နှစ်ပေါင်းများစွာ ကြာအောင် မဟာမိတ်များနှင့် ကြိုးစားခဲ့ အပြီးတွင် အီရန်တို့ အနေဖြင့် နှုကလိယ လက်နက် ထုတ်လုပ်ရေးကို လုပ်ဆောင်လိမ့်မည်
မဟုတ်ဟု အစ္စရေး စစ်ဦးစီးချုပ် ဖြစ်သူ ဒုတိယ ဗိုလ်ချုပ်ကြီး Benny Gantz မှ ပြောကြားလိုက်ပြီ ဖြစ်သည်။ှဗုဒ္ဓဟူးနေ့က ထုတ်သည့် အစ္စရေး နေ့စဉ် သတင်းစာ ဖြစ်သော Ha’aretz တွင် ဖော်ပြရာ၌ အီရန်၏ ခေါင်းဆောင်မှုမှာ အလွန်ပင် ဆင်ခြင်တုံ တရားရှိသည်ကို ပြသနေကြောင်းနှင့် ယင်းသို့သော ဆုံးဖြတ်ချက်ကို ပြုလုပ်လိမ့်မည် မဟုတ်ကြောင်း Gantz မှ ပြောကြား သွားခဲ့သည်။
ယခုလို ပြောကြားမှုကြောင့် အမေရိကန်ရှိ အထူး လျှို့ဝှက် စုံစမ်း ထောက်လှမ်းရေး အေဂျင်စီ ၁၆ ခု၏ အတည်ပြုချက် ဖြစ်သည့် တီဟီရန်တွင် နှုကလိယ လက်နက် လုပ်ဆောင်ခြင်း မရှိဆိုသည့် ထုတ်ပြန်ချက်ကို ပဲ့တင် ထပ်စေခြင်းပင် ဖြစ်သည်ဟုလည်း presstv သတင်းတွင် ဖော်ပြခဲ့သည်။ အဆိုပါ အစီရင်ခံစာကို လော့စ်အိန်ဂျယ်လိ တိုင်းသတင်းတွင် ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ဖော်ပြခဲ့ခြင်း ဖြစ်ပြီး အမေရိကန် ဥပဒေပြုသူများ လက်ထဲသို့ လွန်ခဲ့သည့် နှစ် အစောပိုင်းကပင် ပေးဝေခဲ့ ပြီး ဖြစ်ကြောင်း လည်း သိရသည်။
နိုင်ငံတကာ အက်တမ် စွမ်းအင် အေဂျင်စီ International Atomic Energy Agency (IAEA) ၏ စစ်ဆေးမှု အရလည်း အီရန် နိုင်ငံ အနေဖြင့် မြို့ပြ လူနေမှု အတွက်သာ နှုကလိယ စွမ်းအင် သုံးစွဲမှု ပြုခဲ့ခြင်းဖြစ်ပြီး ယင်းမှတစ်ဆင့် ခွဲထွက်ကာ လက်နက် လုပ်ဆောင်သည့် သဲလွန်စများလည်း မတွေ့ခဲ့ရပေ။ ယခုလို Gantz ၏ မှတ်ချက်မှာ P5+1 ခေါ် အီရန်နှင့် အမေရိကန် ၊ ရုရှား ၊ ပြင်သစ် ၊ တရုတ် ၊ ဗြိတိန် နှင့် ဂျာမနီတို့ ပါဝင်သည့် ဆွေးနွေးပွဲ အတွင်း ထွက်ပေါ်လာခဲ့ခြင်းလည်း ဖြစ်သည်။
source : presstv.ir
Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။