ဆင်ဆာ ဖြတ်တောက်မှု မြန်မာနိုင်ငံ နံပါတ် ၇ နေရာမှာရှိနေ

Thursday, May 3, 20120 မှတ်ချက်များ

စာနယ်ဇင်း လွတ်လပ်မှု အဆိုးဝါးဆုံးထိပ်ပိုင်း ၁၀ နိုင်ငံစာရင်း ထဲမှာ မြန်မာနိုင်ငံဟာ နံပါတ် ၇ နေရာမှာ ရှိနေကြောင်း အမေရိကန်နိုင်ငံ နယူးရောက်မြို့ အခြေစိုက် CPJ စာနယ်ဇင်း သမားများ ကာကွယ်ရေး ကော်မီတီက ထုတ်ပြန်တဲ့အစီရင်ခံစာ က ဖေါ်ပြလိုက် ပါတယ်။

သတင်းမီဒီယာ နဲ့ စာနယ်ဇင်း လွတ်လပ်မှု အနည်းဆုံး လေး နိုင်ငံကတော့ Eriteria (အီရစ်တြီးယား)၊ မြောက်ကိုရီးယား၊ ဆီးရီးယား နဲ့ အီရန်နိုင်ငံတို့ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ အရင်တုန်းက CPJ အဖွဲ့က ထုတ်ပြန်တဲ့ စာရင်းမှာ နံပါတ် ၂ နေရာမှာ ရှိနေခဲ့ရာက အခုဆိုရင် နံပါတ် ၇ နေရာ မှာ ရောက်နေပြီဖြစ်တဲ့ အတွက် သတင်း မီဒီယာ စာနယ်ဇင်း နဲ့ ပတ်သက်ပြီး အစိုးရရဲ့ ထိမ်းချုပ်မှု လျော့နည်းလာတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ ရုပ်သံ သတင်းမီဒီယာတွေကို အစိုးရက တင်းတင်းကြပ်ကြပ် ချုပ်ကိုင်ထားဆဲ ဖြစ်သလို၊ ပုံနှိပ်မီဒီယာတွေ ဖြစ်တဲ့ ဂျာနယ်တွေကိုလည်း တစ်ပတ်တစ်ခါသာ ခွင့်ပြုထားပြီး နေ့စဉ် ထုတ်ဝေခွင့် မပြုသေး ဘူးလို့ CPJ အစီရင်ခံစာက ဖေါ်ပြပါတယ်။

မြန်မာအစိုးရ နဲ့ စစ်တပ်ကို တိုက်ရိုက်ထိခိုက်နိုင်မယ့် သတင်းမျိုးကိုလည်း အစိုးရဆင်ဆာဘုတ် အဖွဲ့က ပုံနှိပ်ထုတ်ဝေခွင့် တားမြစ်ထားဆဲဖြစ်တဲ့ အပြင် ကချင်ပြည်နယ်က စစ်ပွဲတွေအကြောင်းကို လည်း လုံးဝ ဖေါ်ပြခွင့်မပြုသေး ဘူးလို့ ဆိုပါတယ်။ နိုင်ငံခြားသတင်းဌာနမှာ တာဝန်ထမ်းဆောင် နေကြတဲ့ မြန်မာသတင်းထောက်တွေဟာ အစိုးရရဲ့ စောင့်ကြည့်မှုအောက်မှာ အမြဲရှိနေသေးသလို နိုင်ငံတကာ သတင်းဌာနတွေကိုလည်း အစိုးရက စီစဉ်တဲ့ပွဲမျိုးတွေကိုသာ ပြသဖို့ ခွင့်ပြုလေ့ရှိတယ်လို့ ဆိုပါတယ်။
RFA-Burmese

(ဓါတ်ပုံကို Committee to Protect Journalists အင်တာနက် စာမျက်နှာရှိ အစီရင်ခံစာက ရရှိ)
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger