ်နိုင်ရန် စီစဉ်လျှက် ရှိပြီး ယင်းရုံး ဖွင့်လှစ်ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ မြန်မာအစိုးရ၊ လွှတ်တော်တို့နှင့် ထိတွေ့ ဆက်ဆံနိုင်ရန် ဖြစ်ကြောင်း ၄င်းက ဆိုသည်။

ရန်ကုန်မြို့တွင် ဥရောပသမဂ္ဂရုံးကို ဧပြီလ ၁ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး အခြား သံရုံးပေါင်း ၇ဝ ကျော် တရားဝင် ရုံးစိုက်လျက် ရှိသည်။

ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်အတွင်း အရှေတီမော နိုင်ငံခြားရေး ဝန်ကြီးက နေပြည်တော်တွင် သံရုံး ဖွင့်လှစ်ရန် ရှိကြောင်း The Voice Weekly သို့ပြောကြားခဲ့သည်။

The Voice Weekly
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger