ဂျပန်ဘဏ္ဍာရေးဝန်ကြီးနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ ဖွံ့ဖြိုးရေးအဖွဲ့ OECD မှ အကြီးအကဲတို့ဟာ ဂျပန်နိုင်ငံရဲ့ ဘဏ္ဍာရေး
လိုငွေပြမှုကို လျှော့ချဖို့ သဘော တူညီခဲ့ ကြတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့က ဂျပန် ဘဏ္ဍာရေး ၀န်ကြီး Jun Azumi နဲ့ OECD အထွေထွေ အတွင်းရေးမှူး Angel Gurria တို့ ဟာ တိုကျိုမြို့ မှာ တွေ့ဆုံဆွေးနွေးစဉ် မှာ ဒီ သဘော တူညီမှုကို ရရှိခဲ့တာဖြစ်ပါတယ်။
ဂျပန်နိုင်ငံရဲ့ ၂၀၁၅ခုနှစ်အတွက် ချမှတ်ထားတဲ့ မူဝါဒအရ အခွန်သုံးစွဲမှု ပမာဏဟာ ၅ရာခိုင်နှုန်းမှ ၁၀ရာခိုင်နှုန်းထိ မြင့်တက်လာမှုအပေါ် OECD အထွေထွေ အတွင်းေ ရးမှူးက ထောက်ခံပေးခဲ့ပြီးနိုင်ငံရဲ့ကြွေးမြီပြဿနာကို ဖြေရှင်းဖို့အတွက် ဘဏ္ဍာရေး စီမံကိန်းတွေကိုလည်း ပြန်လည်ရေးဆွဲဖို့ တိုက်တွန်းခဲ့ပါတယ်။ အခုလက်ရှိ မှာေ တာ့ ဂျပန်ရဲ့ ဘဏ္ဍာရေး အခြေအနေဟာ စက်မှုဖွံ့ဖြိုးပြီး နိုင်ငံတွေကြား အဆိုးရွားဆုံး ဖြစ်နေပါတယ်။
ဂျပန်အစိုးရ အနေနဲ့ ပြီးခဲ့တဲ့နှစ်က ဆူနာမီနဲ့ မြေငလျင်ကြောင့် ပျက်စီးသွားခဲ့ရတဲ့ ဒေသတွေ အတွက် ထောက်ပံ့ရာမှာ ဘဏ္ဍာရေး အခြေအနေ ပြန်လည် ကောင်းမွန်ေ စဖို့အတွက် ၀င်ငွေတိုးအောင် ဆောင်ရွက်သွားမှာ ဖြစ်သလို အခွန်နှုန်းထားတွေကိုလည်း တိုးမြှင့်ကောက်ခံသွားမှာ ဖြစ်ပါတယ်။ OECD မှ ဂျပန်နိုင်ငံရဲ့ မူဝါဒရေးရာနဲ့ ဆက်စပ်နေတဲ့ စီမံကိန်းထောက်ပံ့ရေး အစီအစဉ်တွေ ဆက်လက် လုပ်ဆောင်ဖို့အတွက် ယခုလက်ရှိကြွေးမြီ ပြဿနာတွေကို ဂရုမထားဘဲ ဆက်လက် လုပ်ဆောင်ဖို့နဲ့ ဘဏ္ဍာငွေ တိုးတက်လာစေဖို့အတွက် အခွန်တိုးမြှင့် ကောက်ခံဖို့ တိုက်တွန်း ပြောကြားခဲ့ကြောင်း သိရှိရပါတယ်။
Reference : NHK.com
Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။