PlayStation Vita လက်ကိုင် ဂိမ်းစက်တွင် Skype အသုံးပြုနိုင်ပြီ

Thursday, April 26, 20120 မှတ်ချက်များ

အင်တာနက် ဆက်သွယ်ရေး ဆိုက်တစ်ခု ဖြစ်သည့် Skype မှာ ၎င်း၏ ဗွီဒီယိုနှင့် အသံ ခေါ်ဆိုမှုများ အား Sony ၏ လက်ကိုင် ဂိမ်းစက်တစ်ခု ဖြစ်သည့်

PlayStation Vita ဂိမ်းစက်တွင် အသုံးပြုနိုင်ရန် ပြုလုပ်လိုက်ပြီ ဖြစ်ကာ ယင်းသို့သော် လုပ်ဆောင်ချက်ကို အမေရိကန် ပြည်ထောင်စုရှိ စတိုးဆိုင်များ တွင် အင်္ဂါနေ့က စတင် ပြသခဲ့ပြီး ဥရောပနှင့် အာရှတို့တွင် ဗုဒ္ဓဟူးနေ့မှ စတင်ကာ ဒေါင်းလုပ်ဆွဲ ရယူနိုင်မည် ဖြစ်သည်။

ယခုလို ဝန်ဆောင်မှု အသစ်အရ Skype အသုံးပြုသူများ အကြား ဗွီဒီယို ခေါ်ဆိုမှု ပြုလုပ်နိုင်သည့် စက်များ အတွင်းတွင် အခမဲ့ အသုံးပြုနိုင်မည် ဖြစ်ကာ မျက်နှာပြင်နှင့် နောက်ကျောဘက် နှစ်ခုလုံးတွင် ကင်မရာ တပ်ဆင်ထားသည့် PS Vita ဂိမ်းစက်များတွင် အသုံးပြုနိုင်မည် ဖြစ်သည်။ ထို့အပြင် အခြားသော ခေါ်ဆိုမှုများ အတွက်လည်း အနည်းငယ်သာ အခကြေးငွေ ကောက်ခံထားကြောင်း သိရသည်။

Sony ကုမ္ပဏီထုတ် လက်ကိုင် ဂိမ်းစက်များမှာ လွန်ခဲ့သည့် ဖေဖော်ဝါရီလက ကမ္ဘာ့ ဈေးကွက်သို့ ပျံ့နှံ့ခဲ့ကာ စမတ် ဖုန်းများတွင် ကစားနိုင်ရန်လည်း ပြုလုပ်ပေးခဲသည်။ Wi -Fi အင်တာနက်နှင့် ချိတ်ဆက်ထားသည့် Sony ဂိမ်းစက်မှာ အမေရိကန် ပြည်ထောင်စုတွင် ဒေါ်လာ ၂၅၀ သာ ကျသင့်ပြီး 3G ကွန်ရက်ကို ရယူပါက ဒေါ်လာ ၃၀၀ သာ ကျသင့်ကြောင်းလည်း သိရသည်။

source :channelnewsasia

Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger