ခရစ်ယာန် သုသာန် မပြောင်းရွှေ့ ဖို့ ဆန္ဒဖော်ထုတ်ပွဲ

Thursday, May 3, 20120 မှတ်ချက်များ

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မြို့နယ်စည်ပင်သာယာက ခရစ်ယာန် ဘာသာဝင်အများစုရဲ့ ရုပ်ကြွင်းတွေကိုမြေမြုပ်နှံတဲ့ စံသာသုသာန်ကို ဒိုးဝိုင်းချောင်း သုသာန်တည်ရှိရာကို တလအတွင်း ပြောင်းရွှေရရမယ်လို့ ဧပြီလဆန်းက ကြေညာချက်ထုတ်ခဲ့ပါတယ်၊ ဒါကြောင့် စံသာသုသာန်မှာရှိတဲ့ အထိမ်းအမှတ်အုတ်ဂူတွေကို ပြောင်းရွှေ့ခြင်း မပြုဖို့အတွက် ခရစ်ယာန် ဘာသာဝင် တွေက ဒီကနေ့မနက် (၇) နာရီမှာ ဆန္ဒဖော်ထုတ်ပွဲ
ပြုလုပ်ခဲ့ပါ တယ်၊

ဒီပွဲကို ခရစ်ယာန် ဘာသာရေးခေါင်းဆောင်များ ဘုန်းကြီးများပါဝင်တဲ့ အသင်းတော်(၃၀)က ဦးဆောင်ပြီး လူဦးရေ(၁၀၀၀)ခန့် ပါဝင်ခဲ့တာဖြစ်ပါတယ်၊ ရပ်မိရပ်ဖတဦးဖြစ်တဲ့ ဦးဗုန်းဇနမ်းက အခုလိုပြောပါတယ်။

“ကျနော်တို့ ခရစ်ယာန်ဘုန်းကြီးတွေနဲ့ ဆန္ဒထုတ်ဖော်တာပါ ဘိုးစဉ်ဘောင်ဆက်ကတည်းက ကျနော်တို့က ဒီကလေးမြို့မှာ ၁၅ နှစ်ပတ်ဝန်းကျင်လောက်ကနေ အခုထိက ၃ကြိမ်တိုင်တိုင် ပြောင်းရွေ့ ခိုင်းပြီးတော့ ခဏခဏပြောင်းတဲ့အခါကြတော့ တိုင်းရင်းသားရိုးရာ အရ လုံးဝမလွယ်။ နောက်ပြီးတော့မှ ကျနော်တို့ ခရစ်ယာန်ဘာသာအရလည်း ခဏခဏပြောင်းရွှေ့ဖို့ရာ အုတ်ဂူလုပ်တာ မဟုတ်ပါဘူး။ နောက်ပြီးတော့မှလည်း အဲဒီစည်ပင်နဲ့ ခဏခဏ အဲဒီလိုဖြစ်နေတဲ့အခါကြတော့ အင်မတန်မှ ဆင်းရဲနွမ်းပါးမှု ပေါ့ဆမူ ကျနော်တို့ဒီ မူနဲ့မကိုက်ဘူးလို့ ယူဆပါတယ်”

ကလေးမြို့ စည်ပင်သာယာက အဆိုပါစံသာသုသာန်က အုတ်ဂူနဲ့ အထိမ်းအမှတ်များကို ဒိုးဝိုင်းချောင်း သုသာန်ဆီကို တလအတွင်းပြောင်းရွှေ့ရမယ် လို့ မတ်လ(၃)ရက်နေ့က ကြေညာခဲ့ပါတယ်၊ ဒါပေမယ့် အဆိုပါသုသာန်အသစ်ကို ပြောင်းရွှေ့ရမယ်ဆိုရင် အုတ်ဂူမြေနေရာအတွက် ငွေပေးဝယ်ယူရခြင်း၊ စံသာသုသာန်မှာ မကြာမှီကမှ မြေမြုပ်ထားတဲ့ ရုပ်ကြွင်းများ ဆက်လက်ရှိနေခြင်း၊ အထိမ်းအမှတ် အုတ်ဂူပေါင်း (၁၀၀၀၀)ကျော်ကို စံသာသုသာန်မှာ
မြုပ်နှံထားခြင်း စတာတွေကြောင့် သူတို့တွေအနေနဲ့ ဒီသုသာန်ကို အဖျက်ဆီးမခံနိုင်တာပါလို့ ဆန္ဒထုတ်ဖော်သူတွေက
ပြောပါတယ်၊ ဦးဗုမ်းဇနန်းကတော့-

“ကျနော်တို့က နောင်လာနောက်သားများလည်း ကျနော်တို့ရဲ့
အဘိုးအဘွားတွေ ကြည့်လို့ရအောင်ဆိုပြီးတော့ ကျနော်တို့က
အုတ်ပတ်ကားနဲ့ လုပ်ထားတာတွေကြတော့ ကျနော်တို့က ဖျက်ဆီးဖို့က လွယ်လဲမလွယ်ဘူး။ နောက်ပြီးတော့ ကုန်ကျစရိတ်လည်း မခံနိုင်တော့ဘူး”

၁၉၉၄ ခုနှစ်က ယခင်က ပင်လုံသုသာန်ဟောင်းကို ထောက်လှမ်းရေး
တပ်ခွဲရုံး မြေနေရာအတွက် ပေးခဲ့ရပြီး ယခုရှိနေတဲ့ စံသာသုသာန်ကို
ပြောင်းရွှေ့ခဲ့ရတာဖြစ်ပါတယ်၊

အဲဒီအချိန်ကလည်း ပင်လုံသုသာန်မှာ ကျွင်းကျန်ရစ်တဲ့ အုတ်ဂူတွေကို ဘူဒိုဇာတွေနဲ့ ထိုးကော်ဖျက်ဆီးခဲ့ပါတယ်။ အခုစံသာသုသာန်ကို ဖျက်ဆီးမှာ မလိုလားကြောင်း ဒါကြောင့် စည်ပင်သာယာအမိန့်ကို ပြင်ဆင်ပေးဖို့ ဧပြီလ(၂၇)ရက်နေ့က ကလေးမြို့က အသင်းတော်ပေါင်း (၂၈)ပါးနဲ့ လူဦးရေ ၂သောင်းခန့် လက်မှတ်ထိုးပြီး စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်ဆီလည်း စာတင်ခဲ့သေးပေမယ့် အခုထိတော့ အကြောင်းမပြန် သေးဘူးလို့ ဦးဗုမ်းဇနမ်းက ပြောဆိုပါတယ်။
RFA-Burmese
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger