ချိုးဖောက်ခဲ့ခြင်း မရှိကြောင်း ဆုံးဖြတ်ခြင်း ခံခဲ့ ရပြီးနောက် အပြစ်မှ လွတ်လပ်သွားပြီ ဖြစ်သည်။ Ozawa မှာ ၎င်း၏ ပါတီ အတွင်းရှိ နိုင်ငံရေး ရန်ပုံငွေများထဲမှ ယန်း သန်း ၄၀၀ အမေရိကန် ဒေါ်လာ ၅ သန်းကို နိုင်ငံရေး ရန်ပုံငွေ အစီရင်ခံစာတွင် လိမ်လည် တင်ခဲ့ပြီးနောက် တိုကျိုတွင် မြေယာ ဝယ်ယူခဲ့မှုတွင် ပါဝင် ပတ်သက်ခဲ့သည် ဆိုသည့် စွဲချက်ဖြင့် တရား ရင်ဆိုင်ခဲ့ရခြင်း ဖြစ်ကာ ယခုလို အပြစ်မရှိကြောင်း ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ယခုလို စစ်ဆေးရာတွင် Ozawa အနေဖြင့် ၎င်း၏ လက်ထောက်များမှ အဆိုပါ ရန်ပုံငွေ မှတ်တမ်းများကို လိမ်လည် ရေးသားထားသည်ကို ၎င်းအနေဖြင့် သိလျက်နှင့် ထောက်ခံပေးခဲ့ခြင်း ဟုတ် ၊ မဟုတ်ကို အဓိကထား စစ်ဆေးခဲ့ခြင်း ဖြစ်သည်။ ယခုလို စွဲချက်နှင့် ပတ်သက်ပြီး အစိုးရ ရှေ့နေများမှ ၎င်းအား ထောင်ဒဏ် ၃ နှစ် ချမှတ်ပေးရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
Ozawa မှာ အပြစ်မရှိကြောင်း ချေပခဲ့ပြီး မှားယွင်းသည့် အစီရင်ခံစာနှင့် ပတ်သက်ပြီး ၎င်းအနေဖြင့် အတည်ပြုချက် ပေးခဲ့ခြင်း မရှိကြောင်းလည်း ပြောကြား သွားခဲ့သည်။ ယခု အမှုကို တိုကျိုခရိုင် တရားရုံးမှ တရားသူကြီး ဖြစ်သူ Fumio Daizen မှ အပြစ်မရှိ ကြောင်း ဆုံးဖြတ်ချက် ချပေးခဲ့ခြင်း ဖြစ်သည်။
source : NHK news
Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။